အလွယ်ဆုံးစာရေးနည်း

in #myanmar6 years ago

လွယ်ဆုံးစာရေးနည်း

ဒါကမရေးတတ်တဲ့သူတွေအတွက်ပါ။ စာရေးနေကျမဟုတ်ရင်.တခုခုကိုရေးဖို့မနည်းစဉ်းစားနေရတာ..။ မရေးတတ်တဲ့သူတွေအတွက်..အလွယ်ဆုံးရေးသားနည်းက ကိုကနေသူများကိုပြောပြနေတဲ့ပုံစံမျိုးရေးတာပါဘဲ့။ ဝတ္တုလိုရေးတာက ခက်ပါတယ်။ ရှင်းရှင်းပြောရရင်..စာစီရတာပေါ့။ အခုဟာက ကျွန်တော်တို့မိတ်ဆွေသူငယ်ချင်းတွေကိုပြောပြသလိုမျိုးပြောပြရုံပါဘဲ့။ ယောက်ျားလေးတွေဆို..လက်ဖက်ရည်ဆိုင်ပြီး.ဟိုအကြောင်းဒီအကြောင်းပြောသလိုဘဲ့ပေါ့။ မိန်းကလေးဆိုရင်.အချင်းချင်းတီးတိုးပြောသလို.မျိုးပြောပေါ့ဗျာ.။ တခုရှိတာက.. အခုစာရေးတာကကျွန်တော်တို့ကအလှည့်ကျစီမပြောဘဲ့..ကိုယ်တယောက်ထဲစကားဝိုင်းတခုလုံးမှာဦးဆောင်ပြောနေသလိုမျိုးပေါ့ဗျာ။ စကားဝိုင်းတခုမှာ ပေါက်ပန်းလေးဆယ်ပြောလို့ရပေမယ့် ကျွန်တော်တို့စာရေးရင်တော့ ပေါက်ပန်းလေးဆယ်ရေးလို့မရဘူးဗျ။တခုနဲ့တခုအဆက်အစပ်ရှိမှ.ဖတ်ရတဲ့သူဖတ်ချင်စိတ်ရှိလာမှာပေါ့။ အခုဘဲ့မန်းတလေးရောက်လိုက်.ရန်ကုန်ရောက်လိုက်ဆို.ဘယ်သူကစိတ်ဝင်စားတော့မှာလဲ။ ဒါကအစရေးတဲ့သူတွေအတွက်ပါ။ ဆရာ့ဆရာတွေမပါပါဘူး။
image
ကျွန်တော်တို့တွေ ကို့အတွေ့အကြုံကိုလွယ်လွယ်နဲ့ပြောပြနိုင်ပေမယ့်ဘာလို့..မရေးနိုင်မပြောနိုင်ကြတာလဲ။ ဟုတ်ပါတယ်.ဒါကအလေ့အကျင့်မရှိလို့ပါ။ တကယ်လို့ ကျွန်တော်တို့အတွေ့အကြုံကိုမပြောဘဲ့စာနဲ့ရေးပြီးပြောရင်ရော..ရတာပါဘဲ့..အလေ့အကျင့်ရှိဖို့ကအဓိကပေါ့ဗျာ။ ကျွန်တော်တို့အတွေ့အကြုံကိုဘယ်လိုတဖက်လူစိတ်ဝင်စားအောင်ပြောတတ်ဖို့က.စကားပြောစွမ်းရည်နဲ့အခြေအနေအခါမူတည်ပြီးပြောရသလို...စာရေးရင်လည်း.ကျွန်တော်တို့အတွေ့အကြုံကိုဘယ်လိုရေးသားရင်.စာဖတ်သူစိတ်ဝင်စားဖွယ်ဖြစ်မလဲဆိုတာကအရေးကြီးပါတယ်။ အခုကျွန်တော်ရေးနေတာက..ကျွန်တော်ကနေ..စာဖတ်သူတွေကိုက်ရိုက်ပြောဆိုတဲ့ပုံစံမျိုးဗျ။ ဝတ္တုတွေလို.ဘာတွေလိုညာတွေလို.ဇတ်ကောင်တယောက်နဲ့တယောက်ပြောနေတဲ့ပုံစံတွေ.ဇတ်ကောင်အကြောင်းရှင်းပြနေတာမဟုတ်ဘူးနော်။ စာရေးသူကိုယ်တိုင်ကစာဖတ်သူကိုတိုက်ရိုက်ပြောပြနေတာ။ ဘာမှတွေးတောရတာမဟုတ်ဘူး..ကို့အတွေ့အကြုံ ကိုတိုက်ရိုက်ပြောပြနေတာ။ ဥပမာ..ကျွန်တော်တို့.ခွေးတကောင်ကားတိုက်လို့..သေတာမြင်တာပေါ့။ အခုပုံစံနဲ့ရေးရင်.."ကျွန်တော် အဲဒီနေ့က ခွေးတကောင်ကိုဝင်တိုက်သွားတာ.တွေ့ရတယ်၊ခွေးကဆန့်ငင်ငင်နဲ့သေသွားရှာတယ်."ဟုတ်ပီနော်..ဝတ္တုပုံစံလိုရေးပြမယ်" ထိုနေ့က မိုးသည်းသည်းလေးရွာသည်။ ကတ်တရာလမ်းမကြီးတခုလုံးမိုးရေများဖြင့်စိုစွတ်လျက်ရှိသည်။ ထိုအချိန်တွင်.ခွေးတကောင်၏ ကိန်ခနဲ..နာကျင်စူးရှစွာအော်သောအသံကို..ကျွန်တော်ကြားလိုက်ရသည်။ ကျွန်တော်.အသံလာရာလမ်းမဘက်သို့ခေါင်းလှည့်ကြည့်ရာ..ခွေးလေးရဲ့ခေါင်းမှာကြေမွလျက်ရှိပြီး..အကြောများဆန့်ကာဆန့်ကာ..ရုန်းနေလျက်ရှိသည်။ အညတရခွေးတကောင်မို့.ဘယ်သူမှဂရုမစိုက်ကြချေ။" အာ့လိုအဆင့်တွေအများကြီးတယ်ဗျ။ freestyleမဟုတ်ဘူး..နေရာ.အခြေအနေ.ပုံစံ..အဖြစ်အပျက်ကိုအဆင့်လိုက်ဖော်ပြရတာ။ ဒါကစစချင်းရေးတတ်လူအတွက်ဆို.စဉ်းစားနေရတာပေါ့။ ပထမဆူံးမရေးတတ်ရင်ကျွန်တော်အခုရေးတဲ့ပုံစံနဲ့ရေးကြည့်။..ကို့အတွေ့အကြုံကိုတခြားလူတယောက်ကိုပြောပြတယ်သဘောထားပြီးရေး..အားသာချက်တခုက ပြန်ပြင်ခွင့်ရှိတာ.သာသာယာယာဘဲ့။ ကျန်သေးရင်ပြန်ထည့်ပိုနေရင်ဖြုတ်..။အာ့လိုပေါ့။ စစရေးမယ့်လူတွေကိုအကြံပေးချင်တာက.ကို့အတွေ့အကြုံကိုအရင်ရေးရင်ပိုလွယ်တယ်။ဒုတိယနည်းကပထမလောက်တော့မလွယ်ဘူး။

