သိရှိလေ့လာမဟာဘုတ်ပညာ(4) Learn to know Mahabote Wisdom(4)

in #myanmar6 years ago

အခန်း(၄)

၁ကြွင်းဖွားတို့အားလေ့လာခြင်း(သို့မဟုတ်)ယေဘုယျအဟော

အစမှာတင်ပြီးဆိုပေမယ့်ပြန်တွက်နည်းပြောမယ်။ မိမိမြန်မာမွေးနေ့ကို ၇နဲ့စား အကြွင်း ၁ရရင် ကိုက ၁ကြွင်းဘဲ့။ တခြားကြွင်းရနေရင် စောင့်ဖတ်ပါနော်..အကြွင်းဖွားမသိရင်..မြန်မာမွေးနေ့မသိရင် mentပီးမေးပါ.ခင်ဗျ.

၁ကြွင်းဖွားများတွင် ဗုဒ္ဓဟူးဂြိုလ်သည် မရဏငှနတွင်ရှိသည်။ တနင်္ဂနွေဂြိုလ်သည် ဘင်္ဂငှါနတွင်ရှိသည်။ တနလာင်္ဂြိုလ်သည် ပုတိငှါနတွင်ရှိသည်။ စေနေဂြိုလ်သည်..အထွန်းငှါနတွင်ရှိသည်။ အင်္ဂါဂြိုလ်သည် သိုက်ငှါနတွင်ရှိသည်။ သောကြာသည်ရာဇာငှါနတွင်ရှိသည်။ ကြသပတေးသည် အဓိပတိတွင်ရှိသည်။ ပုံကိုလေ့လာကြည့်ပါ။
image

မရဏငှါနတွင်ရှိသော ဗုဒ္ဓဟူးဂြိုလ်ကိုလေ့လာကြည့်ပါစို့။ မရဏဂြိုလ်တွင်ဗုဒ္ဓဟူးဂြိုလ်ရှိနေတယ်။ မရဏဂြိုလ်ရဲ့အိမ်ရှင်ကအမြဲစေနေဂြိုလ်ရှိတယ်။စေနေသဘောကိုယူဟောရမယ်။

၁ကြွင်းဖွားတွေက လူတွေအပေါ်ဂရုစိုက်ပေမယ့်အရွဲ့တိုက်တတ်တယ်။ လူတွေအဖွဲ့အစည်းပေါ်ကောင်းတာလုပ်လုပ်မကောင်းတာလုပ်လုပ်အပြစ်ကပြောခံထိရော..။ဒါကြောင့်အရွဲ့တိုက်တတ်တာ..။ဟုတ်ပီပြောခံထိမလဲ..ဥပမာ ၁ကြွင်းဖွားက မြောင်းပိတ်နေတယ်ပေါ့.ကို့အိမ်ရှေ့တင်မလုပ်ဘူး.ဟိုဘက်အိမ်လည်းသွားလုပ်ပေးအူးမှ..ဘာပြောခံရမလဲသိလား.မင်းအပူဘာပါလဲ.ဆိုပီးတော့ပေါ့..ဒါပေမယ့်ဒါတွေကိုသည်းခံ.တနေ့ကျရင်.နားလည်လာလိမ့်မယ်။ မကောင်းတဲ့အပေါင်းအသင်းနဲ့ကောင်းတဲ့အပေါင်းအသင်းက ငယ်ရွယ်စဉ်မှာမကောင်းတဲ့အပေါင်းအသင်းကပိုပေါတယ်။ အရက်ပေးတိုက်မယ့်သူ၊ကျောင်းပြေးမယ့်သူ၊ ဖာချမယ့်သူတွေနဲ့သာတိုးတယ်။ ၁ကြွင်းမရဏဖွားဗုဒ္ဓဟူးသား/ရာဟုသားတွေက စိတ်အပြောင်းအလဲမြန်တယ်..ပေးနေတုနိးယူထား.နောက်မှတောငိးမယ်ဆိုရင်ရမှာမဟုတ်ဘူး။ တခုကောင်းတာက မလုပ်ဘူးဆိုရင်မလုပ်ဘူး.လုပ်ပီဆိုရငိလည်းတားမရဘူး.သေချာလုပ်သွားတာ..။.တရားတာမတရားတာမသိဘူး.အောင်မြင်ဖို့ကအဓိကဦးစားပေးတတ်တယ်။ ရောဂါအနေနဲ့ကတော့ ကိုယ်ခန္ဓာအတွင်းအပြင်အားနည်းတတ်တယ်..အားနာပြီးသူများကျွေးတာမစားနဲ့..မတည့်တာစားမိတတိတယ်။ဒါကမရဏယေဘုယျသဘောတွေ။
ရေလုပ်ငန်း၊ရွှေလုပ်ငန်း၊ အော်ပရေတာလုပ်ငန်း၊ စားသောက်ကုန်တွေအကျိုးမပေးဘူး..၊ရတာလည်းတွေကုန်တတ်တယ်။ online shoppingတို့ဘာတို့လည်းလုပ်ရင်.တခုသတိထားရမယ်..မာနကိုအသေလျာ့ထား၊ လူလိမ်မခံရအောင်သတိထား။

