ဆေးဝါး

in #myanmar6 years ago

ဒီကနေ့ ဖြစ်နေတဲ့ ကင်ဆာ အများစုဟာ စားတဲ့ အစာနဲ့ ပတ်သက်
နေပါတယ်...

Fame ဆေးဝါး ထုတ်လုပ်ရေး လုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာ
ဒေါက်တာ ခင်မောင်လွင်နှင့် တွေ့ဆုံခြင်း

ယနေ့ ရန်ကုန်မြို့၏ လမ်းမများပေါ် လမ်းလျှောက်သွားမည်ဆိုလျှင် အများစု မြင်တွေ့ရသည်က လမ်းဘေးတွင် ရောင်းချနေသည့်
အကင်ဆိုင်များ။ လူစည်ကားသည်ကလည်း ယင်းဆိုင်များတွင်ပင်။ မကြာသေးမီ နှစ်များဆီကမှ စတင်ပြီး အကင်ကို မြန်မာတို့ တွင်တွင်ကျယ်ကျယ် စားလာခဲ့ခြင်း ဖြစ်သည်။ အကျိုးဆက်ကတော့ မကောင်းဟု ဆိုသည်။ ယနေ့ကာလတွင် ကင်ဆာဟူသည့် ရောဂါဆိုးကြီး
သည်လည်း အချိန်အခါ၊ အသက်အရွယ်မရွေး ဖြစ်ပေါ်နေသည့် ကာလ ဖြစ်သလို ကင်ဆာဖြစ်သူ ဦးရေသည်လည်း တစ်နေ့
တစ်ခြား တိုးလာနေသည်။ ယင်း၏ အဓိက တရားခံသည် ဆိုခဲ့ပါ
အကင်များ၊ ဓာတုဆေး ဆိုးထားသည့် အစားအစာ၊ မှိုတက်ထား
သည့် အစားအစာ၊ ပြည့်ဝဆီတို့ ဖြစ်သည်။ ယင်းအစားအစာများ
နှင့် ပတ်သက်၍ အများပြည်သူ သိရှိ ရှောင်ရှားနိုင်ရန် ရည်ရွယ်၍ ENVOY သတင်းဂျာနယ်က ဒေါက်တာခင်မောင်လွင်နှင့် သွား
ရောက် တွေ့ဆုံ မေးမြန်းဖြစ်ခဲ့သည် - - -

ဆရာခင်ဗျာ။ မှိုဆိပ်လို့ခေါ်တဲ့ Aflatoxins ဟာ လူကို ကင်ဆာ
ဖြစ်စေတယ်လို့ သိရပါတယ်။ အဲဒီ့ မှိုဆိပ်က ငရုတ်သီးတောင့်၊
မြေပဲ စတဲ့ အသီးအနှံတွေ၊ ငါးခြောက်၊ ပုစွန်ခြောက်တို့ စတဲ့
သားငါးတွေ စွတ်စိုပြီး မှိုတက်ရာကနေ စဖြစ်တယ်လို့ သိရပါတယ်။ အဲဒီ့ Aflatoxins ရဲ့ ဆိုးကျိုးကို သိပါရစေ။
image
Aflatoxins ဆိုကာက အရမ်းကြောက်ဖို့ကောင်းတဲ့ အဆိပ်
ဖြစ်ပါတယ်။ သူက ခန္ဓာကိုယ်ထဲ ဝင်ပြီးရင် ခန္ဓာကိုယ်ကို အနည်းနဲ့အများ ဒုက္ခပေးတာပဲ။ အဲတော့ ကျွန်တော်တို့က Aflatoxins ကင်းအောင် ဘာလုပ်ရမလဲဆိုတော့ ကျွန်တော်တို့စားတဲ့ အစား
အစာတွေကို နေရောင်မှာ ပြလိုက်။ နေရောင်မှာပါတဲ့ UV နဲ့ ထိရင် Aflatoxins က ပျက်စီးတယ်။ ဈေးကဝယ်လာတဲ့ ပုစွန်ခြောက်
စတာတွေကို နေပူ တစ်ရက် နှစ်ရက်လောက် ပြလိုက်ရင် နဂိုက ပါလာခဲ့ဦး အဆိပ်က လျော့ကျသွားမယ်။ ခန္ဓာကိုယ်ကို ဒုက္ခ
မပေးနိုင်တော့ဘူး။ Aflatoxins က 200 ppt ပမာဏထ
ိအောင် ပါတာ ပြသာနာ မရှိသေးဘူး။ အဲထက်ကျော်ရင်တော့
လူကို အန္တရာယ် ဖြစ်စေပါတယ်။

