ပျံသန်းတတ်သော ငါးများ ( Flying Fishes )

in #myanmar6 years ago (edited)

ပျံသန်းတတ်သော ငါးများ ( Flying Fishes )

ကျောရိုးရှိ သတ္တဝါ မျိုးပေါင်းစု ဖြစ်ပြီးတော့ သိပ္ပံအမည်ကတော့ Exocoetidae ဖြစ်ပါတယ်။

Flying Fishes ပျံသန်းတတ်သော ငါးများသည် မျိုးနွယ် ၈ ခုရှိပြီး မျိုးစိတ်ပေါင်း ၆၇ ခုရှိသည်။

Flying Fishes များသည် ကမ္ဘာကြီး၏ အပူပိုင်းဒေသ နှင့် အပူလျော့ပိုင်းဒေသများတွင် အများဆုံး နေထိုင်ကျက်စားလေ့ ရှိကြပါတယ်။

၎င်းတို့သည် အထူးသဖြင့် သမုဒ္ဒရာကြီးများ၏ ကန့်သတ်ထားသော နေရာများတွင် ရှိတတ်ကြသည်။

Flying Fishes များသည် မြူးတူးပျော်သည့်အခါများတွင် အများဆုံး ပျံသန်းလေ့ရှိကြသည်။

Flying Fishes မျိုးစိတ်အများစုသည် ၃၀ စင်တီမီတာအောက် လျော့နည်းကြသည့် အတွက် သေးငယ်သည်ဟု ဆိုရပေမည်။

အချို မျိုးစိတ်များသည် ၃၀ စင်တီမီတာထက် ပိုကြီးပါသည်။

သေးငယ်သော ကြေးခွံလေးများဖြင့် ငါး၏ ခန္ဓာကိုယ်ကို ဖုံးအုပ်ထားပါတယ်။

Flying Fishes ငါးများကို ဘာဘေဒိုနိုင်ငံ၏ ငါးဖမ်းသမားများသည် မသိတဲ့သူ မရှိသလောက်ပင်ဖြစ်သည်။

ဘာဘေဒိုနိုင်ငံတွင် Flying Fishes ငါးများသည် နိုင်ငံ၏ စီးပွားရေးအတွက် အလွန်အရေးပါသော ဖြစ်သည်။

တစ်နေ့ကို ငါးဖမ်းသင်္ဘော စီးရေ ၃၀၀ ၊ ရေခဲသင်္ဘော စီးရေ ၁၅၀ နှင့် ငါးဖမ်းသမား ၁၁၀၀ ကျော်က ငါးများ ဖမ်းယူနေပြီး ငါးဒိုင် အဖြစ် ငါးများ သိမ်းယူသူမှာ ၄၅၀ ဦးရေ ရှိသည်။

Flying Fishes ငါးများသည် ဘာဘေဒိုနိုင်ငံ၏ စီးပွားရေး ပင်မအသက်သွေးကြာတစ်ခု ဖြစ်သောကြောင့် ဘာဘေဒို နိုင်ငံ၏ တံဆိပ်ခေါင်း ၊ ဒင်္ဂါးပြားနှင့် ပိုက်ဆံများတွင် Flying Fishes ငါးပုံ ကို ထည့်သွင်းထားသည်ကို မြင်တွေ့ခြင်းဖြင့် Flying Fishes ငါးသည် ဘာဘေဒိုနိုင်ငံ၏ စီးပွားရေးတွင် မည်မျှ အရေးပါသည်ကို သိရှိနိုင်ပေသည်။

Flying Fishes များကို ရန်ပြုနိုင်တဲ့ သတ္တ၀ါတွေကတော့ ပင်လယ်ထဲမှာဆိုရင် နို့တိုက်သတ္တ၀ါများ ၊ ဆူးတောင် ပါသော သတ္တ၀ါများ ၊ ပင်လယ်ငှက် နှင့် Sea Lion ဟုခေါ်သော ပင်လယ်ဖျံများဖြစ်ပါတယ်။

Flying Fishes များ၏ သားကောင်များကတော့ သေးငယ်သော ငါးလေးများနှင့် အခြားသော သတ္တ၀ါငယ်လေးများဖြစ်ပါတယ်။

Thanks For Your Support.
@steemloverr
Photo Credit >>>>> Google Image

Sort:  

အားပေဲးပါတဗျ

ကျေးဇူးပါ ခင်ဗျ