Intro myself post

in #myanmar6 years ago (edited)

ယခု ​ရေးမဲ့အ​ကြောင်းရာသည်​ ​Steemit အတွက်​ Intro post ဖြစ်​သလို ​ကျော်​​တော်​ Online ​ငွေရှာ​လောကအတွင်းဖြတ်​သန်းခဲ့သည့်​အ​တွေ့ကြုံနဲ့ သင်​ခန်းစာတစ်​ချို့ရသည်​ကို အားလုံးသိ​အောင်​​ပြောပြ​ပေးမည်​ဖြစ်​သည်​။

BookofMyselfRuth_640x480-400x297-picsay.jpg

ပထမဆုံး​ကျော်​​တော်​အ​ကြောင်းပဲ အရင်​စ​ပြောပါအုံးမယ်​။ ရိုးရုင်းပါတယ်​။ သာမန်​ဘဝပါပဲ။ လူလတ်​တန်းစားပါ။မိသားစု ၅ ​ယောက်​ရှိပါတယ်​။ လက်​ရှိ​နေတာက​တော့ မိသားစုသုံး​ယောက်​ပါ။ အကို ,အမ နဲ့ကွဲ​နေပါတယ်။ ဘာ​ကြောင့်​ကွဲတာလဲမပြာပြလိုပါ။Parsonal ကိစ္စမို့ပါ။ ​လက်​ရှိ​တော့ နည်းပညာအထက်​တန်း​ကျောင်းမှာ ဒုတိယနှစ်​​အောင်းထားပြီး တက္ကသိုလ်​ ဆက်​မတက်​နိုင်​တာ​ကြောင့်​ အပြင်​အလုပ်​​လုပ်​ပြီး ပိုက်​ဆံစု​နေရပါတယ်​။ ငယ်​တုန်းက စိတ်​ကူးယဉ်​ခဲ့တာက တက္ကသိုလ်​ပြီး အင်​ဂျင်​​နေရာဘွဲ့ရတစ်​​ယောက်​ ​​အေး​ဆေး​ဆေးသာသာယာယာနဲ့အလုပ်​လုပ်​ချင်​တာပါ။ လူတိုင်း​တော့ စိတ်​ကူး​နဲ့လက်​​တွေ့ ထပ်​တူမကြနိုင်​ပါ။ ဒါက​လောကရဲ့ သဘာဝပါပဲ​လေ။ လက်​ရှိ အလုပ်​ကြမ်းလုပ်​​နေရပြီး သူများခိုင်းတာလုပ်​​နေတဲ့ လူကြမ်းသမားပါ။ ဘဝအတွက်​ ရုန်းကန်​​နေရသူပါ။ အခု​တော့ အလုပ်​ကြမ်းဆက်​မလုပ်​​တော့ပါ။ မလုပ်​နိုင်​တာ​တော့​ကြောင့်​ပါ။