ဘယ်လို အခြေအနေ၊ ဘယ်လောက် အတိုင်းအတာထိအောင်
ဆိုးကျိုးပေးတတ်ပါသလဲ။
![image](
ဥပမာတစ်ခု ပြရမယ်ဆိုရင် မြေပဲတွေမှာ မှိုတက်ရာကနေ စပြီး Aflatoxins ဆိုတဲ့ မှိုဆိပ်ကို ဖြစ်ပေါ်စေတယ်။ အဲဒီ့မြေပဲကို
ဆီကြိတ်လိုက်တဲ့အခါ Aflatoxins ဆိုတဲ့ မှိုဆိပ်က ဆီထဲကို
ပါသွားရာကနေ လူကို အန္တရာယ် ဖြစ်စေတယ်။ ပြီးတော့
မြေပဲဖက်တွေမှာလည်း ပါနေပြီး အဲဒါကို နွားက စားမယ်။ အဲဒီ့
ကနေ သူ့ရဲ့ နို့ထဲမှာ ပါလာတယ်။ အဲဒီ့နို့ကို နွားနို့၊ နို့မှုန့် စတဲ့
နို့ထွက်ပစ္စည်းတွေ လုပ်သွားမယ်ဆိုရင် ဆက်ပြီး ပါလာမယ်။
အဲဒါကို သတိပြုဖို့ လိုတယ်။ သဘာဝ အစားအစာဖြစ်တဲ့ မြက်
ကိုစားတဲ့ နွားမှာကတော့ ပါစရာ အကြောင်းမရှိဘူး။ အဓိကက
တော့ မြေပဲဖက်စားတဲ့ နွားတွေမှာ ဖြစ်တတ်ပါတယ်။ ဒါလေးတွေ
ကို သတိပြုဖို့ လိုပါတယ်။ Aflatoxins က အပူချိန် ၃၀၀ ဒီဂရီထိ ခံနိုင်ရည် ရှိတယ်။ အဲတော့ ခန္ဓာကိုယ်ထဲ ရောက်ဖို့ မခဲယဉ်းဘူး။

ဒီကနေ့ ဖြစ်ပွားနေတဲ့ ကင်ဆာရောဂါရဲ့အခြေအနေကို သိလိုပါ
တယ်။

ကျွန်တော်တို့ ငယ်ငယ်က ရှူတဲ့လေနဲ့ ဒီကနေ့လေ မတူတော့ဘူး။ ကျွန်တော်တို့ ငယ်ငယ်ကစားတဲ့ အစားအစာနဲ့ ဒီကနေ့စားတဲ့ အစားအစာကလည်း အများကြီး ကွာခြားသွားပြီ။ ဒီဟာတွေကြောင့်မို့ ကျွန်တော်တို့ နိုင်ငံ အပါအဝင် တစ်ကမ္ဘာလုံးမှာ ကင်ဆာဖြစ်တဲ့
နှုန်းက ကျမသွားဘဲ တောက်လျှောက် တက်လာပါတယ်လို့ ကမ္ဘာ့
ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အစီအရင်ခံစာက ဆိုတယ်။
တစ်ကမ္ဘာလုံးမှာရှိတဲ့ နိုင်ငံ ၆၀ ကျော်မှာ ရှိတဲ့ အချက်အလက်တွေကို စုစည်းပြီးတော့ WHO က သုံးသပ်ကြည့်တဲ့ အခါမှာ ဒီနေ့ဖြစ်
နေတဲ့ ကင်ဆာတွေရဲ့ ၇၅ ရာခိုင်နှုန်းက ကျန်းမာတဲ့ အစားအစာကို စားခြင်းအားဖြင့် ကာကွယ်နိုင်တယ်တဲ့။ လူလေးယောက်မှာ
သုံးယောက်က အစားအစာမှားလို့ ဖြစ်ပါတယ်။ ဒါ နည်းတဲ့ ရာခိုင်
နှုန်း မဟုတ်ပါဘူး။

ယနေ့ကာလ အဖြစ်များတဲ့ ကင်ဆာဟာ ဘယ်ကနေ ဖြစ်တယ်ဆိုတာ သိလိုပါတယ်။

ဒီကနေ့ ဖြစ်နေတဲ့ ကင်ဆာ အများစုဟာ စားတဲ့ အစာနဲ့ ပတ်သက်
နေပါတယ်။ အဲဒါကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က လေ့လာ သုတေသနပြုခဲ့တာ ဖြစ်ပါတယ်။ အဲဒီ့ကနေပြီးတော့ မကြာသေးမီ
က ထုတ်ပြန်ချက်အရ ကမ္ဘာကြီးမှာ ကင်ဆာဖြစ်တဲ့နှုန်းတွေက
လျော့ကျမသွားဘူး။ တက်လာပါတယ်။ ဆေးပညာ တိုးတက်တယ် ပြောကြတယ်။ ဆေးပညာ တိုးတက်ရင် လူတွေ ရောဂါတွေ
နည်းသွားရမယ်။ တစ်ဖက်က ဆေးပညာ တိုးတက်တယ်ပြောပြီး
တစ်ဖက်က ရောဂါတွေကလည်း တစ်ခုမှ ကျမသွားဘူး။ အဲဒါ
ဘာဖြစ်လို့လည်းဆိုရင် ဒီကနေ့ နေထိုင်စားသောက်မှုတွေက ပို၍ပို၍ ပျက်စီးလာလို့ ဖြစ်တယ်။

ကင်ဆာဖြစ်စေတဲ့ အစားအစာတွေထဲမှာ အဓိက ဖြစ်စေတဲ့
အစားအစာကို သိလိုပါတယ်။

ကင်ဆာ ဖြစ်စေနိုင်တဲ့ အစားအစာထဲက ဒီကနေ့ ကမ္ဘာမှာ အဆိုးဝါးဆုံးက ဘာလဲဆိုရင် အကင်တွေ ဖြစ်ပါတယ်။ အကင်မှာ ဘာပါလဲဆိုရင် HCAs လို့ခေါ်တဲ့ Heterocyclic Amines တွေ
အများကြီး ပါပါတယ်။ အဲဒါက အဓိက အစာအိမ် အူလမ်းကြောင်း
နဲ့ ပတ်သက်တဲ့ အူမကြီးကင်ဆာလိုမျိုး၊ ပန်ခရိယလို့ခေါ်တဲ့
အရေးပါတဲ့ အစာချေအင်ဇိုင်းတွေ ထုတ်ပေးတဲ့ထဲမှာ ဒီ HCAs
ကြောင့် ဖြစ်တယ်ဆိုတာ ခိုင်ခိုင်မာမာ တွေ့ရှိထားပြီး ဖြစ်ပါတယ်။ အကင်တွေကို အချို့ဆို မိသားစုလိုက်။ ကလေးတွေပါ ပါတယ်။ သုံးလေးငါးနှစ် ကလေးတွေပါ ခေါ်ပြီး ပျော်ပျော်ပါးပါး စားခဲ့ကြတယ်။

အဲဒီ့လို ကလေးတွေပါ ပါလာတော့ ကလေးတွေအပေါ် သက်ရောက်မှုကရော ဘယ်လောက်ထိ ရှိနိုင်ပါသလဲ။

ငါးနှစ်ကလေးမှာ အဲအရွယ်လောက် ကတည်းက HCAs ပါတာ
စားရင် ဒီကလေးဟာအသက် ၁၀ နှစ်၊ ၁၅ နှစ်လောက်မှာ
ကတည်းက စပြီး ကင်ဆာဖြစ်ပြီ။ ကလေးတွေ ကင်ဆာဖြစ်တဲ့
နှုန်း တအားများလာတယ်။ မြန်မာနိုင်ငံမှာ အရင်ထက်စာရင်
အများကြီး တက်လာတယ်။ ဒီဟာတွေကို ရှောင်လိုက်ရုံနဲ့
အများကြီး လျော့ကျသွားမယ်။ အူမကြီးကင်ဆာဆိုတာ အစား
အသောက်ကြောင့် အဓိကဖြစ်တာ။ ကြက်အူချောင်း၊ ဝက်အူချောင်းစားတာ များတဲ့သူတွေလည်း အသဲကင်ဆာ၊ အစာအိမ်လမ်းကြောင်း ကင်ဆာ ဖြစ်နိုင်တဲ့ အလားအလာ ရှိတယ်ဆိုတာ သိစေလိုပါတယ်။ ဒါတွေက လွန်လွန်ကြူးကြူး မစားဖို့ အဓိက ဆိုလိုပါတယ်။ ဒါစား
ရင် ဒါဖြစ်တယ် ဆိုတာကိုတော့ သိဖို့တော့ အရေးကြီးပါတယ်။