၁ကြွင်း တနင်္ဂနွေဘင်္ဂကိုဆက်လေ့လာကြည့်ရအောင်။ ၁ကြွင်းဖွားအများစုဟာ ငယ်စဉ်ကအဖေအမေနဲ့အတူနေရတာရှားတယ်၊ အဘိုးအဘွားတွေနေရတာ.တနင်္ဂနွေဘင်္ဂရဲ့အစွမ်းကြောင့်ပေါ့.ဘင်္ဂငှါနရဲ့အိမ်ရှင်ဂြိုလ်က ဗုဒ္ဓဟူးနဲ့ရာဟု..ဖြစ်တယ်။ အများအားဖြင့် အဖေအမေနဲ့အတူနေလိုက် ဘိုးဘွားတွေနဲ့နေလိုက်၊ ဦးလေးအဒေါ်တွေနဲ့နေလိုက်ဖြစ်တတ်တယ်။ ၁ကြွင်းတွေက အိုးပိုင်အိမ်ပိုင်နဲ့နေရရင်.မမကြာခဏခရီးထွက်ရတတ်တယ်။အိမ်မှာဇွတိနေရင်ဖျားနာပီးနုန်းချိတတ်တယ်။ တခုရှိတာက အိမ်မှာ.တခုခုလိုနေရင်တော့ ကြိုက်သလိုနေ.ဘာမှကိုမဖြစ်တာ..။ အကြီးအကဲတွေက ကို့အပေါ်ချစ်ခင်ပေမယ့် ထုတ်မပြဘူး.။ စည်းကမ်းကိုတော့ အကောင်းမွန်ဆုံးဖြစ်အောင်ထုတ်နိုင်တယ်ဒါပေမယ့် ကိုယ်တိုင်ကလိုက်မလုပ်တတ်ဘူး..။ ထိပ်ပိုင်းရောက်ရင်.ကို့လက်အောက်ငယ်သားတွေပေါ်ညှာတာရမယ်၊အလိုတော့မလိုက်သင့်ဘူး၊ ကို့သားသမီးအပေါ်စည်းကမ်းတငိးကျပ်တာလျော့ရမယ်။ ကျောင်းတို့အိမ်တို့ခဏခဏပြောင်းရရင်ဘဝမှာအပြောင်းအလဲများတယ်..။
တွဝေမနေဖို့ကအရေးကြီးတယ်။.ဒါက ဘင်္ဂတနင်္ဂနွေသဘောတရား။ **

၁ကြွင်းပုတိတနလာင်္သဘောတရား။ ပုတိရဲ့အိမ်ရှင်ဂြိုလ်ကတနလာင်္ဂြိုလ်နေတာ။ အချစ်ရေးမှာချစ်သူရည်းစားများတတ်တယ်။ အချစ်ဦးမှာ.ကို့ဘက်ဖြစိဖြစ်သူ့ဘက်ဖြစ်ဖြစ်.ဒုတိယအာဏာရှိတဲ့ မိခင်ဒါမှမဟုတ်အမျိုးတွေကြောင့် ဝေးကွာတတ်တယ်။ ၁ကြွင်းမိန်းကလေးတွေက အသက်ကြီးတဲ့ယောက်ျားတွေရဲ့သဘောကျတာ.ဒါမှမဟုတ်မိမိကသဘောကျတတ်တယ်။ဦးလေး၊ဦးကြီး၊ကိုကြီးအသက်အရွယ်တို့နဲ့ဖြစ်များတယ်။ ကို့အိမ်မာ၁ကြွင်းမိန်းကဘေလေးဘယ်နေ့ဖွားဖြစ်ဖြစ်ရှိရင်.အသက်ကြီးတဲ့သူနဲ့ယုံကြည်စိတ်ချမထားနဲ့၊ အိုးချင်းထားအိုးချင်းညှိ ကြိုးချင်းထားကြိုးချငိးညှိသွားလိမ့်မယ်။ ၁ကြွင်းဖွား.အများစုဟာ.အန်တီ၊မမကြီး၊ဒေါ်လေးအရွယ်တွေနဲ့ ကိုကြီး၊ဦးလေး၊ဦးကြီးတို့ရဲ့..အချစ်Lessonပို့ချတာခံရတတ်တယ်။ ကို့ထက်အသက်တေိာတော်ကြီးတဲ့မိန်းမတွေမာယာကျော့ကွင်းမှာမိတတ်တယ်။ ရည်းစားများများထားဖို့တွေးမိတတ်ကြတယ်။ တယောက်ဆိုတယောက်ထားမှ.အဆင်ပြေတယ်။ ငယ်ရွယ်စဉ်အိမ်ထောင်ကျရင်..နစ်ဆက်ဖြစ်တတ်တယ်။ ကိုကအလွန်သဝန်တိုတယ်။.ကို့ချစ်သူကို တခြားလူကမျက်စိနဲ့ကြည့်ရင်တောငိမကြိုက်ဘူး.အစွန်းရောက်လွန်းတယ်(မရဏဥာဉ်က တခြားလူအများစုနဲ့လာထိလို့) ဒါကြောင့်ရန်ခနခနဖြစိတတိတယ်။ အာ့စိတ်ကိုထိန်း။ သူများကိုရန်ရှာတာထကိကို့ကောင်မလေးကောင်လေးချစ်သူကို..ပိုပြောတတ်တယ်။.စိတိကတော့မချော့ကတည်းကပြေပီးသားပုံစံမ်ျူး။ ဆိုးတာက သတိရတိုင်းရစ်တတ်တာတခုဘဲ့။
အိမ်ထောင်ကျရင် ငယ်ငယ်လေးနဲ့ကျရင်နစ်ဆက်ဖြစ်တတ်တယ်။ ကိုကအိမ်ထောင်ပြုပြီးရင်မမြဲမြဲအောင်လုပ်တတ်ပေမယ့်ပေါ့လေ။ကို့ထက်ငယ်သူနဲ့ကျရင်ပိုသေချာတယ်။ ကြက်ငှက်စတဲ့မွေးမြူရေးလုပ်ငန်းတွေ၊ ရေနဲ့ဆကိစပ်တဲ့မွေးမြူရေးလုပ်ငန်း၊ဝက်တို့အကျိုးမပေးဘူး။