Online ​ငွေရှာ​လောက ​ရောက်​ခဲ့တာ တစ်​နှစ်​ပြည့်​​လောက်​ပါပြီ။ ဒီ​လောကထဲစဝင်​တုန်းက online ​ငွေရှာသင်​တန်းဖွင့်​တယ်​။ သင်​တန်း​ကြေးဘယ်​​လောက်​ဆိုပြီး​တောင်းပြီး မျှ​ဟေသူ​တွေသိပ်​ပြီးမရှိ​သေးတဲ့​ခေတ်​ပါ။အဲ့ဒီတုန်းက​ ​ကျော်​​တော်​ သင်​တန်းမတက်​နိုင်​ခဲ့ဘူး။ အဲ​တော့ Online မှာ​ငွေဘယ်​လိုရှာရမှန်းမသိ ​ရောက်​လည်​လည်​ဖြစ်​​နေခဲ့တယ်​။ တစ်​ချို့ကြ​တော့ Ref ​ကောင်းပြီးအဆင်​​ပြေကြ​ပေမဲ့ ​ကျော်​​တော်​မှာ့  Ref ရှာရမှန်းလဲမသိ ဟိုလူ့လိုက်​​မေးဒီ့လူ့လိုက်​​မေးနဲ့ ​ရောင်​ချာချာဘဝ။ သင်​တန်း​ကြေး​တွေလဲ ​ဈေးမြင့်​ပါတယ်​။ ၅သောင်း ၃သောင်း အနဲဆုံးပါ။ ဒါက သူတို့ လုပ်​စားတာလဲဖြစ်​နိုင်​သလို လိမ်​စားတဲ့ဖြစ်​နိုင်​ပါတယ်​။ ​ကျော်​​တော်မှာတက်​နိုင်​ဖို့​နေ​နေသာသာ ကိုယ်​ဟာနဲ့ စားဖို့​သောက်​ဖို့အနိုင်​နိုင်​ဘဝပါ။ ​ကျော်​​တော်​ Online ​ငွေရှာ​လောကထဲဝင်​လာ​တော့ လူလိမ်​​တွေနဲ့တိုးခဲ့ဖူးတယ်​။ ကိုယ်​တိုင်​အလိမ်​ခံထိခဲ့ဖူးတယ်​။ အဲတုန်းက ခင်​​ဗျားတို့လဲ သိ​ကောင်းသိမှာပါ။ Exchanger ဆိုပြီး Acc တု​တွေလုပ်​ ချလန်​လက်​မှတ်​​တွေ Photoshot လုပ်​ပြီး ​ငွေလွှဲလိုက်​ပြီးဆိုပြီး​ပြော ​နောက်​​ငွေက ကိုယ်​ဆီမ​ရောက်​လာ။ ဒီလို​တွေဖြစ်​​နေတဲ့အချိန်​မှာ ကိုယ်​ကိုတိုင်​လဲ အလိမ်​ခံထိဖူးပါတယ်​။ ဘယ်​လို အလိမ်​ခံထိဖူးလဲဆို​တော့ ??? နိုင်​ငံခြားသားတစ်​​ယောက်​ပါ။ သူဆီမှာ Mining စက်​​တွေရှိတယ်​​ပြောပါတယ်။ ​ဓာတ်​ပုံနဲ့​ကျော်​​တော်​ကိုပြပါတယ်။ ​ကျော်​​တော်​ Photoshot မှန်းမသိခဲ့ဘူး​ဗျ။ သူက Bitcoin(0.5 BTC) ​ချေး​ပေးမယ်​​ပြောတယ်​။ သူက Fee ခအ​နေနဲ့ 10$ အရင်ပို့​ပေးရမယ်​လို​ပြောတယ်​။ အဲတုန်း BTC ​ဈေး 8000$ ​ပေါက်​​ဈေးပါ။ ​ကျော်​​တော်​အယုံလွယ်​ခဲ့မိတယ်​။ မရှိမဲ့ရှိမဲ့ပိုက်​ဆံ ၂သောင်း ​လောက်​ကို ကိုဒီပ​ကျော်​ဆီမှာ BTC 10$ သွားဝယ်​ပြီး သူဆီလွဲ​ပေးလိုက်​တယ်​။ ​နောက်​​တော့ သူဆီလဲ​ရောက်​​ရော သူ့Computer က Software Shutdown ဖြစ်​သွားတယ်​ Acc ဖျက်​​ပေးသွားပါတယ်​။ ဒီ​တော့​သေချာ​ပေါက်​သိလိုက်ပါပြီ။ အယုံလွယ်​လို့ အလိမ်​ခံလိုက်​ရတာပါ။ ဘဝပျက်​နိုင်​တဲ့အတိုင်းတာမဟုတ်​သည်​အတွက်​ ​ကျော်​​တော်​အတွက်​မ​ပြောစ​လောက်​ပါ။ လူလိမ်​​တွေ ဒီ Online ​ငွေရှာ​လောကထဲ​နောက်​မှ ဝင်​လာသူ​တွေကို နည်းအမျိုးမျိုးနဲ့လိမ်​အုံးမှာပါ။ လက်​ရှိက​တော့ အရင်​က​လောက်​​တော့ ဆိုးဆိုးရွားရွားအလိမ်​ခံရတာမ​​တွေ့​တော့​ပေမဲ့ ​ရှိ​တော့ရှိ​နေဆဲပါ။ ခင်​​ဗျားတို့ ​ကျော်​​တော်​လို​တော့ မဖြစ်​ကြ​ပါစေကုန်​နဲ့ ။ ​ကျော်​​တော်​ Steemit ဘက်​စ​လျောက်​မဲ့လိုစိတ်​ကူးခဲ့တာအရင်​ကတည်းကပါ။ အချိန်​မ​ပေးနိုင်တာ​ရယ်​။ Acc ဖွင့်​တာအခက်​ခဲဖြစ်​​နေတာရယ်​​တာ​ကြောင့်​​ပါ။ အခု​တော့ အချိန်​​ပေးနိုင်​ပါပြီ​လေ။ ​ကျော်​​တော့်​ Online မှာအလုပ်​လုပ်​​နေတာ Steemit တစ်ခုတည်း​တော့မဟုတ်​ပါ။ Faucethub ​၊ Hyip​ ၊ Coin trade ဒီသုံးခုကို အ​ဓိကထားလုပ်​​နေပါတယ်​။ Faucethub က​တော့ လက်​ရှိ Ref ​ကောင်း​နေတာ​ကြောင့်​ပင်​ပင်​ပန်းပန်း​တော့လုပ်​စရာမလိုပါ။ Hyip ​က​တော့အရှုံးမြတ်​ရှိပါတယ်​။ Coin trade တာ​က​တော့ မမြတ်​​တောင်​ လက်​ထဲအချိန်​ကြာကြာ​အောင်းထားနိုင်​အရင်း​တော့ ပြန်​ရပါတယ်​။ဒီ​လောက်​ဆိုရင်​​တော့ ​ကျော်​​တော်​ Online မှာ​ငွေဘယ်​လိုရှာလဲ?? Online ​လောကထဲမှာ ဘယ်​လိုကြုံခဲ့ရလဲ အကြမ်းမျဉ်း​လောက်​​တော့ သိ​လောက်​ပါပြီ​လေ။
ယခုသည်​ Intro post ဖြစ်​သည့်​အတွက်​ လိုအပ်​ချက်​များစွာ ရှိနိုင်​ပြီး ဖတ်​ရတာ ​ပေါ့ပျက်​ပျက်​ဖြစ်​​ကောင်း​ကောင်းဖြစ်​နိုင်​ပါမယ်​။ ​​ကျော်​​​တော့်​ထက်​ တက်​ကျွမ်းနားလည်​သူများ comment ​တွေအကြုံပြုပြီးဘယ်​လိုဆက်​​ရေးရမလဲ ဝိုင်းဝန်းအကြုံပြု​ပေးကြပါ​လေ။ မင်္ဂလာရှိ​သော​နေ့ဖြစ်​ပါ​စေ။

