" ရမ္မက်ရေနှင့် မေတ္တာလှေ "

in #myanmar5 years ago (edited)

ပင်လယ်ဆိုတာ -
လေပြင်းမုန်တိုင်းနဲ့လှိုင်းတွေပျော်တဲ့
နေရာတစ်ခုပေါ့ကွယ်။
အပျော်သက်သက် ခရီးထွက်ဖို့
လုံးဝအဆင်မပြေတဲ့ နေရာတွေထဲမှာ
ပင်လယ်ပါတယ်ဆို မငြင်းပါနဲ့။
ဒီလိုပါပဲ
ရေအတိမ်အနက် အသိခက်သူ
ဆင်းရဲကြီးသလို
ရမ္မက်ကြီးသူ လူတစ်ချို့ကြောင့်
ပျက်သုဉ်းနစ်မြုတ်ခဲ့ရတဲ့
မေတ္တာလှေတွေ အမြောက်အများရှိတယ်။
ဒါကြောင့် -
သတိပေးပါရစေနှော်
" ပင်လယ်မှာအကျွမ်းမဝင်လျှင်
လှေမစီးပါနဲ့ ၊
လူတွေမှာအကျွမ်းမဝင်ခင်
အချစ်မကြီးပါနဲ့ "

                                       @rosinnoungmm

IMG_20181216_121311.jpg