လူ့စရိုက်တဲ့လား
သံယောဇဉ်ကို မျက်ကွယ်ပြု
ခင်မင်မှုဆိုတာ ဘေးချိတ်
မကြိုက် တစ်ခါလေးနဲ့
သွားလိုက်တော့ စည်းအပြင်
နင့်ဟာနင် ဘယ်လိုနေနေ။
လူ့ စရိုက်တဲ့လား
စည်းကမ်းနဲ့ အညီနေ
မနေနိုင်တာ လူဖြစ်ရှုံးတာတဲ့
လူပေါက်ပန်း နင့် အတွက်
လူ့စည်းမှာ နေရာ မရှိဘူး
သွားလိုက်တော့ ရွာအပြင်
နင့်ဟာနင် ဘယ်လိုနေနေတဲ့။
လူ့ စရိုက်တဲ့လား
မသိတဲ့အမှားအတွက်
တာဝန်ယူခဲ့တာတောင်
ဒီလူက မှားတက်သူပါကွာ
လမ်းတွေ့ရင် ဝေးဝေးရှောင်တက်ပြီး
လူ့စည်း အပြင်ကို တွန်းတွန်းထုတ်ရင်း
နင့်ဟာနင် ဘယ်လိုနေနေတဲ့။
@suhlaing
msc 175

Congratulations @suhlaing! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :
Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word
STOPthanks
လူ့စရိုက် အစုံပါပဲ မမစုရေ😊
Posted using Partiko Android
ဟုပ😂
Posted using Partiko Android