ဒီနေ့တော့သင်္ကြန်နားနီးလာတဲ့အတွက် သင်္ကြန်အကြောင်းလေး ရေးချင်စိတ်ဖြစ်လာလို့ sharing လုပ်ပါရစေ။ ကျွန်တော် အရင်ကသိသော သင်္ကြန်အကြောင်းကို စပြောပါရစေ. မြန်မာ လူမျိုးတယောက်ဖြစ်တဲ့အတွက် သင်္ကြန်ကို မြန်မာနှစ်သစ်ကူး လို့ ကျွန်တော်သိခဲ့တယ် ဒါပေမဲ့ ကျွန်တော်မသိတာက ဘာလို့ ရေလောင်း ရေပက်တာလဲ ကျွန်တော်မသိခဲ့ဘူး နှစ်ကူးပြီဆို အသက်က တစ်နှစ်ကြီးသွားပြီလေ ဘာလို့လူတွေ အသက်ကြီးလာကိုပျော်နေတာလဲ ကျွန်တော်စဉ်းစားမရအောင်ကိုဖြစ်မိတယ် ဒါပေမယ့် တချို့ ကကုသိုလ်ကောင်းမှုတွေလုပ်ကြတယ် တချို့က တရားစခန်းတွေ ၀င်ကြတယ် ဘယ်ဟာက အမှန်လဲကျွန်တော်မသိခဲ့ဘူး
အခု သိခဲပါပြီ သင်္ကြမှာဘာလို့ရေလောင်းတာလဲ ။ ကျွန်တော်တို့ဗမာလူမျိုးတွေဟာအရင်က ဒိဌိတွေပါ အနော်ရထာမင်းကြီးကြောင့် သာသထုံကနေ ပိဋကဒ် ၃ပုံကိုပင့်ဆောင်ခဲ့လို ဗုဒ္ဓဘာသာထွန်းကားခဲ့တာပါ အဲ့ဒီမတိုင်ခင် ဘုရားလက်ထက်ကတည်းက ဒိဌိ တွေဟာနှစ်ကူးပြီဆို မြစ်ချောင်း တွေထဲမှာ ရေစိမ်ခံပါတယ် ဘာကြောင့်လဲဆိုတော့ အရင်နှစ်ကအညစ်အကြေးတွေ မရှိတော့အောင် ဆိုပြီးလုပ်ကြပါတယ်
ဘုရားရှင်လက်ထက် အနာထပိန် သူဌေးကြီးရဲ့ ၉၉ယောက်မြောက် ကျွန်ကမွေးဖွားတဲ့ ခုနစ်နှစ်သမီးကျွန်မလေးဟာ မြစ်ဆိပ်မှာ အ၀တ်လျှော်ပန်းကန်ဆေးနေတဲ့ အချိန် သူဌေး တစ်ယောက်ဟာမြစ်ထဲဆင်းသွား သွားပြီးရေထဲမှာနေနေတာ ကိုတွေ့တော့ ကလေးမလေးက ဦးလေးဘာလုပ်နေတာလဲလို့ မေးလိုက်သတဲ့ အဲဒီအချိန်မှာသူဌေးက နှစ်ကူးပြီဆိုတော့ အရင်နှစ်က အညစ်အကြေး အကုသိုလ်တွေ ရေထဲပါသွားအောင် ရေထဲမှာနေနေတာလို့ပြန်ဖြေလိုက်တယ် ကလေးမလေးကသူတော်ကောင်းမလေး အနာထပိန် ရဲ့ကျွန်မလေးဖြစ်တဲ့အတွက် ဦးလေး
"ရေက ကုသိုလ် အကုသိုလ် ခွဲခြားတတ်လား"လို့မေးလိုက် တော့ ဘယ်လိုလုပ်ခွဲခြားတတ် မလဲလို့ပြန်ဖြေ လိုက်တယ်။ ဒါဆို ဦးလေး ဒီလိုရေထဲမှာနေနေတော့ အရင်ကလုပ်ထားတဲ့ကုသိုလ်တွေပါရေထဲမှာပါသွားမှာပေါ့လို့ပြောလိုက်တဲ့ အခါ သူဌေးဟာရေထဲက နေအတင်းပြေးတက်လာပြီး ကလေးမလေး ကိုကျေးဇူးတင်ကြောင်းဒီအသိတွေ ကိုဘယ်ကရလဲဆိုတာတွေကို မေးမြန်းစုံစမ်းပြီး ထွက်သွားပါလေသတဲ့
ဒီအကြောင်းကိုသိတော့မှ တချို့လူတွေဟာသင်္ကြန်မှာ ရေကစားကြတယ် တချို့လူတွေဘာကြောင့် ကုသိုလ်ကောင်းမှုတွေလုပ် တရားစခန်းတွေ ၀င်ကြသလဲဆိုတာကို သဘောပေါက်တော့တယ်
သင်္ကြန် ဆိုတာ သင်းကျန်ဆိုတဲ့ စကားကဆင်းသက်လာပါတယ် သချိုင်္င်း ရောက်မဲ့ရက်က နည်းနည်းပဲ ကျန်တော့ လို့ သင်းကျန် ကြာလာတော့ သင်္ကြန် ဖြစ်လာတာပါ အသက်တစ်နှစ် ကြီးလာတော့ သချိုင်္င်းရောက်မို့ တစ်နှစ်နီးလာ ပြီလေ ဒါဟာ အခုကျွန်တော်သိသော သင်္ကြန်ပါ
ဖတ်ရှုသူအားလုံး အသိတစ်ခု ရကြပါစေလို့ဆုတောင်းလျက်........