အဲဒီ့လို ဒါစားရင် ဒါဖြစ်မယ်ဆိုတာ မသိတဲ့သူတွေရော ရှိပါသလား။ တချို့ကတော့ မကောင်းမှန်း၊ ရောဂါဖြစ်မယ်မှန်း သိပေမယ့် ကြိုက်လို့ နှစ်သက်လို့ ဆိုပြီး စားနေကြတာတွေ ရှိတယ်လေ။ သိရဲ့သားနဲ့ မိုက်ကြတယ် ဆိုရမလားပဲ။

ဆေးလိပ်သောက်ရင် ကင်ဆာဖြစ်မယ်ဆိုတဲ့ အသိတရား။ အချို့
ဆေးလိပ်သောက်သူတွေက မသိကြဘူး။ အဲလောက်ထိ ဖြစ်တဲ့သူ
တွေ အများကြီး ရှိပါတယ်။ အလားတူပဲ တစ်နေ့တစ်နေ့
ကွမ်းစားလို့ ကင်ဆာဖြစ်တဲ့လူနာ တစ်ယောက် နှစ်ယောက်
ပုံမှန် ကြည့်ဖြစ်ပါတယ်။ ကွမ်းစားရင် ကင်ဆာဖြစ်တတ်တယ်
ဆိုတဲ့ အခြေခံ အကြောင်းတရားလေးတောင် အချို့သောသူတွေ
မသိကြတာ တွေ့ရပါတယ်။ အားလုံးသည် ရောဂါက ကာကွယ်ဖို့
အတွက် အသိတရားတစ်ခု လိုပါတယ်။ ရောဂါ ကာကွယ်ဖို့က
ဘာနဲ့ ကာကွယ်ရမလဲ မေးရင် အသိတရားနဲ့ပဲ ကာကွယ်ရတာ
ဖြစ်ပါတယ်။ ဘယ်လို ကာကွယ်ရမှန်း မသိရင်တော့ ကာကွယ်တဲ့
အဆင့်ထိ ရောက်မှာ မဟုတ်ပါဘူး။

အစားအစာကြောင့် ကင်ဆာဖြစ်စေတဲ့ အခြားသော အကြောင်း
အချက်တွေကိုလည်း သိလိုပါတယ်။

အစားအစာကြောင့် ကင်ဆာဖြစ်စေတဲ့ အကြောင်းအချက်တွေ
ကတော့ အများကြီးပါ။ အဲဒီ့ထဲကမှ အဖြစ်များတာတွေ ကတော့
ခုပြောခဲ့တဲ့ မှိုဆိပ် ပါဝင်တဲ့ အစားအစာတွေ၊ အကင်တွေ၊ ပြည့်ဝဆီတွေနဲ့ အဲဒါအပြင် ဆီကြော်တွေ၊ ပိုးသတ်ဆေး ပါဝင်တဲ့
စားစရာတွေ၊ ဓာတုပစ္စည်းတွေ ရောစပ် ပါဝင်ထားတဲ့ အချိုရည်တွေဟာ အထူး ဂရုပြု စားသုံးရမယ့် အစားအစာတွေ ဖြစ်ပါတယ်။

အဲဒီ့ အစားအစာတွေနဲ့ ပတ်သက်ပြီး ရှောင်ကြဉ်သင့်တာလေးတွေကို အကျဉ်းလောက် ရှင်းပြပေးပါဦး။

