ဖတ်မိသမျှ

in #myanmar6 years ago (edited)

MSC က Feb လအတွက် မြန်မာ့ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းမှုအကြောင်း ခေါင်းစဉ်နဲ့ အကောင်းဆုံးရေးသားနိုင်သူကို steem 100 ဆုချပြီး ရွေးချယ်ပြီးခဲ့ပါပြီ ။

အခု အကြောင်းကတိုက်ဆိုင်လာတော့ သတိရလာလို့  ရေးသားလိုက်တာပါ ။ စင်္ကာပူမှာနေတဲ့ leader အကိုဟင်က ဒီခေါင်းစဉ်ကိုရွေးချယ်ခဲ့တာ ကြိုပြီး သိများနေမလားလို့ တောင် စဉ်းစားမိသွားတယ် ။

ရန်ကုန်က လှိုင်သာယာက အမှိုက်ပုံကြီးအတွင်းမှာ မီးလှိုက်လောင်နေလို့  ညှော်နံတေတလူလူနဲ့ မီးသတ်တွေမနဲငြိမ်းအောင် လုပ်ခဲ့ရတာ ၄ ရက်ကျော်ကြာတဲ့အထိပါဘဲ ။ ယခုထိလဲ ဝိုင်းဝန်းဆောင်ရွက်နေကြတုန်းပါဘဲ ။

received_120075595519396.jpeg

မီးငြှိမ်းသတ်နေရင်း အောက်ဆီပြတ်သွားသလိုခံစားရပြီး ဆေးကုယူရတဲ့ မီးသတ်သမားအချို့နဲ့ နေ့ရောညပါမီးလိုက်သတ်နေရတဲ့ မီးသတ်များ နဲ့ကူညီကြသူ ပြည်သူများအား ကိုယ်ချင်းစာပြီး အချိုရည် ရေသန့်စတဲ့ အလှူရှင်များကလည်း အများကြီးရှိသလို လှူလဲမလှူ မီးလဲဝိုင်းမသတ်ဖဲ facebook ပေါ်မှာ တယောက်တပေါက် ပြစ်တင်ဝေဖန်နေကြသူများလည်း အများကြီးပါ ။

FB_IMG_1524761288950.jpg

မီးငြှိမ်းမရအောင် ၄ရက်တိတိ မနည်းသတ်နေရတာကို ကြည့်ပြီး ဘယ်ဝါအသုံးမကျတာ ကျတာနောက်ထား လောလောဆယ်မှာ တမြို့လုံးညှော်ပြီး ဒုက္ခရောက်နေတာကို တွေးပြီး ကြိုးစားမီးသတ်နေတဲ့လူတွေရယ်ကိုတော့ စာနာသင့်ပါတယ် ။

FB_IMG_1524761082464.jpg

မီးငြိမ်းအောင် ၁၅ပေအနက်ရှိတဲ့အထိတူးပြီး ရေသွင်းထားခဲ့ပြီးလို့  စိတ်ချရပါပြီဆိုတဲ့သတင်းလည်းဖတ်ရပြီး တကယ်အနက်၁၅ပေထိတူးထားတဲ့ အမှိုက်ပုံကြီးကို ရိုက်ထားတဲ့ဓာတ်ပုံကိုလည်း မြင်ခဲ့ရပါတယ် ။

ကျမအခုမှ အဲ့လောက်နက်တဲ့အမှိုက်ပုံကြီးကို မြင်တွေ့ဘူးခဲ့တာပါ ။ အံ့ဘြရသလို မီးသတ်တွေကိုလည်း ကိုယ်ချင်းစာမိလာတယ် ။ တကယ်ကြိုးစားလုပ်ခဲ့ရတယ်ဆိုတာလည်း အမှိုက်ပုံကြီးကြည့်ပြီး မျင်စိထဲမြင်လာခဲ့တယ် ။

FB_IMG_1524756177143.jpg

ဒီနေ့ ၅ရက်မြောက်မှာတော့ မီးဝိုင်းသတ်သူမီးသတ်များနဲ့ လူအများကို အောက်ဆီဂျင်ပိုက်ပါတဲ့နှာခေါင်းစွပ်ကို အလှူရှင်က လှူဒါန်းပေးလို့  အဲ့ဒီအစွပ်နဲ့ သတင်းများတွင် ဟန်ကျကျမြင်ရသလို မီးငြိမ်းဘို့ အတွက် ဆုတောင်းပွဲလုပ်နေတာကိုလည်း မြင်ရပါတယ် ။

FB_IMG_1524761159436.jpg

FB_IMG_1524761078819.jpg

ဘယ်သူ ဘယ်လိုဆိုတာ မဝေဖန်ပါဘူး ။ မြန်မာနိုင်ငံမှာ ကျမနေတဲ့အတွက် မြန်မာနိုင်ငံရဲ့ မြို့တမြို့ထဲမှာနေကြတဲ့ ပြည်သူအများ ဒုက္ခမရောက်စေချင်တဲ့စိတ်ကြောင့် အမှိုက်ပုံကြီးရဲ့ မီးလောင်ကျွမ်းမှုဟာ စိတ်အေးရတဲ့အခြေအနေကို ရောက်လို့  ပျော်မိတာတော့အမှန်ပါ ။

မြန်မာပြည်သူပြည်သားအပေါင်း ဘေးအန္တရာယ်ကင်းကြပါစေလို့  ဆုတောင်းရင်းဖြင့် MSC မိသားစုကြီးရေ မင်္ဂလာပါလို့ နှုတ်ဆက်ပါတယ်ရှင် ။

all photos cred # facebook news

@thetlyar

MSC 027

Sort:  

မီးသက်သမားတွေ ပင်ပန်းလှလို့ အမြန်းဆုံး ငြိမ်းစေချင်ပါတယ်

စေတနာရှင်နဲ့စေတနာရှင်ပူးပေါင်းမှ အကျိုးဖြစ်မယ်ထင်တယ်။ အလကားနေအပြစ်တင်ဝေဖန်နေပြီး ကိုယ်တိုင်ဘာမှမလုပ်ပဲ နေသူတွေကလည်းအများကြီးပဲ

ဟုတ်တယ်အကို

မီးလောင်ရာလေပင့်တဲ့လူတွေကြောင့်
အထင်အမြင်တွေမှားနေကြရတာ
မီးလောင်ရာလေပင့်မဲ့အစား
ကူသင့်သလောက်မကူနိုင်ရင်တောင်
ပြဿနာပိုမ ကြီးအောင် မဖွသင့်ဘူးဗျာ
Social Mediaမှာလူတန်းစားအစုံသုံးနေကျတာ
မီးလောင်ရာလေပင့်လိုက်တော့
လူကောင်းတွေကလူဆိုးကြီးတွေကိုဖြစ်ရလို့
လုပ်ပေးရတာတွေနဲ့မတန်ပါဘူးဗျာ

အမှိုက်ကြီးတွေ့ပြီး မျက်လုံးတောင်ပြူးသွားတယ်
မီးသတ်သမားတွေကို စာနာမိပါတယ်ဗျာ

ဟုတ်တယ်ရှင့်

မီးခိုး​ငွေ့​တွေက​တော့​လေထုညစ်​ညမ်းမှုဖြစ်​ကုန်​ပြီ​ပေါ့ 😢

မီးခိုးနဲ့ညှော်နံ့တွေ မြင်ရင်သိနိုင်နေတာအကို ဟုတ်တယ်

မီးမြန်မြန် ငြိမ်းပါစေ။

ဟုတ်တယ်

မကြာခင်ငြိမ်းတော့မာပါ သက်ရေ.. မီးသတ်သမားတွေ ကိုယ်ချင်းစာမိပါတယ်😖

မမရေ အဲ့လိုအချိန်ကြာလောင်တဲ့မီး ညီမလေးလဲ ခုမှကြားဘူးတယ် ကိုယ့်မြန်မာပြည်က ဖြစ်လိုက်ရင်အဆန်း ခ်ခ်

အမှိုက်​ပုံကြီးကနည်းတာမဟုတ်​ဘူး....😧

ဟုတ်ပ မမ

အမှိုက်​ပုံထုက နည်းတာမှမဟုတာကြာလာ​တော့ အတွင်းပိုင်းမှာ ဂက်​​တွေဖြစ်​​နေ​တော ​နေပူပြင်းရင်​ ထ​လောင်​​တော့တာ​ပေါ့

ဟုတ်ပါတယ် လောင်နေတာအတွင်းမှာလှိုက်နေပုံဘဲ

မီးသတ်နဲ့တကွ ပြည်သူပြည်သားများအားလုံး ဘေးရန်ခပ်သိမ်းကြပါစေ

ဘေးကင်းပြီး ကျန်းမာကြပါစေ

မီးသတ်​ အဖွဲ့ကိုစာနာပါတယ်​ ​ဗျာ။ သူတို့အတွက်​ ခက်​ခဲ့မှာဘဲ။

ကျမကတော့ ကိုယ်မလုပ်ပေးနိုင်တာတွေကို လုပ်ပေးနေသူတွေကို မည်သူမဆို လေးစားမိတယ်

မီးသတ်သမားအဖွဲ့ ဝင်တွေ ဘေးကင်းကြပါစေ

ဟုတ်တယ် ဆုတောင်းပေးပါတယ်အားလုံးဘေးကင်းကြပါစေ

အဲ့အမိုက်တွေနဲ့ ရေပေါ်ကျွန်း လုပ်လိုက်ရမှာ😊😊

ခိခိ

မြန်‌မြန်‌ငြိမ်းပါ‌စေ။

ဟုတ်တယ်

ဒါက လူသဘာဝဘဲ မသက်ရေ။

သဘာဝတော့ သဘာဝပေါ့အကို
ခုဟာက ရက်ရှည်လောင်နေတာကို ထည့်မတွေးကြဘူး

အမြန်​ဆုံး မီးငြိမ်းပါ​စေ

အသက်နဲ့ရင်းပြီး လုပ်ရတဲ့အလုပ်ထဲမှာမီးသတ်ဌာနလည်းပါတယ်လေးစားထိုက်သူတွေပါဗျာ

ကိုယ်တွေမလုပ်နိုင်တဲ့ အလုပ်တွေကိုအသက်နဲ့ရင်းပြီးလုပ်နေကြတဲ့ မီးသတ်သမားတွေ ဘေးအန္တရာယ်ကင်းရှင်းကြပါစေ

သမီးလေးကို vote ပေးပါ Number 3 https://steemit.com/steem/@kengtong/please-vote-for-candidate-number-3 thank you 🙏 very very much