@shwetoe
Credit - (Google image)

Sort:  

ဖတ်ရတာတော့ မပေါ့ပါဘူး ပုံလေးတွေမပါတာရယ် ဆုံးထားပုံလေး
တစ်မျိုးဖြစ် တာရယ်နဲ့ အောက်မှာ ရေးသားသူ ဘယ်သူဆိုတာ မထည့်ထားတာလေးရယ်ပါ ။ ပညာလာသင်ပါဦးမယ်လေ online earning အကြောင်းတွေ လေ့လာခွင့်ပြုမယ်ဆို facebook profile link လေးမစပါဗျာ။

Yu Ya Hlaing လို့ Fb မှာရှာလိုက်​ပါ Profile ပုံက Bitcoin ပုံတင်​ထားပါတယ်​။ ​ကျော်​​တော့်​ပို့စ်​ အကြုံပြု​ပေးလို့​ကျေးဇူးပါ

ခံစားချက်ကို နားလည်ပါတယ် ကိုယ်တိုင်လည်း အလုပ်လုပ်ရင်း day တက်ခဲ့တာပါ steemit မှာ ငွေအပြင် တခြားအရေးကြီးတာတွေလည်း အပိုရှာကြည့်ပါလို့ အကြံပြုပါရစေ

ဟုတ်​။လေ​လောဆယ်​ Faucethub ကိုအဓိကထားလုက်​​နေပါတယ်​။ Ref​ကောင်​​​တော့ အဆင်​​ပြေပါတယ်​။

ကြိုဆိုပါတယ်ခင်ဗျာ
ငွေရှာနည်းတွေအကြောင်းရေးပေးမယ်ဆိုလို့လည်း ဝမ်းသာပါတယ်
ဆက်လက်ရေးသားပေးပါခင်ဗျာ

မျှဝေပေးတာ ကျေးဇူးပါဗျာ fb add လိုက်ပါတယ်

အားပေးပါတယ်အကို ကျွန်တော့်ကိုလဲပြန်သင်ပေးပါအုံးဗျ