အခု.သူများဟာကိုကော်ပီကူးချနည်းပေါ့ဗျာ။ ကိုရေးမယ့်စာအုပ်တအုပ်လိုတယ်။ အာ့စာအုအုပ်ကိုသေချာဖတ်သဘောပေါက်ရင်ရပီ.။ကို့အတွေးနဲ့ကိုစာစီရေးပေါ့ဗျ၊ာ။ဒါကစာရေးသူရဲ့ဇတ်လမ်းဇတ်ကွက်ကိုဦးတည်ယူပြီး..ကို့အတွေ့အကြုံလိုဖန်တီးယူလိုက်တာဘဲ့။.ဥပမာ.ကောင်လေး၁နဲ့ကောင်မလေး ၁ကရည်းစားတွေ။ ကောင်မလေး ၁မ.သူ့ချစ်ကိုမပြတဲ့သူငယ်ချင်းကောင်လေး ၂ရှိတယ်။ ကောင်လေး ၁မှာကလည်း အိမ်ကသဘောတူထားတဲ့သူငှေးသမီးကောင်မလေး၂ရှိတယ်။.ဒါကိုမူလရေးသူကဘယ်လိုဇတ်လမ်းဆင်ထားတာလဲ။ နောက်ဆုံးဘယ်သူနဲ့ညားတာလဲ။ကောင်လေး၁က ငွေမက်တဲ့သူလား။ ကောင်လေး၂ရဲ့စိတ်က စွန့်လွှန်အနစ်နာခံသူလား။ ကောင်မလေး၁က ကောင်လေး၂ရဲ့အချစ်အပေါ်ဘယ်လိုနားလည်လာမှာလဲ။ အာ့လိုလေးတွေ..မူလစာရေးသူကဘယ်လိုဇတ်လမ်းဆင်ထားဆင်ထား..ကိုယ်တိုင်တွေးပါ။ နမူနာရေးထားတာရှိပါတယ်။ ကျွန်တော်ရေးထားတဲ့အိမ်ထောင်ရေးဇတ်လမ်းတိုလေးမှာ.ကိုနမ်ရဲ့.ထူးဆန်းသောသတ်သေမှုကိုဦးတည်ထားပြီးဖွဲ့ထားတာပါ။သို့သော် မူလကိုနမ်ဝတ္တုနဲ့လုံးဝမတူဘဲ့ကွဲပြားပါတယ်။.ပြောရရင်..လူသတ်မှုဆိုရင်.လူသတ်တာချင်းအတူတူ..ပုံစုံကွဲသွားသလိုပေါ့။ခေါင်းဖြတ်သတ်မယ့်နေရာ.လည်လှီးသတ်တာ။ အာ့လိုမျိုးပေါ့ဗျာ။ ကိုးကားတာမဟုတ်ပါဘူး.အာ့ကိုနမ်ဂတ္တုကလည်း.တကယ့်အပြင်မှာ..ကို့ကိုကိုသတ်သေတာကိုအခြေခံပီးရေးထားတာပါ။
အခုဟာက်ိုတော့စာများများဖတ်တဲ့သူဘဲ့ရေးနိုင်မှာပါ။ အာ့လိုစာတွေရေးရင်.ဇတ်ကောင်တယောက်ရဲ့နေရာကနေခံစားပြီးရေးတာကအကောင်းဆုံးဘဲ￿။ ဥပမာ ကျွန်တော်အိပ်ရာမှနိုးလာသောအခါ..အသက်ရှူကြပ်နေသလိုခံစားရသည်။ ပတ်ဝန်းကျင်ကလည်းမှောင်မဲနေသည်။ ခန္ဓာကိုယ်တခုလူံးလှုပ်လို့မရချေ။ ကျွန်တော်ဘီလူးစီးခံနေရတာများလား။ မဟုတ်ပါ..တကယ်တော့ကျွန်တော်အခေါင်းတခုအတွင်းသို့ရောက်ရှိနေခြင်းသာဖြစ်သည်။ ခေါင်းများကြီးလာကာ.အာခေါင်ခြောက်လာသည်ဟုခံစားရသည်။.အတင်းရုန်းကန်လိုက်သည်။ အခေါင်းအပြင်ဘက်မှလူများသရဲဟုအော်ကာထွက်ပြေးသံကိုကြားရသည်။ကျွန်တော်ဘယ်လိုရောက်လာမှန်းမသိပါ။ အထုမှစဉ်းစားမိသည်..မနေ့ညက..ကျွန်တော်ရုတ်တရက်မူးလဲကျသွားခြင်းသာ။.အခုမှသဘောပေါက်ချေပြီ။ ကျွန်တော်သေပြီဟုထင်ကာ..ဆက်မတွေးရဲတော့။" အာ့လိုမျိုးပေါ့ဗျာ..။ အဆင်ပြေကြပါစေလို့ဆုတောင်းရင်း.....
image
Authur Saw Myat Tun
msc 088
@sawmyattun
From Myanmar
Photo google image.

Sort:  

wow

ဘာတ်ေဝိုး..

good post လေးပါညီ အားပေးလျှက်ပါ

ကျေးဇူးအကို..

မျှဝေပေးတာ ကျေးဇူးပါ

ကျေးဇူးအမ

ကျေးဇူးပါအယ်မရေ..

ကျေးဇူးဘဲ ကိုစောမြတ် အခုလိုမျိုး idea ပေးတဲ့အတွက်

ဟုအကို..တောက်ယောက်တခုခုရရင်ကျေနပ်တယ်ဗျာ.

အာ​ပေးလျှက်​ ...

ကျေးဇူးအကို

အား​ပေး​နေတယ်​ bro

ကျေးဖူးအက်ု

ကျေးဇူးပါဗျာ

ဟုဟုညီ

Bro ​ပြောသလို ​ရေးကြည့်​ဦးမယ်​ 😁

ရေးကျိဘာ

Nice post

Thanks. .sir

Good,thanks

ကျေးဇူးမမ

good post

ကျေးဖူးအကို

အခုလို သင်ပေးတာ ကျေးဇူးတင်ပါတယ် ဆရာ

ဟုဟုမျှဝေပေးတာပါ

ပညာရပါတယ်

ဟုဟုအမ အမရေးတာတ်ေကပိုကောိုး

ကောင်းတယ်။resteemလုပ်ထားဦးမယ်။

ဟုအမရေ

ရေးချင်ရာရေးပါ ဒါပေမယ့် ကောင်းအောင်ရေး စေတနာနဲ့ဝေမျှပေးပါဗျာ အားလုံးကောင်းသွားပါမယ်

ငယ်တဲကသဒ္ဒါညံ့တာနဲ့အတော်ဘဲ 😀