ဝတဲ့သူတွေက အသားတွေ များတာ။ အရိုးတွေ များတာလည်း
မဟုတ်ဘူး။ အဆီတွေ များတာ။ ဒီအဆီတွေက ကင်ဆာဖြစ်မယ့်
ဓာတ်ပစ္စည်းတွေကို သိုလှောင်ထားတဲ့ နေရာကြီး ဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ ဝတဲ့သူတွေက ကင်ဆာ ဖြစ်နိုင်တယ်။ အစား
အသောက်ကို ဂရုစိုက်ဖို့ လိုတယ်။ အထူးသဖြင့် ပြည့်ဝဆီပါတဲ့
ဝက်သားတွေ၊ စားအုန်းဆီလိုဟာမျိုးတွေ အတတ်နိုင်ဆုံး ရှောင်ဖို့
လိုပါတယ်။ အခု ဈေးထဲမှာ ကန်စွန်းရွက်ကအစ ဘယ်ပစ္စည်းမဆို
ပိုးသတ်ဆေးတွေ တွေ့ရှိရတယ်။ ရေဆေးတယ် ဆိုရာမှာ
အရွက်ရဲ့ အပေါ်ယံကိုပဲ ဆေးလို့ရမယ်။ ပိုးသတ်ဆေးက ဖျန်းပြီးရင် အမြစ်ထဲကို သွားတာ။ အမြစ်က အကုန် စုပ်ယူတာ။ အဲဒီ့ကနေ
အတွင်းပိုင်းထဲထိ ရောက်သွားတယ်။ ဆန်မှာလည်း အဲလိုပဲ။
စပါးကို ပိုးသတ်ဆေး သုံးရာကနေ ပိုးသတ်ဆေး ဓာတ်ကြွင်းတွေ
ဆန်ထဲထိ ရောက်လာတယ်။

အဲဒီ့လို ပါဝင်နေတာတွေကို လျော့ကျသွားအောင် လုပ်ဆောင်နိုင်မှု
တွေရော ရှိပါသလား။ အများပြည်သူ သိရှိနိုင်ဖို့ ဆရာ့အနေနဲ့
ရှင်းပြပေးပါဦး။

ဆန်ကို တစ်သက်လုံး သတ်မှတ်ထားခဲ့တာက ရေပြောင်အောင်
မဆေးနဲ့ ဆေးရင် အာဟာရဓာတ် ဆုံးရှုံးတယ်။ ပြီးရင် ထမင်းချက်
ရင်လည်း ရေခမ်းချက် ရေငှဲ့ချက်ရင် အာဟာရဓာတ် ဆုံးရှုံးတယ်။
ပြောခဲ့တယ်။ အခုတော့ ရေစင်အောင် ပွတ်မဆေးရင် ပိုးသတ်ဆေးက မပြောင်ဘူး။ ရေခမ်းချက်ရင် အထဲက ပိုးသတ်ဆေး အကုန်ဝင်တယ်။ အဲဒီတော့ အခုချိန်မှာတော့ ရေစင်အောင်ဆေးဖို့။ ရေငှဲ့ချက်ဖို့ ပြောတယ်။ အဲလိုဆိုရင် ပိုးသတ်ဆေးက တော်တော် လျော့သွားမယ်။ ဆုံးရှုံးသွားတဲ့ ဗီတာမင်ကတော့ အခြား အစားအစာနဲ့ ဖြည့်
ရမှာပေါ့။ ကလေးတွေ အချိုရည်သောက်တာ အားမပေးသင့်ဘူး။
ဓာတုပစ္စည်းတွေနဲ့ လုပ်ထားတာတွေ အားမပေးသင့်ဘူး။
သဘာဝသစ်သီးနဲ့ လုပ်ထားတာတွေဆို ပြဿနာ မရှိဘူး။ အိန္ဒိယမှာ
ကင်ဆာဖြစ်မှုဟာ အနည်းဆုံးပဲ။ ကမ္ဘာမှာ အနည်းဆုံး ဖြစ်တယ်။ လူဦးရေနဲ့ကြည့်ရင် အနည်းဆုံး ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆနွင်းစားတဲ့အတွက် ဖြစ်တယ်။ ဆနွင်းကို တစ်နေ့ ၅၀၀ မီလီဂရမ် (ပါရာစီတမော ဆေးပြားတစ်ပြားစာ ပမာဏ) ခန့် စားပေးရင်
ကင်ဆာဖြစ်ဖို့ အလားအလာ အလွန် နည်းပါတယ်။ ချက်စားတဲ့
အထဲ မပါရင်တောင် အမှုန့်ကို ဒီအတိုင်း ရေနဲ့ သောက်နိုင်တယ်။ သံပုရာသီး၊ ရှောက်သီး၊ လိမ္မော်သီး စသည်ဖြင့်ပေါ့။ ဗီတာမင်စီ
ပါဝင်တဲ့ အရည်ရွှမ်းတဲ့ အသီးတွေကို တစ်နေ့နှစ်ကြိမ် စားပေးရင် HCAs ကိုလည်း ချေဖြတ်နိုင်တယ်။ အကင်တွေ စားထားရင်
အဲဒါသောက်ခြင်းဖြင့် ချေဖြတ်နိုင်တယ်။ ဝက်အူချောင်း၊
ကြက်အူချောင်း စားပြီးရင် ကြက်သွန်ဖြူစားပေး။ ကင်ဆာ
ကာကွယ်တဲ့ နေရာမှာ အနီရောင်က အစွမ်းထက်တယ်။
အနီရောင်ရှိတဲ့ သစ်သီးကို အမြဲ စားပေးဖို့ လိုပါတယ်။

