မောင့်​ကို ​သေ​စေညွှန်း​ရော့သလား

in #myanmar6 years ago

ဆရာဝန်​၏​ဆေးခန်းသို့ ​နေထိုင်​မ​ကောင်းဖြစ်ေ​သော ​ယောက်​ကျားကြီးတစ်​​ယောက်​ မိန်းမနှင့်​ အတူ​ရောက်​လာသည်​။ လူနာကို စမ်းသပ်​စစ်​​ဆေးပြီး​နောက်​ သီးသန့်​​ဆွေး​နွေးလို၍ ဟုဆိုကာ အခန်းထဲ ​ခေတ္တခဏ ​နေရစ်​ခဲ့ပါရန်​ ဆရာဝန်​က လူနာ၏ဇနီးသည်​ကို ​မေတ္တာ ရပ်​သည်​။ လူနာ​ယောက်​ကျား နားလည်​မှုရှိစွာဖြင့်​ အခန်းအပြင်​သို့ ထွက်​သွားသည်​။
နှစ်​​ယောက်​တည်းကျန်​​သောအခါ ဆရာဝန်​က အမျိုးသမီးကို​ပြောသည်​။
" ခင်​ဗျာ​ယောက်ျား...စိတ်​​ရောကိုယ်​ပါ ပင်​ပန်း​နေတာ​ကြောင့်​ အအိပ်​ပျက်​အစားပျက်​ပြီး အခုလို တစ်​​နေ့တစ်​ခြား ပိန်​ချုံးလာတာ​ဗျ၊ အဲဒီ​တော့...သူလုပ်​ချင်​ ဖြစ်​​စေချင်​တာမှန်​သမျှကို ဖြည့်​ဆည်း​ပေးပါ ၊ ဥပမာ သူအလုပ်​မလုပ်​ချင်​ဘူးဆိုရင်​ မလုပ်​ပါ​စေနဲ့ ၊ အိမ်​မှာပဲထိုင်​​နေပါ​စေ ၊ နံနက်​စာကို...အိပ်​ရာထဲယူလာခဲ့လို့ သူ အမိန့်​​ပေးရင်​ မငြိုမငြင်​ယူလာ​ပေးပါ ။ မိတ်​​ဆွေအ​ပေါင်းအသင်း​တွေနဲ့ အပြင်​ကိုထွက်​ချင်​တယ်​ဆိုလည်း မတားပါနဲ့ "
"နို့မဟုတ်​ရင်​ ဘာဖြစ်​မလဲ "
" သူမကြာခင်​.....​သေပါလိမ့်​မယ်​ "
မိန်းမဖြစ်​သူ အပြင်​သို့ထွက်​လာ​သောအခါ ​ယောက်ျားကလှမ်း​မေးသည်​ ။
" မင်းကိုဆရာဝန်​ကဘာ​ပြောလိုက်​သလဲကွ"
" ရှင်​.....မကြာခင်​​သေမယ်​တဲ့ "