" ကြယ်စင်ပျောက်တဲ့ အိပ်မက် "

in #myanmar5 years ago (edited)

~ သာယာနာပျော်ဖွယ်အတိပြီးတဲ့
ကိုယ့်ရဲ့အိပ်နန်းဆောင်အထက်
အရစ်ရစ်တက်နေတဲ့ လရောင် -

~ သံစဉ်ခ၍ မှေးစက်ကာဖြင့်
တိတ်ဆိတ်မှုကို အလိုရှိနေတဲ့ ည -

~ ချစ်တတ်သူ ဆိတ်သုဉ်းခြင်းကြောင့်
အထီးကျန် အသည်းနှလုံးနဲ့
ပြုံးနေရတဲ့ ဘဝ -

~ ဘယ်အလှအပမှ မမြဲခြင်းကို
အန်မတုလိုပေမယ့် -
" လမင်းသာရင် ကြယ်လင်းလာမယ် " ဆိုတဲ့
တိတ်တဆိတ် ကျူးရင့်သံနဲ့အတူ
ဒီလိုညတိုင်းမှာပေါ့ကွာ -
ကြယ်ပျောက်ရှာတဲ့ ကိုယ့်ရဲ့
အခန်းဆက်အိပ်မက်တွေ
ယနေ့တိုင် ရှင်သန်နေဆဲ ____

                                               ရိုစင်နောင်

IMG_20190109_122051.JPG