ကင်ဆာဆိုတဲ့ ရောဂါဆိုးကြီးက ကင်းဝေးဖို့ ဘယ်လို လိုက်နာ
လုပ်ဆောင်သင့်ပါသလဲ။

ကင်ဆာ မဖြစ်ချင်ရင် အသီးအနှံကို ပိုစားပါ။ ကလေးတွေကိုလည်း ငယ်ငယ်ကတည်းက အသီးအနှံစားတဲ့ အကျင့် လုပ်ပေးပါ။ အစား
အစာတွေကို စားတဲ့ အခါမှာ ကျွန်တော်တို့ အမြဲပြောတယ်။
မျှတအောင် စားပါ။ မျှတအောင် စားပါဆိုရာမှာ ဒီကနေ့ ဘာတွေ စားနေသလဲ ကြည့်တဲ့အခါမှာ Carcinogens ဆိုတာကတော့
ကင်ဆာ ဖြစ်စေနိုင်သော ဓာတ်ပစ္စည်း၊ ကင်ဆာ ဖြစ်စေနိုင်သော ဓာတ်ပစ္စည်း ပါဝင်တဲ့ အစားအစာတွေကိုတော့ များများ စားနေကြတယ်။ ကင်ဆာကို ကာကွယ်နိုင်တဲ့ Anticancer Food တွေ
ပေါ့။ ဒါတွေကျတော့ နည်းနည်းပဲ စားတယ်။ အဲတော့ ချိန်ခွင်
လျှာက မမျှဘူး။ Carcinogens ဆိုတာ ဘာလဲဆိုတာ ဒီကနေ့
သိဖို့ လိုပါတယ်။ အဲဒီ့ Carcinogens တွေကို ကိုယ့်ရဲ့ ပါးစပ်ထဲ မဝင်ဖို့အတွက်ကို ကျန်းမာရေး အသိလေးနဲ့ ဂရုစိုက်မယ်ဆိုရင်
ကင်ဆာဆိုတဲ့ ရောဂါဆိုးကြီးက ကင်းဝေးကြမှာ ဖြစ်ပါတယ်။

ကင်ဆာအန္တရာယ်ကို ကြောက်ရွံ့ကြတဲ့ ပြည်သူတွေအတွက်
စကားလက်ဆောင်လေး ပြောပေးပါဦး။

အစားအစာသည် ကင်ဆာဖြစ်စေနိုင်သည်ဆိုတဲ့ အသိလေးရှိထားဖို့ လိုပါတယ်။ ကင်ဆာဖြစ်နိုင်တဲ့ အစားအစာကို ကိုယ့်ပါးစပ်ထဲ
ဝင်ရောက်မှု အတတ်နိုင်ဆုံး နည်းအောင်လုပ်ခြင်းအားဖြင့် ကင်ဆာက ကာကွယ်နိုင်တယ်ဆိုတာ ပြောချင်ပါတယ်။

အခုလို အချိန်ပေး ဖြေကြားပေးတဲ့ ဆရာ့ကို အထူးပဲ ကျေးဇူး
တင်ပါတယ်။

#CopyText

Sort:  

Congratulations @tawwinnthu! You received a personal award!

1 Year on Steemit

Click here to view your Board of Honor

Support SteemitBoard's project! Vote for its witness and get one more award!

Congratulations @tawwinnthu! You received a personal award!

Happy Birthday! - You are on the Steem blockchain for 2 years!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!