ခြ

in #myanmar7 years ago

မေး။ ခြတောင်ပို့ပေါ်ကနေ ရေနံဆီ လောင်းချလိုက်ရင် ခြတွေ သေလား❓❓❓

ဖြေ။ ခြဆိုတာ အင်မတန် သတ်ရခက်တယ်။ တစ်သိုက်လုံးက အရမ်း စည်းလုံးတဲ့အပြင် တောင်ပို့ တစ်လုံး ရဲ့ တည်ဆောက်ပုံကလည်း 🔎 ပြင်ပ အန္တရာယ် မကျနိုင်အောင် ထွက်သော လေပေါက်ဟာ လေမဝင်၊ ဝင်သောလေပေါက်ဟာ လေမထွက်စေအောင် စနစ်တကျနဲ့ တည်ဆောက်ထားတာ ဖြစ်တယ်။

ဒါ့ကြောင့် တောင်ပို့ပေါ်ကနေ ရေနံဆီ လောင်းချ 💧တာလောက်က ခြအန္တရာယ် မပြီးသွားဘူး။ ထပ်လာ ဦးမှာပဲ။

ဒါဆို စပရေး 💦ဖျန်းရင်ရော ရသလား ဆိုတော့ ခြ အသိုက်ထဲက သူတို့ရဲ့ နေထိုင်ပုံ တွေကို သိမှ ရတော့မယ်။ 🔦🔎🔬အလွယ်ရှင်းပြရရင်တော့ဗျာ... ခြသိုက်တစ်ခုမှာ တကယ့် မိန်းကောင်တွေက မြေပေါ်ကို ဘယ် တော့မှ ထွက်မလာ ဘူး။🐜🐜 မြေပေါ်မှာ တွေ့နေရတယ်ဆိုရင်လဲ ဘယ်တော့မှ မိန်းကောင်တွေ မဟုတ် ဘူး။ အလုပ်သမားတွေ... တပ်သားတွေ။ ဒါတွေချည့်ပဲ။ 🐜🐜🐜

ဒါ့ကြောင့် အဲ့သလို စပရေး ဖျန်းရင် အပေါ်မှာ တွေ့တဲ့ အကောင်တွေသာ သေသွားတယ်။ အထဲက အကောင်တွေ တစ်နေ့ တစ်နေ့ သောင်းချီ ထုတ်နေတဲ့ ဘုရင်မ...၊ မျိုးပွားဖို့ အမြဲ မိတ်လိုက် နေရတဲ့ ဘုရင်...၊ ပြီးတော့ ဘုရင်မ တစ်ခုခု ဖြစ်တာနဲ့ ချက်ချင်း သူ့နေရာကို အစားထိုးလို့ အကောင်တွေ ဆက် မွေးထုတ်မယ့် secondary reproductive ခြတွေ...၊ ပြုစုစောင့်ရှောက်နေတဲ့ nursery ခြတွေ၊ မိုးလေး တပြိုက်လောက် ရွာတာနဲ့ အပြင်ထွက်ပြီး နောက်ထပ် အသိုက်ခွဲဖို့ တောင်ပံ တပြင်ပြင်နဲ့ စောင့်နေ ကြတဲ့ ပလူတွေ... အစရှိတဲ့ မိန်းကောင်တွေ ကျန်နေသရွေ့ ခြ ပြဿနာဟာ ကျန်နေဦးမှာပါပဲ။

ဆိုတော့... ပုစ္ဆာ တစ်ပုဒ် ဖြေပေးပါ ခင်ဗျား။💭💭💭

ခြ ၁ ကောင် ဟာ ပေ တစ်ထောင် ပတ်လည်တွင်းက သစ်တွေကို အကုန်ပြောင်အောင် ကိုက်ဖို့ ပျမ်းမျှ နှစ်ပေါင်း ၃ ထောင် ၁ ရာ ၄၄ နှစ် ကြာတယ် ဆိုရင်... အခုခင်ဗျားရဲ့ အိမ် တစ်ခုလုံး🏡 ပြောင်ဖို့ ခြ တစ်သိုက်က ဘယ်နှစ်ရက်လောက် အားထုတ်ရမလဲ။

လေးပေလောက် မြင့်တဲ့ တောင်ပို့ တစ်ခုမှာ ပျမ်းမျှ ခြကောင်ရေ ၃ သိန်း ရှိတယ်။ အိမ်တစ်အိမ်က သစ်တွေကို ဖျက်ဆီးတာသည် တပ်သားခြတွေ ဖြစ်ပြီးတော့ ယေဘူယျအားဖြင့် ကိုလိုနီ တစ်ခုလုံးရဲ့ ၁၄% လောက် အကောင်ရေ ရှိတယ်။

၁၄% ဆိုတဲ့ ခြအကောင် လေးသောင်း နှစ်ထောင်သာ တက်ညီလက်ညီနဲ့ ကိုက်မယ်ဆိုရင် တစ်လပဲ။ ပေတစ်ထောင် ပတ်လည် သစ်ဝိုင်း ပြောင်ပြီ။

