Steemit အဖွဲ့ဝင်အားလုံးမင်္ဂလာပါဗျ........
ပြောပြချင်တဲ့ အကြောင်းအရာလေးတစ်ခု ကျွန်တော့်သူငယ်ချင်း Tour guideအလုပ်လုပ်နေတဲ့သူတစ်ယောက်ဖြစ်ပျက်ခဲ့တဲ့ အကြောင်းလေးပါ......မြန်မာနိုင်ငံဟာ နိုင်ငံခြား သားတွေရဲ့ စိတ်ဝင်စားမှု လာရောက်လည်ပတ်မှုမှာ အလွန်တရာများပြားလှပါတယ်........
ဒေသတစ်ခုရဲ့ အကြောင်းအရာ အသေးစိတ်ကို လာရောက်လည်ပတ်တဲ့နိုင်ငံခြားသား များကိုရှင်းပြခြင်းဖြင့် နိုင်ငံခြားဝင်ငွေအပြင် နိုင်ငံရဲ့ သမိုင်းကြောင်းကိုထိန်းသိမ်း ထားနိုင်တဲ့တာဝန်တစ်ခုဖြစ်စေပါတယ်......အဖြစ်ပျက်လေးကတော့ ဖောင်တော်ဦး အင်းလေးလို့ လူသိများတဲ့ အင်းလေးကန်မှာ ဖြစ်ပျက်ခဲ့အကြောင်းအရာလေးပါ.......တစ်ရက်ကျွန်တော့်သူငယ်ချင်း စိုင်းစံကသူ့ပုံမှန်လုပ်နေကြ နိုင်ငံခြား သားguideမှာ ဌာနမှာ အလုပ်ဆင်းရင်း ဌာနကို အမေရိက စုံတွဲတစ်တစ်တွဲ စကားပြန်လာဌားတယ်ပေါ့ဗျာ.....
ဘုရားဖူး ခြင်းနဲ့ ဒေသတွေသွားရောက်လည်ပတ်ရင်း guide ကြေးကဒေါ်လာနဲ့ရတော့ ဝင်ငွေကမနည်းလှ.......အင်းလေးဒေသရဲ့ ဘုရားတင်မဟုတ်ပဲ နေရာအနံ့လည်ပတ်ပြီး အဲ့ဒေသရဲ့ အသေးစိတ်ကိုရှင်းပြဖို့ ကျွန်တော်သူငယ်ချင်းစိုင်းစံကိုဌားခဲ့တယ်.......ကျွန်တော့သူငယ်ချင်းလဲပုံမှန်လုပ်ရိုးစဉ်အတိုင်း ဘုရားနဲ့ အထင်ကရနေရာတွေ လိုက်ပို့ပြီး ညနေနေဝင်ရီတရောအချိန်မှာ ရက်ကန်း ခက်တဲ့နေရာအဝင်မှာစဖြစ်တာပါ.....ရက်ကန်းစင်က လှေစီးပြီးမြေသားအနည်းငယ်ရှိတဲ့ နေရာကိုဝင်သွားရတော့ စိုင်းစံကရှေ့ကလမ်းပြခေါ်သွားတာပေါ့.......လမ်းခုလတ်က ချုံခို လို့ကောင်းတဲ့ နေရာအပြင် ချုံနွယ်ပိတ်ပေါင်းတွေက လူတစ်ရပ်မကထူထပ်နေတဲ့နေရာ ပေါ့.......အမေရိကစုံတွဲက နတ်ကွန်းတစ်ခုအပျက်ကို ဓာတ်ပုံရိုတ်ရင်း ကျန်ခဲ့တာကိုစိုင်းစံသတိမထားမိလိုက်ပေ.......
တိုတိုပြောရရင် သူတို့လည်းနားလည်ပုံမရ....
ဓာတ်ပုံရိုတ်ရင်း သူတို့ ဓလေ့အရနမ်း တာဘာတွေလုပ်မိတယ်ပေါ့.......စိုင်းစံပြန်ခေါ်တော့ သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ညားစလင်မယားဆိုတော့ နမ်းရှုံ့နေတာတွေ့ တော့တားမိတာကို စိုင်းစံကို ထပ်မဌားတော့ကြောင်း ရိုင်းပျတဲ့ စကားလုံးတွေနဲ့ အမေရိကသားက ဆဲဆိုပါသွားသေးတယ်ဆိုပဲ.......စိုင်းစံလည်းတက်နိုင်သမျှ ရှင်းပြတာပေါ့ ခုလိုအရပ်ဒေသနေရာမှာ မဖွယ်မရာမလုပ်သင့်ကြောင်းပေါ့......ထိုအရာကို သူတို့ လက်မခံခဲ့ကြ.......