နောက်ဟာဆက်လက်ဖော်ပြပေးမယ်။ မဟာဘုတ်ကအနစ်ချုပ်ဘဲ့..ဒါတွေအခြေခံဘဲ့ရှိသေးတာ..ကျန်တဲ့အကြွင်းတွေတော့ မန့်ရင်ဘုတ်ရင်း စောင့်ကြပါလို့..
(ဗေဒင်မေးချင်လည်းရတယ်.ပိုက်ဆံမယူဘူး
Steemနဲ့ Spdဘဲ့ယူတာ..စတာပါ.. သဘောပါ)
image
@sawmyattun
MSC 088
Authur Saw Myat Tun
Photo Saw Myat Tun
From Myanmar

Fb list https://www.facebook.com/sawmyat.tun.3150

Sort:  

Zeroကြွင်းသမားတွေအတွက်ရော တင်ပြီးခဲ့ပြီလားbroရေ

နောက်ဆူံးမှဖြစ်မယ်ဘဒိုရေ..ဘဒိုဆန္ဒရှိရင်ကြားဖျက်တင်ပေးပါ့မယ်။

ရတယ်bro ကျေးဇူးပါဗျာ။
စီနီယံအတိုင်းပဲသွားတာကောင်းတယ်broရေ

ဟုတိဘဒိုရေ..

Wow

ဘာကြွင်းလဲဗျ..စောင့်ဖတိအူးနော်.မသိရင်မေ့းရတယ်

ကျွမ်းစကေး

ဒါတောင် တဝက်ဘဲ့ရှိသေးတာ

တခြားအကြွင်းတွေရော တင်ဦးမှာလား အစ်ကို ဗဟုသုတရပါတယ်။

ကြွင်းလုံးတင်မယ်..သော့းအလိုက်တော်နောက်မှ

ကောင်းပါတယ်

ဗဟုသုတ၇ပါသည်

မေးမလို့ အောက်ဆုံးက ဟာမြင်ပြီး လန့်တွားသည် ။

စတာပါဗျာ.ကြေ်င်းအကုပြီးရင်
နာမည့်ဲမွေးေ့ မေးထားတဲ့သူတွေရယ် သော့းတခုချငိးစီ့ကြာင်း ပြန်တင်ပေးမှာပါ။

ဒိုမီက သူများအောက်ကဟာကို သွားပြီးကြည့်တာကိုးဗျ😁😁

ချောင်းကျိတာ့မန်းလာစဘဲ့ဗျ

Good article , thank for knowledge!

လေ့လာနိုင်တာကောင်းပါတယ်
ဝေမျတဲ့တွက်ကျေးဇူးပါ

Good post.

Thanks.နောက်လဲလာအားပေးပါအူး

ဗဟုသုတရပါတယ်

Thanks..ခြုးစယးပါ့မယ်ခင်ဗျ

ဗဟုသုတရပါတယ်

နောက်ထပ်အမျာကြီးရှိသေးတာ်..

မမကြီး​တွေကို​တော့ သတိထားရမှာ​ပေါ့​နော်

ဒါပေါ့..ဒါပေမယ့် ကိုကလဲမမကီးတွေကိုသဘောကျတယ်မလား..

နှစ်​တစ်​ရာပြက္ခဒိန်​ထဲမှာ မြန်​မာ ​မွေးသက္ကရာဇ်​ ပြန်​ရှာကြည့်​လိုက်​ဦးမယ်​ 😃

ဟုဟု..မသိရင်မေ့းရတယ်နော်

ဗဟုသုတရပါတယ်...မျှဝေပေးလို့ ကျေးဇူးတင်ပါတယ်။

Thanks. နောက်ထပ်လဲရှိသေးတယ်

ဝ ကြွင်း​လေးသိချင်​တယ်​....
စောင့်​​နေတယ်​ Bro....

ဟညတ်ကဲ့ပါ့ သည်းခံပီးစောင့်ပေးပါဗျာနော်...:*

သားကလဲအရေးကျဲလိုက်တာ သားရေးမလားလို့ဆရာရပ်ထားတာ။

Congratulations @sawmyattun! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of comments

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!