Star Story (final part) ..

in #myanmar6 years ago (edited)

Star Story (part-4 ) မှ အဆက်​....

 ကြီးမားလှတဲ့​မေတ္တာ....ကြီးမားလှတဲ့သစ္စာနဲ့...ကာလရှည်​စွာ ​စောင့်​စားခဲ့ရခြင်းရဲ့ လမင်းဖိုရဲ့ နိဂုံးမှာ သူ​တော်​စင်​ဟာ...လမင်းဖိုကို မီးသဂြိုလ်​ပြီး​... ကျန်​ရစ်​တဲ့ သူ့ရုပ်​ကြွင်းပြာ​တွေကို...သူအနှစ်​နှစ်​ အလလ...သိမ်းထားခဲ့တဲ့ လမင်းဖိုရဲ့...မျက်​ရည်​​ကြေးဖလားခွက်​ထဲကို...​ရောထည့်​လိုက်​တယ်​တဲ့....။
 ပြီး​တော့...​ဖြေးညှင်းတဲ့​ခြေလှမ်းနဲ့ ​တောင်​ထိပ်​က ​ကျောက်​စွန်းတစ်​ခု​ပေါ်ကိုတက်​တယ်​...။ ​မှောင်​မိုက်​​နေတဲ့ မိုး​ကောင်းကင်​ကို​မော့ကြည့်​ပြီး... လမင်းဖိုရဲ့ မျက်​ရည်​​ကြေးဖလားခွက်​ကို ကိုင်​​မြှောက်​ရင်း... သစ္စာဆိုလိုက်​တယ်​...။
  ' ကျွနု​ပ်​၏.... နှစ်​​ပေါင်းများစွာ...ဘဝ​ပေါင်းများစွာ.... ကျင့်​ကြံအားထုတ်​ခဲ့​သော... ဒါန .... သီလ... ဘာဝနာ... ​မေတ္တာ တို့ကို...တိုင်​တည်​၍​သော်​လည်း​ကောင်း ...။ ဤ​ကြေးဖလားခွက်​မှ... ကြီးမား​သော...​မေတ္တာ...သစ္စာ....နှင့်​ ..​မျှော်​လင့်​​စောင့်​စားခြင်း... မျက်​ရည်​များကို... တိုင်​တည်​ ၍​သော်​လည်း​ကောင်း.... ကျွနု​ပ်​ သစ္စာဆိုပါသည်​....။ 
     ဤမှန်​​သောသစ္စာစကား​ကြောင့်​... လမင်းဖို၏.... အလိုဆန္နတို့သည်​....ပြည့်​စုံရပါ​စေသား.... ' လို့ 

 အ​လေးအနက်​ ဆု​တောင်းပြီး... မျက်​ရည်​​ကြေးဖလားခွက်​ထဲက... ပြာ​ရောထားတဲ့မျက်​ရည်​​တွေကို...​ကောင်းကင်​​ထက်​​ပေါ်...ပက်​ဖြန်းလိုက်​တာ​ပေါ့...။
အဲ့ဒီ့အခါ... အလွန်​ထူးဆန်းစွာပဲ...မျက်​ရည်​စက်​​တွေဟာ... ​မြေပြင်​​ပေါ်ကိုတစ်​စက်​မှပြန်​ကျမလာ​တော့ဘဲ... ​ကောင်းကင်​ထက်​မှာ...ကြယ်​တာရာ​တွေဖြစ်​သွားပြီး...​ကောင်းကင်​တစ်​ခုလုံး... ကြယ်​တာရာ​တွေနဲ့ ပြည့်​ဖုံးလို့သွား​တော့တယ်​... ။
သိပ်​မကြာခင်​ကာလတစ်​ခုမှာ... လမင်းမ​လေးဟာ... ​နေမင်းကြီးရဲ့ ပူ​လောင်​လှတဲ့ အပူရှိန်​ကို... မခံနိုင်​​တော့တာကတစ်​​ကြောင်း... လမင်းဖိုကို ကြာလာ​လေ​လေ... သတိရ​လေ​လေ ဖြစ်​လို့ကတစ်​​ကြောင်း ​ကြောင့်​... လမင်းဖိုဆီ ပြန်​လာခဲ့​တော့တယ်​တဲ့...။
သူ​ရောက်​လာတဲ့အချိန်​မှာ ...လမင်းဖိုကို ရှာလို့မ​တွေ့တာနဲ့ ... သူ​တော်​စင်​ကြီးဆီ... ​ပြေးသွားပြီး... သူ​တော်​စင်​ကို​တွေ့​တော့....
' သူ​တော်​စင်​ကြီး​ရေ... အကိုလမင်းဖို ... ဘယ်​များသွား​နေတာလဲဟင်​...' လို့ ... ​မေးလိုက်​​တော့... သူ​တော်​စင်​ကြီးက... သူ့ကိုရီ​ဝေတဲ့မျက်​လုံးနဲ့ကြည့်​ရင်း ... စကားတစ်​ခွန်းမှမ​ပြောဘဲ... ကြယ်​တာရာ​တွေကိုသာ... လက်​ညှိုးညွှန်​ပြပြီး... လမင်းမ​လေး အနားက.... ​ခေါင်းငုံ့​ကျောခိုင်းပြီး... ထွက်​ခွာသွား​တော့တယ်​...။
အဲ့ဒီ​နောက်​​တော့... လမင်းမ​လေးဟာ... ​​လမင်းဖိုရဲ့အချစ်​သက်​​သေ ကြယ်​တာရာ​လေး​တွေနဲ့ပဲ ...​ကောင်းကင်​ထက်​မှာ... တစ်​ကိုယ်​တည်းပဲ ဝမ်းနည်းစွာသာ​နေရ​တော့တာ​ပေါ့ကွယ်​....။
ပုံပြင်​​လေးက​တော့.... ဒါ​လေးပါပဲ...။ ။
အဆုံးထိဖတ်​ရှု​ပေးလို့​ကျေးဇူးအထူးပါ။
RSM-16image