အဲကိစ္စပြသနာတက်ပြီး နှစ်ရက်လောက်အကြာတော့ နိုင်ငံခြား guideဌာနကို ဖုန်းဝင်လာပါတယ်........အမေရိက ကစုံတွဲနှစ်ဦး မကောင်းဆိုးဝါးအကောင်တစ်ကောင်က ညတိုင်းခြောက်လှန့်နေကြောင်း နဲ့ ကူညီဖြေရှင်းပေးဖို့ပေါ့......စိုင်းစံကိုလည်းတောင်းပန်စကားပြန်ပြောပါတယ်....သူတို့တည်းတဲ့ Hotelကိုစိုင်းစံရောက်တော့နှစ်ယောက်လုံးက ကြောက်လန့်နေတဲ့ပုံပင်....စိုင်းစံရောက်ရောက်ခြင်း ဒူးထောက်မတက် ကြောက်လန့်ပြီး ပြောပြနေတယ် ညဖက် ရေချိုးခန်းထဲမှာ တက်ခေါက်သံတွေ.....နံရံမျက်နှာကြပ်တွေပေါ်မှာ တီးတိုးစကားပြောသံတွေနဲ့ တစ်ယောက်ထဲရှိနေချိန်ဆို အရိပ်တွေဖြတ်ပြေးတာတွေအကုန်ပြောပြရင်း အမေရိကအမျိုးသမီးကတော့ ငိုယိုလျက်.......
Hotelဝန်ထမ်းတွေလည်း သရဲခြောက်တယ်အထင်နဲ့ အခန်းတွေပြောင်းပေးခဲ့သော်လည်း အခန်းတိုင်း အရိပ်တွေ ထိုကဲ့သို့ပဲကြုံနေရတယ်....
သရဲတစ္တေနဲ့ပတ်သတ်တဲ့ အနှောက်ယှက်များ ကြုံ နေရတယ်ထင်နဲ့ ပရိပ်ကြိုး နဲ့ အခြားအန္တာယ်ကင်း ပစ္စည်းများလုပ်ပေးသော်လည်း အနှောက်ယှက်ကပျောက်မသွား.......အဲညတစ်ည စိုင်းစံညအိပ်စောင့်ကြည့်ဖို့် အိပ်စောင့်ခဲ့တယ်......
ကြာကြာမစောင့်လိုက်ရပါဘူး......ရေချိုးခန်း ထဲကနေတက်ခေါက်သံ အကြီးကြီး ကြားလိုက်ရတယ်...... မျက်နှာကြပ်တွေပေါ်ကလဲ့ လူတွေတစ်ဦးနဲ့တစ်ဦးတီးတိုးစကားပြောသံတွေ.......
ဟို အမေရိကသားက လင်မယားကတော့ လန့်နေကြပြီ........အချိန်ကည ၉နာရီကျော်ကျော်သာရှိသေးတယ်.......ခန်းစီးလိုက်ကာနောက်တွေကနေ အရိပ်တွေလိုလို အခန်းကအလုံဖြစ်နေသော်လည်း လေစိမ်းအေးအေးတွေတိုက်နေသလို......အချို့သောပစ္စည်းတွေကလည်းတိုက်မချပဲပြုတ်ကျသံတွေနဲ့.....ကျောချမ်းစရာပင်ဒါတောင်အခန်းထဲလူ၃ယောက်ထိုင်နေတာ.......
ဘုရားစာရွတ်ဖက်သော်လည်း ရွတ်ဖက်စဉ်ငြိမ်နေပေမဲ့ ဘုရားစာဆုံးတာနဲ့ ဆက်သောင်းကျန်းနေဆဲ........နောက်နေ့တော့တက်နားလည်တဲ့ ဆရာတွေနားမေးကြည့်တော့ လာနှောက်ယှက်နေတာမကောင်းဆိုးဝါးမဟုတ်ပဲ နတ်ကောင်းတွေဆိုပဲ.....သူတို့်မကျေနပ်တာတစ်ခုခုရှိလို့ လုပ်နေကြခြင်းဖြစ်ကြောင်းသိရတော့မှ သူတို့ အမှားကိုသိတော့တယ် .......နတ်ကွန်းအပျက်နားကို ဆိုင်ရာပိုင်ရာတွေနဲ့ ပင့်ပြီး တောင်းပန်တော့မှ နောက်ရက်တွေဘာသံမှမကြားရတော့......အရိပ်တွေ လည်းမတွေ့ရတော့.......
ဒါကြောင့်နေရာဒေသအလိုက် ဆန္ဒအရာကိုသိက္ခာနဲ့ထိန်းပြီး ထိန်းထိန်းသိမ်းသိမ်း နေတက်စေဖို့တင်ပြလိုက်ရပါတယ်......သိက္ခာမထိန်းလို့ အသက်တောင်ပျောက်တဲ့ အကြောင်းကိုနောက်တစ်ပတ်တင်ပေးပါ့မယ်.......
