ပုစွန်​လုံး ​​ကျောရိုးလမ်း

in #myanmar6 years ago (edited)

ပုစွန်​လုံး ​ကျောရိုးလမ်း

ဘာရယ်​မဟုတ်​ အပျင်း​ပြေ​လေး တစ်​ခုတင်​လိုက်​မယ်​​နော်​.....

တစ်​ခါက ဘုန်း​တော်​ကြီးတစ်​ပါးဟာ ဝက်​လက်​ကို နွားလှည်းနဲ့ ပြန်​အလာမှာ ချီပါရွာသားတစ်​​ယောက်​က လှည်းကြုံနဲ့လိုက်​ခွင့်​​တောင်းလို့ လှည်း​ပေါ်တင်​လာခဲ့ပါတယ်​။
လှည်းဟာ လမ်း​ကွေ့တစ်​ခုကို ​ရောက်​လာခဲ့တယ်​။ ဖွတ်​ကြီးတစ်​​ကောင်​ဟာ လှည်း​ရှေ့က ဖြတ်​​ပြေးပြီး လမ်းတစ်​ဖက်​​ဘေးက ရပ်​တန့်​​ငေး​မော​နေတုန်း လှည်း​ပေါ်မှာပါတဲ့ ဘုန်း​တော်​ကြီး ဟာ ဖွတ်​ကြီးရဲ့ ကြီးမားရှည်​လျားတဲ့ ကိုယ်​ကြီးကိုကြည့်​ပြီး တအံ့တသြ​ပြောပါသတဲ့။
" အင်း.... တွင်း​အောင်း သတ္တဝါမှန်​သမျှတယ်​ပြီး ​ကျောရိုးရှည်​ပါကလား..."
ဒါကို လှည်း​ပေါ်မှာလိုက်​ပါလာတဲ့ ချီပါရွာသားက ဝင်​​ပြောလိုက်​ပုံက.....
" တွင်း​အောင်းသတ္တဝါတိုင်း ​ကျောရိုးရှည်​ရရင်​ ဘုရား ၊ ပုစွန်​လုံး ရဲ့ ​ကျောရိုးကို မီးရထားလမ်း လုပ်​ဖို့ပဲရှိ​တော့တာ​ပေါ့..." တဲ့ ။