မှတ်မှတ်ရရ အမှတ်တရတွေက သူနဲ့ပတ်သက်လေသမျှ ကိုယ့်ဘဝမှာ ပထမဆုံးအဖြစ်အပျက်တွေက များလှပါတယ် ……
မေ့ဘို့ကြိုးစားခဲ့လို့  မေ့ခဲ့လဲ တိုက်ဆိုင်မှုတွေကြုံလာရတိုင်းမှာတော့ အလိုလို သတိရ အလိုလိုလွမ်းမိနေတာ ဘာမှမတတ်နိုင်ဘူးလေ ……
ချစ်နေရာမှ မုန်းလို့ ခွဲခွာရခြင်းထက်
ချစ်နေလျက်နဲ့ မဖြစ်နိုင်ကြလို့ ခွဲရခြင်းက ပိုခံစားရတယ်ဆိုတာ လူတိုင်းမသိနိုင်သော်လဲ ခံစားဘူးမှသိကြမှာပါ ……
တခါတခါ တဆင့်စကားနဲ့ သူများသိလေမလားဆိုတဲ့ သူစိတ်ဆင်းရဲမှာ မလိုလားစေဘဲ ကိုယ်အဆင်မပြေတာကို အဆင်ပြေသလိုနေခဲ့ရသည် ……
ဒီလိုနဲ့ဘဲ ကိုယ့်တယောက်ထဲ ဒိုင်ယာရီကိုအဖော်လုပ် only me တွေရင်ဖွင့် တဝကြီးငိုခဲ့ရသည်က များခဲ့လို့  နေသားတကျရှိနေခဲ့ပြီ ထင်ပါရဲ့ ……
အပြုံးနဲ့နှုတ်ဆက် အများတကာရှေ့ ဟန်တွေ မာန်တွေသိပ်ပြတတ်တဲ့ ကျမကို ဒိုင်ယာရီလေးက ဟားတိုက်ရီ နေပြီ …

photo credit # facebook
MSC 021
စပ်မိစပ်ရာ ဟုတ်ပါဘူးဟ Feeling အပိုင်းထဲ ထည့်ရမှ 😝😝😝
ဖီလင်တေထပ်နေပီလေ ခိခိ
အော် ဒိုင်ယာရီလေးတောင် ရီနေရပီ။ တစ်ကိုယ်တော် ဘ၀က သိပ်ဆိုးပါတယ်ဗျာ။ အားပေးနေပါတယ်။
ဟီး အားပေးသံတွေကြားရလို့  ကျေးဇူးတင်ထာ ယွခမရာ
ဒိုင်ယာရီတွေရီပါစေ သူသိရင်ကျေနပ်ပီပေါ့။ဟုလား
ခ်ခ်