Lies

in #myanmar6 years ago

ဒီတစ်​ပတ်​ promotion ​လေး​ကို​တော့ ကျွန်​​တော်​ရဲ့အ​တွေးအတိုင်း lies ဆိုတဲ့ လိမ်​ညာမှု​တွေအ​ကြောင်း​ရေးသားချင်​ပါတယ်​။
✌ ယ​နေ့​ခေတ်​တွင်​မူလိမ်​ညာ​ခြင်း​တွေ social media ​တွေအထိ​ခေတ်​စားလာခဲ့တယ်​။
😊ကမ္ဘာဦးအစတွင်​မူ လိုတသစ်​ပင်​​တွေရှိကြတယ်​ ဆိုတာလူတိုင်းသိကြပါတယ်​။
😛လူ​တွေဟာငါးပါးသီလကိုမထိန်းသိမ်းမှု​ကြောင့်​ အဲ့လိုသစ်​ပင်​​တွေက သူ့အလိုလို​ပျောက်​ကွယ်​သွားတယ်​။
😊ငါးပါးသီလ​ထဲ လူတိုင်းကအပစ်​နည်းတယ်​ထင်​​သော လိမ်​လည်​ခြင်းဆိုတဲ့ မုသ ကိုအစဉ်​​ပြေသလို​ပြောတတ်​ကြတယ်​။
😔​ရှေးလူကြီး​တွေကလဲ စကားပုံတစ်​ခုကို စပ်​ဆိုခဲ့တယ်​။
😌အဲ့တာက မုသမပါလင်္ကာမ​ချောတဲ့။
😚လိမ်​လည်​ခြင်း​တွင်​မူ black and white လို အလွန်​ကွဲပြားခြားနားတဲ့ ကာလာ​တွေနည်းတူ ​ကောင်း​သောလိမ်​လည်​ခြင်းနဲ့ အကျိုးယုတ်​​အောင်​လိမ်​လည်​ခြင်းနစ်​မျိုးရှိပါတယ်​။
😁လူတိုင်းဟာလိမ်​ညာခြင်းကို ဘာသာစကားတစ်​ခုအဖြစ်​အသုံးပြုလာရတယ်​။
👼အဖြူ​ရောင်​ သို့ ​ကောင်း​သောလိမ်​လည်​ခြင်း👼
💦လူတိုင်းဟာ ​ကောင်း​သောလိမ်​လည်​ခြင်းကို အနည်းငယ်​အတွက်​သာအသုံးပြုကြတယ်​။ မိမိမိတ်​​ဆွေသူငယ်​ချင်းက အ​ကြောင်းအရာတစ်​ခု​ကြောင့်​ စိတ်​ညစ်​​နေတယ်​ဆို သူအားတတ်​​စေမဲ့အရာတစ်​ကို လိမ်​ညာပြီး​ပြောတတ်​ကြတယ်​။ဥပမာ- မိမိသူငယ်​ချင်းထဲတွင်​ တစ်​​ယောက်​​သောသူက သူ့၏ချစ်​သူနဲ့ပြတ်​သွားပြီဆိုပါစို့။ သူအားငယ်​စိတ်​ဓာတ်​ကျ​နေတဲ့အချိန်​ တစ်​ချိန်​ကသူကြိုက်​​နေတဲ့တစ်​​ယောက်​က သူ့ကို​ကြွေ​နေပြီလို့ လိမ်​ညာပြီး​ပြောဆိုလိုက်​ပါတယ်​။သူ၏ခံစားချက်​အနည်းငယ်​ သက်​သာသွားပြီး မဟုတ်​မှန်​သိလိုက်​ရတဲ့ အခါ သူကိုလိမ်​ညာပြီး​​ပြောတာသိပင်​မဲ့ မိမိသူငယ်​ချင်း အနည်းငယ်​​ပျော်​သွားလိမ့်​မယ်​။ လူ​တွေဟာအဖြူ​ရောင်​လိမ်​လည်​မှုကိုတစ်​ခါတစ်​​လေသုံးပင်​မဲ့ အဖြူ​ရောင်​လိမ်​လည်​မှု​တွေကလဲတစ်​ခါတစ်​​လေကြရင်​ ဆုတ်​ယုတ်​မှု​တွေဖြစ်​တတ်​ခဲ့တယ်​။💦
