steemonsters လေးနဲ့

in #myanmar5 years ago

steemmonsters ကို ဆော့ကစားလာခဲ့သည်မှာ ကြာပြီဟု မဆိုနိုင် ။ ကျွှန်တော်ဘဲ မဆော့နိုင်လို့လားမသိ ခုထိ ကောင်းမွန်သော အခြေနေ တစ်ခုကို ပိုင်ပိုင်နိုင်နိုင်တော့ မရှိသေးပါ ။ တစ်ရက်ကို တစ်ကောင် ရနိုင်သော အခွင့် အရေးရှိသည်ဆိုသော်လည်း တစ်ကယ်တမ်းကျတော့ သုံးလေးရက် တစ်ကောင်ပင် ရအောင် မဆော့နိုင် ဖြစ်ရသည် ။ ရထားသည့် အနည်းငယ်လည်း အရင်းကျေအောင် ရောင်းလိုက်သည့်ထဲ ပါဝင်သွားကြပြီ ။ အရင်းကတော့ မကျေသေးပါ ။ ဒီနေ့တော့ နှစ်ကဒ် ရသဖြင့် နည်းနည်း ပျော်သလိုရှိသည် ။ ရောင်းလိုက်သည့် အထဲတွင် summoners များ ပါဝင်သွားခြင်းက အလွန်ဆိုးပါသည် ။ တော်ပါသေးရဲ့ summoners မရှိသော်လည်း ဆော့သည့်အခါ lv1 များ အဖြစ်ရှိနေပေးလို့ ။

Screenshot_20190729_164421.png

level မတက်တော့ ဆော့ရသည်မှာ dec များ သိပ်မတက်တော့ပေ ။ dec လိုချင်သည့် အခါများ ကျပြန်တော့ ရောင်းလိုက်မိသည့်အရာများကို နှမျောမိသည် ။ ပြန်ကလဲ မဝယ်နိုင် ရောင်းကလဲ ရောင်းထားမိရက်သား ဖြစ်နေသည် ။ summoners များရဲ့ ဈေးကလဲ တစ်ဖြည်းဖြည်း မြင့်လာသည် ။ ကိုယ်လိုချင်သည့် summoners အဟောင်းများကလဲ ယခင်ကကဲ့သို့ ဆော့ရင်းလဲ မရနိုင် ။ card များပင် အဖိုးတန်များ ရဖို့ အခွင့်အရေးက နည်းပါးလွန်းသည် ။ အလွန်နောက်ကျမှ ဆော့မိခဲ့တဲ့ game လေး ဖြစ်သဖြင့် ဘယ်လိုလုပ်ရမည်တောင် စဉ်းစားရကြပ်နေသော အခြေနေ တစ်ခုတွင် ရောက်နေပါသေးသည် ။

လောဆလာဆယ်တော့ နည်းနည်းချင်းဘဲ ရှေ့ဆက်ဖို့စဉ်းစားထားပါတယ် ။ အချို့ level အမြင့်ပိုင်းမှလူအများကတော့ dec တွေနဲ့ များစွာဝင်နေသည်ကိုတွေ့ရပါသော်လည်း မိမိမှာ အနည်းငယ်ကိုပင် တွန့်ဆုတ်နေရသာအခါ ။ အားမလိုအားမရလေး တစ်ခုတော့ ဖြစ်မိတာပေါ့ ။

@smartdealear

Sort:  

Congratulations @smartdealear! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published more than 40 posts. Your next target is to reach 50 posts.
You distributed more than 200 upvotes. Your next target is to reach 300 upvotes.

You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Vote for @Steemitboard as a witness to get one more award and increased upvotes!