Msc 236
@soeyan
credit photo facebook
စိတ်အညစ်အကြေးတွေကို ရေနဲ့ဆေးချလို့မရတာမို့ ကောင်းမှုကုသိုလ်တွေနဲ့ပြန်လည်ဆေးကြောကြရမယ့် အချိန်အခါလေးပါ
ဟုတ်ပါတယ်ဗျာ
ဟုတ်တယ်ဗျာ သင်္ကြန်တခါရောက်တိုင်း အသက်တနှစ်ကြီးလာတာမေ့မေ့နေတယ်။
မေ့နေတာသိသွားလို့ကျေနပ်ပါတယ်
ဟုတ်ကဲ့ပါ စာဖတ်မရ့ 😁😁😁
သင်္ကြန်လဲပြီးကိုယ်တွေလဲအသစ်တစ်နှစ်ကြီး😊
Right
အသက်ကြီးတာနှင့်အမျှကုသိုလ်ကောင်းမှူတွေများအောင်ကြိုးစားရမှာပေါ့ရှင်
လုပ်သင့်ပါတယ်ဗျာ
5ရက်ဘဲ ပိတ်တာ ဆိုးတယ်။
:-) အကြောင်းရှိလို့ပါ
သင်္ကြန် ရဲ့မြေသင်းနံ့လေးတွေကြိုက်တယ်
မသိဘူး ကဲမယ်
ပိတ်ရက်ရှည်ရင်ပိုပျော်မိမယ်😄😄😄
ဟဟပဲရမယ်
ရေတောင်မကစားရဲတော့ဘူး သင်းဂျိုင်းကဆင်းသက်လာတယ်ဆိုလို့ တရားစခန်းပဲသွားတော့မယ်သက်လား
:-) :-) :-) :-) :-)
သြော် သင်္ကြန်တောင်ရောက်တော့မှာပါလား
ရောက်တော့မယ်ဗျ
မှန်ပါတယ်ဗျာ...ဘာလိုလိုနဲ့ သင်္ကြန်တောငိရောက်တော့မယ်
☺ ☺ ☺ ☺ ☺
နှစ်ဟောင်းကအညစ်အကြေးကိုနှစ်သစ်ကိုမပါသွားဖို့အရေးကြီးပါတယ်
ရေမချိုးဘူးထင်တယ်:-) :-) :-) :-)
သင်္ကြန်ရောက်လာတာ သချိင်္ုင်းရောက်ဖို့ တစ်နှစ်နီးလာတာဆိုတော့ သင်္ကြန်ရောက်တာ ပျော်ရမလို မပျော်ရမလို။
☺ ☺ ☺ ☺ ☺
တရားပဲ အားထုတ်တော့မယ်ဗျာ😁😁😁
ကြေးစည်သံ မထင် မထင် မထင်
ဟုတ်ကဲ့ပါ အသိတရားတစ်ခုရတဲ့အတွက်ကျေးဇူးပါ bro
ဝမ်းသာပါတယ်ဗျာ
မျှဝေပေးတာကျေးဇူးပါဗျာ....။
ဟုတ်ကဲ့ပါ
Congratulations @soeyan! You have completed some achievement on Steemit and have been rewarded with new badge(s) :
Award for the number of upvotes
Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP