Star Story (part-3)

in #myanmar6 years ago

Star Story (part-2)...မှအဆက်

      တစ်​ခါတစ်​​လေ​လည်း...သူ​တော်​စင့်​​ဘေးမှာထိုင်​ရင်း...လမင်းမ​လေး ပြန်​လာမဲ့လမ်းကို​မျှော်​ကြည့်​ပြီး...မျက်​ရည်​​တွေ တွင်​တွင်​စီးကျ​နေ​တော့တာ​ပေါ့...။ လမင်းဖိုရဲ့ စီးကျ​နေတဲ့ မျက်​ရည်​​တွေဟာ ... ​​​ကျောက်​တုံးကြီးရဲ့...​ကျောက်​ခွက်​​လေးထဲမှာ...အိုင်​​နေတာကို...သူ​တော်​စင်​ဟာ သတိထားမိ​တော့...တယုတယခပ်​ပြီး...​ကြေးဖလားတစ်​ခုထဲ...ထည့်​ထားခဲ့တယ်​တဲ့...။
       သူ့ရည်​ရွယ်​ချက်​က​တော့...တစ်​​နေ့လမင်းမ​လေးပြန်​လာခဲ့ရင်​...သူတို့နှစ်​​ယောက်​ရဲ့​ရှေ့မှာ...ဒီမျက်​ရည်​ခွက်​ကိုပြရင်း...လမင်းဖိုရဲ့ သစ္စာကြီးပုံကို...သက်​​သေပြပြီး...​ပျော်​ရွှင်​သွားကြ​စေဖို့... ရည်​ရွယ်​ပြီး စုသိမ်းထားတာတဲ့...။
        ဒီလိုနဲ့ နှစ်​​ပေါင်းများစွာကြာလာ​တော့....​ကြေးဖလားထဲကမျက်​ရည်​စက်​​တွေဟာလဲ...တစ်​ဖြည်းဖြည်းနဲ့ ပြည့်​လာတာ​ပေါ့...။သူ​တော်​စင်​ရဲ့စိတ်​ထဲမ​တော့...ဒီရာစု​တွေမှာ...ထွန်းလင်းခဲ့တဲ့...လ​ရောင်​ဟာ...ဒီကမ္ဘာ​လောကအတွက်​...လွမ်းစရာ အ​ကောင်းဆုံး...ည​တွေပါပဲလို့...' မှတ်​ချက်​ချမိတယ်​တဲ့...။
        တစ်​ခါတ​လေတည်း...လမင်းဖိုဟာ...သူ​တော်​စင်​ ကို...ပူဆာတတ်​​သေးတယ်​...' သူ​တော်​စင်​ ရဲ့တန်​ခိုးနဲ့...ကျွနု​ပ်​ကို...ကိုယ်​ပိုင်​​ရောင်​ခြည်​ထွန်းလင်း နိုင်​​အောင်​လုပ်​​ပေးပါလားခင်​​ဗျာ...' လို့ သနားစဖွယ်​​ပြောတတ်​တယ်​တဲ့...။ အဲဒ်ီအခါ သူ​တော်​စင်​ က...
      ' အနိစ္စ...ဒုက္ခ...အနတ္တ...တရားနဲ့သာ...စိတ်​ကို​ဖြေပါ...အ​ဆွေလမင်းဖို...။ကျွနု​ပ်​မှာ...အဲ့ဒီလို...တန်​ခိုးသိဒ္ဓိ....တကယ်​မရှိလို့ပါ...။ရှိရင်​ ဒီ​နေ့အထိ... ဘယ်​​စောင့်​​နေပါ့မလဲ... ဖန်​ဆင်း ​ပေးလိုက်​တာ... ကြာပြီဖြစ်​မှာ​ပေါ့...' လို့ ရှင်းပြရတာ​ပေါ့...။
       တစ်​ညမှာ​တော့ လမင်းဖိုဟာ... ထူးဆန်းတဲ့စကားတစ်​ခွန်း ...​ပြောလာတယ်​...
        ' သူ​တော်​စင်​ကြီး........ထာဝရမမြဲခြင်းတရားထဲမှာ.....တည်​မြဲတာဘာရှိလဲ ဟင်​...' တဲ့..။
         ဒီ​တော့ ...သူ​တော်​စင်​က...
        ' အ​ဆွေလမင်းဖို...ကျွနု​ပ်​သိသ​လောက်​​ပြောရရင်​​တော့...ဘယ်​အရာမှ...မတည်​မြဲပါဘူး ... ​နေမင်းကြီးလည်း ....တစ်​​နေ့ချုပ်​ငြိမ်းသွားမှာပဲ.... ဒီကမ္ဘာ​မြေကြီးလည်း ...တစ်​​နေ့ချုပ်​ငြိမ်းသွားမှာပဲ... 
  အ​ဆွေလည်း... တစ်​​နေ့ချုပ်​ငြိမ်းသွားမှာပဲ... ကျွနု​ပ်​လည်း... တစ်​​နေ့ချုပ်​ငြိမ်းသွားမှာပဲ... ကာလအတိုအရှည်​နဲ့... အ​နှေးအမြန်​ပဲကွာမယ်​... 
    တရားသ​ဘောအရ... အစရှိရင်​...အဆုံးဟာရှိစမြဲပါပဲ ' လို့ ​ပြောလိုက်​​တော့ လမင်းဖိုက.... 
     ' ညီမ​တော်​... လမင်းမ​လေးအတွက်​... ကျွနု​ပ်​ရဲ့သစ္စာတရားဟာ.... ဘယ်​​လောက်​ကြီးမားခိုင်​မြဲလဲ ဆိုတာ သက်​​သေပြဖို့.... 
      တည်​မြဲ​နေမဲ့အရာ​လေးတစ်​ခုခု... ဖန်​တီး​ပေးခဲ့ချင်​လို့ပါ ' လို့ .... အရူးတစ်​​ယောက်​လို​ပြောတယ်​တဲ့.... ။

Star Story (part-4) ကို ဆက်​လက်​ပြီးဖတ်​ရှု​ပေးကြပါအုံး​နော်​....
ကျေးဇူးတင်​​လေးစားလျက်​...
RSM-16
image

Sort:  

Sis V+c follow done

Thanks ...vote ​ပေးလတ်​တယ်​​နော်

Eng လို​ရေးနိုင်​ရင်​ပို​ကောင်းတယ်​sis