ကျွန်တော်တို့ အကြမ်းဖျဉ်းအားဖြင့် အိမ် ၃ မျိုး ၃ စား ရှိတယ်လို့ ယူဆနိုင်ပါတယ်။ ခြစားပြီး ထားခဲ့တဲ့ အိမ်ရယ်၊ ခြ လာစားတော့မယ့် အိမ်ရယ်၊ ခြတွေ ပျော်ပျော်ကြီး စားနေတဲ့ အိမ်ရယ်။

လူကြီးမင်းရဲ့ အိမ်က... ဘယ်အထဲမှာပါသလဲ။ အဲ့ဒီ အိမ်တစ်လုံး ကုန်သွားဖို့ ဆိုရင် ခြ တစ်သိုက်က ဘယ်နှစ်ရက် လောက် အားထုတ်ရမယ်လို့ ထင်ပါသလဲ။

တစ်ခုထဲသော နှိမ်နင်းရေး အဖြေက ဒိုမီနို အာနိသင်လို့ ခေါ်တဲ့ စနစ်ဖြစ်တယ်။ ဒိုမီနို စနစ်ရဲ့ အလုပ်လုပ်တဲ့ ပုံစံက အောက်ပါအတိုင်း ဖြစ်ပါတယ်။ 🎯

အရင်ဆုံး အပေါ်ကို တက်လာတဲ့ အကောင်တွေကို အဆိပ်ဧရိယာကနေ ကျွန်တော်တို့ ဖြတ်သန်းခိုင်း ရပါတယ်။ ဒီလို ဖြတ်သန်းပြီး သူတို့ ကိုယ်မှာ အဆိပ်တွေ ကပ်သွားစေရပါတယ်။ အဲ့ဒီ အဆိပ်ဟာ ချက်ချင်းသေတဲ့ အဆိပ်မဟုတ်တဲ့ ဖြည်းဖြည်းချင်း သေစေမယ့် ဆေးမျိုးကို သုံးရတယ်။ အဲ့ဒါ ဒိုမီနို အာနိသင် ရှိတဲ့ အဆိပ်လို့ ခေါ်ပါတယ်။

ဒီလို အဆိပ်ပေသွားတဲ့ ခြဟာ အသိုက်ကို ပြန်တယ်။ အသိုက်မှာ လုံခြုံရေးစောင့်နေတဲ့ ခြအုပ်စုက ပြန်လာတဲ့ အကောင်တွေရဲ့ ကိုယ်ကို လျက်ကြတယ်။ ဒါကို ကျတော့ grooming လုပ်တယ် လို့ ခေါ်ပါတယ်။

ဒီလို သန့်ရှင်းရေး လုပ်တဲ့အချိန်မှာ သန့်ရှင်းရေး လုပ်သား တွေဟာ အဆိပ်သင့်ကုန်တယ်။ သို့သော် တန်းမသေသေးဘူး။ ဒီကောင်တွေက ကျန်တဲ့ တခြားခြတွေကိုလည်း အစာစားချိန်မှာ အစာခွန့် ရတယ်။ အဲ့ဒီကျတော့မှ mouth to mouth ကူးစက်ပြီး အကုန် အဆိပ်သင့်ကုန်တယ်။ နောက်ဆုံး ဘုရင်မ အထိပါ အဆိပ် ရောက်သွားမှ ဒီတစ်သိုက် ပြဿနာ နိဋ္ဌိတံ သွားလိမ့်မယ်။

Prothor ဆိုတာ ဘာလဲ။

Prothor မှာ အထက်ပါ ပြောခဲ့သလို ဒိုမီနို အာနိသင် ရှိရုံမက သူ့ရဲ့ ဖော်စပ်ထားပုံအရ မြေလွှာ အတွင်းကို ထိုးသွင်းပြီးတော့ ကာလကြာရှည် ထိန်းသိမ်းထားနိုင်စွမ်း ရှိတဲ့ ဆေးလို့ ပြောရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် Prothor သည် ကုသရေးရော ကာကွယ်ရေးအတွက်ပါ အဆင်သင့်မယ့် ဆေးဖြစ်လို့ ခြနှိမ်နင်းရေး သမားတိုင်း လက်မလွှတ်သင့်တဲ့ ဆေးလေး ဖြစ်ကြောင်း သတင်းကောင်း ပါးပါရစေ။ ဆက်သွယ် ရယူနိုင်တဲ့ လိပ်စာကတော့

Green Pest Management
မာလာမြိုင် အရောင်းစင်တာ
ကျွန်းတောလမ်းနဲ့ နာနတ်တောလမ်းထောင့်
ဖုန်း ၀၁ ၅၀၂၉၁၉ ၊၀၉ ၅၀၃၅၆၃၄၊ ၀၉ ၄၂၀၀၁၁၄၃၂