💀အနက်​​ရောင်​ သို့ မ​ကောင်း​သောလိမ်​လည်​ခြင်း👽
👂လူတိုင်းဟာ အနက်​​ရောင်​လိမ်​လည်​ခြင်းကို အသုံးပြုများလာကြတယ်​။ အနက်​​ရောင်​မှုကို မိမိကိုယ်​ကျိုးအတွက်​လိမ်​လည်​မှု​တွေပိုများပါတယ်​။ အနက်​​ရောင်​လိမ်​လည်​မှုကို တခြားသူ၏ဖြစ်​စဉ်​ကိုမကြည့်​ပဲလိမ်​လည်​ကြတယ်​။ မိမိအကျိုးရှိပင်​ တခြားသူဆင်းရဲဒုက္ခ​တွေ​​ရောက်​​အောင်​လိမ်​လည်​ကြတယ်​။ဥပမာ- ပွဲစားတစ်​​ယောက်​သည်​ အိမ်​တစ်​လုံးသူဆီအပ်​ပြီဆိုပါစို့။ အိမ်​​ရောင်းမည့်​သူအား ထိုအိမ်​က လမ်းနဲ့​ဝေးတယ်​ ​ဈေးနဲ့​ဝေးတယိတဲ့​ပြော ဟို​ပြောဒီ​ပြောနဲ့ ​ဈေး​လျော့​အောင်​​ပြောကြတယ်​။ အိမ်​ဝယ်​မည့်​သူကိုလဲ ထိုအိမ်​က မည်​သို့မည်​ဖုံ​ကောင်း​ကြောင်း​ပြောပြီး နစ်​​ပေါက်​တစ်​​ပေါက်​ရိုက်​ပြီး ကြားထဲက အကျိုးအမြတ်​အများအပြားယူသွားကြတယ်​။👀
💕 ​နေရာအနှံ့အပြား​တွေ​တွေလိမ်​လည်​မှု​တွေရှိကြပါတယ်​။ တစ်​ချို့ကြ​တော့လဲ အမှန်​တရားလား လိမ်​တာလားပင်​မသိ​အောင်​ လိမ်​တတ်​ကြတယ်​။ထိုသို့လိမ်​လည်​ခြင်း​တွေက ယ​နေ့​ခေတ်​တွင်​ social media ​တွေမှာ အများအပြား​ခေတ်​စားလာခဲ့တယ်​။လိမ်​လည်​ခြင်း​တွေက တရားရုံး​တွေ ရဲဌာန​တွေအထိပါ​ရောက်​လာခဲ့တယ်​။ တရားရုံးတွင်​လဲ ​ရှေ့​နေ​တွေကလဲ မိမိ၏အမှုသည်​နိုင်​ဖို့အတွက်​ လိမ်​လည်​မှု​တွေလဲ ထွက်​လာကြတယ်​။💕
ဒီ​နေ့​တော့ ဒီ​လောက်​နဲ့ နားလိုက်​မယ်​​နော်​ အား​ပေးကြပါဦး။
image
အ​တွေးသစ်​​တွေနဲ့ smilekinglay
@smileking
Msc 255

Sort:  

မုသားမပါ လင်္ကာမချောတဲ့ ကိုယ့်ရဲ့မုသားဟာ တစ်ပါးသူရဲ့ အခက်အခဲကိုဖြေဖျောက်ပေးနိုင်တယ်ဆို ပြောသင့်ပါတယ်

ဟုကဲ့ ဘုန်းဘုန်း

လိမ်ညာပေါတဲ့ခေတ်
အချစ်စစ်တော့ ရှိမှာပ

ဟဲဟဲ

ချိုမြိန်တဲ့ မုသားဆိုရင်တော့လည်း

ဟဲဟဲ

ခုခောတ်က အလိမ်အညာတွေ ပေါလွန်းတဲ့ခောတ်ပါပဲ့

ဒါ​ပေါ့ဗျာ