စကားချပ်။ ။သူငယ်ချင်းတစ်ယောက်၏အဖြစ်ပျက်ကိုပြန်လည်ရေးသားဖော်ပြပေးခြင်းဖြစ်ပါသည်။မည်သူတစ်ဦးတစ်ယောက်ကိုမျှရည်ညွှန်းခြင်းမရှိကြောင်း ကြိုတင်အသိပေးအပ်ပါသည်။မမြင်အပ်မြင်အပ်သတ္တဝါအပေါင်း မေတ္တာပို့သအပ်ပါသည်။
လေးစားလျက်
@saihack
MSC No.152
Photos crd source-
နာနာဘာဝ ဝိနာဘာဝ အတွေ့အကြုံ တော်တော်ပေါပေတာကိုး
စုံစမ်းတာပါအကိုရေ ကိယ်တိုင်ကိုကျမတွေ့ဖူးသေးပါ😂😂😂
နေ့ဘက်ဖတ်တာကိုပဲညဘက်အိပ်မက်တွေတောင်မက်ဖြစ်တယ်ဗျာ
ဟိ စွဲလမ်းသွားတာနေမယ်
ဒါတွေက..မယုံကြည်လို့မရဘူးကွယ့်။တချို့ကထင်နေတာက၊ငါကသရဏဂုဏ်ဆောက်တည်ထားတာဘဲ၊ဘုရားတရားမြဲတာဘဲ..ဘာညာပေါ့။သိရမှာက..ကိုယ်က..အချိန်ပြည့်တရားအားထုတ်နေတဲ့ပုဂ္ဂိုလ်မဟုတ်ဖူး။တရားသိတယ်
တရားရှိတယ်ဆိုပေမဲ့လည်း၊အချိန်ပြည့်စိတ်ကစဉ်ကြယ်နေတာမဟုတ်ဖူး။လောဘ၊ဒေါသ၊မောဟကိုမပယ်သတ်နိုင်သေးဖူး။နောက်တခုက..ဘယ်သူမဆို၊ပရလောကမှာလည်း၊သူနေရာနဲ့သူပိုင်ဆိုင်မူ့ဆိုတာရှိတယ်။ဒါကိုသိပီး..နားလည်ပီး..Respectဆိုတဲ့..လေးစားသမူ့၊နေရာထားမူ့ဆိုတာလုပ်ရင်၊အားလုံးအဆင်ပြေတယ်။
ဟုတ်မှန်ပါတယ်နေရဒေသလိုက်ပြီနေသင့်ထိုင်သင့်တာကောင်းဆုံးပါ
တကယ့်အဖြစ်အပျက်လား။
ဒါပေါ့ ကိုထွေးရ
အင်း ဒါမျိုးဆိုတာ မယုံလို့မရဘူးဗျ
ရှိတာပေါ့ဗျာ
ညီ.. ... ...
Sorry broရေးတဲ့စာတွေerrorတက်နေတယ် မမြင်ရဘူးဗျ
အတွေ့အကြုံ ကုန်ကြမ်းတွေ စုံတာပဲ
ဟုတ်လေ့လာမေးမြန်းထားတာလေးတွေပါဗျ
သူ့နေရာနဲ့သူ ဆောင်သင့်တာဆောင် ရှောင်သင့်တာရှောင်ရမှာပေါ့ ဟုတ်လား ညီလေးရေ
ဒါပေါ့ကိုမိုးနေရဒေသလိုက်ပြီနေသင့်ထိုင်သင့်သနေတာကောင်းဆုံးပါဗျ
မှတ်လောက်သားလောက်ဖြစ်သွားတာပေါ့
အာ့လိုဖြစ်မှလဲမှတ်မှာ
ဟဟနောက်လာရဲတော့ပါ့မလား
မလာရဲလောက်တော့ဖူး မှတ်ကရော
တကယ်လည်းရေးနိုင်ပါတယ်ဗျာ
ဟုတ်ကဲ့ဖက်ပေးလို့ကျေးဇူးပါ
သူ့နေရာ သူ့ဒေသ ဓလေ့ထုံးစံတွေကို မလိုက်နာရင်တောင် မလေးမစားမလုပ်သင့်ပါဘူး
ဟုတ့တယ်အကိုရေ
သူတို့က မှားနေလို အခုလို အဖြစ်မျိုးနဲ့ြ့ကုံရတာပေါ့ဗျာ
ဘာသာခြားဆိုတော့ေပြောရခတ်တာလဲ ပါတာပေါ့ဗျာ
မယုံကြည်လို့ရပေမဲ့
မစော်ကားသင့်ဘူးပေါ့နော်
ဟုတ့နယ်အမှန်ပါပဲ