Every human life has been structured

in #myanmar7 years ago

လူသားတိုင်း၏ ဘဝကို အချိန်ဖြင့် ဖွဲ့စည်းတည်ဆောက်ထားခြင်းဖြစ်ပါသည်။ လူသားတိုင်းသည် နေ့စဉ် တစ်နေတာကို ၂၄ နာရီသာ ပိုင်ဆိုင်ခွင့်ရထားကြပါသည်။ လူတိုင်းအတွက် ရရှိထားသော အချိန်မှာ အတူတူပင်ဖြစ်ပါသည်။ သို့ရာတွင် ဘဝအနေအထားများ မတူညီကြပါ။ အတိတ်ကံ အကျိုးပေး မတူညီကြသည့်အတွက် ဘဝခြင်းမတူညီနိုင်ကြသည်မှာ မှန်သော်လည်း အချိန်ကို စနစ်တစ်ကျ အကျိုးရှိရှိ အသုံးချနိုင်သူများသည် ဘဝတွင် အောင်မြင်တစ်စုံတစ်ရာကို ပိုင်ဆိုင်ခွင့်ရရှိကြပါသည်။

လူငယ်တိုင်း အတွက် စံနမူနာယူစရာ အချိန်ကို အကျိုးရှိရှိ အသုံးချခဲ့သည့်အတွက် သမိုင်းတစ်ခေတ်တွင် မှတ်တမ်း တင်ခဲ့သူကို ဝေးဝေးလိုက်ရှာစရာမလိုပါ။ ကျွန်တော်တို့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပင် ဖြစ်ပါသည်။ ကျွန်တော်တို့လူငယ်တွေ ဘယ်အချိန်မှာ ဘာတွေလုပ်ကြမှာလဲ? ဘယ်လိုလုပ်ကြမှာလဲ? …….

ယခု လောလောဆယ် အခြေအနေတွင် ကျွန်တော်တို့ လူငယ်များ ဘာတွေလုပ်သင့်သည်၊ ပြင်ဆင်သင့်သည်ကို “နိုင်ငံခြားရင်းနှီးမြှပ်နှံမှု နှင့် လူငယ်များ၏အခန်းကဏ္ဍ” ဆောင်းပါးတွင် အသေးစိတ် ရေးသားခဲ့ပြီးဖြစ်ပါသည်။ သို့ရာတွင် နှစ်ထပ်ရှိလျင် ပိုမှတ်မိသည် ဟူသည့်စကားအတိုင်း ထပ်မံ ပြောလိုပါသည် -

၁။ သက်ဆိုင်ရာ သက်မွေးဝမ်းကြောင်းပညာရပ်ကျွမ်းကျင်မှု(Professional Skill)၊
၂။ ဘာသာစကား ကျွမ်းကျင်မှု (Language Skill)၊ ၃။ သတင်းနှင့် အချက်အလက် နည်းပညာကျွမ်းကျင်မှု (ICT Skill)၊
၃။ အသိပညာဗဟုသုတ ပြည်စုံမှု (Knowledge) စသည့် အချက်
(၄)ချက်ကို လူငယ်များ ယခုအချိန်တွင် အချိန်မီ ဖြည့်ဆည်း ထားရန် အထူးအရေးကြီးပါသည်။ နံပါတ် (၁) အချက်ဖြစ်သည့် “သက်ဆိုင်ရာ သက်မွေးဝမ်းကြောင်းပညာရပ်ကျွမ်းကျင်မှု(Professional Skill)” ကို မည်သို့ ရွေးချယ် သင့်သည်ကိုလည်း “လူငယ်နှင့် ရွေးချယ်မှု” ဆောင်းပါးတွင် ရေးသားခဲ့ပြီးဖြစ်ပါသည်။ မိမိ စိတ်ရည်သန်ရာ၊ ဝါသနာပါရာကို စိတ်တိုင်းကျ ရွေးချယ်ပါ။ အရေးကြီးသည်မှာ ထိုအချက်များ အချိန်မီ ဖြည့်တင်း နိုင်ရန် အချိန်ကို အကျိုးရှိရှိ အသုံးပြုနိုင်ရန် ဖြစ်ပါသည်။

လူသားတိုင်းအတွက် တစ်နေ့တာ ပိုင်ဆိုင်ခွင့်ရထားသည့် ၂၄ နာရီကို သက်ဆိုင်ရာကဏ္ဍအလိုက် အချိန်သတ်မှတ်ကြည့်ပါ။ လုပ်ငန်းခွင်ဝင်နေသူများ၊ ကျောင်းတက်နေသူများကို ဥပမာထားကာ အကြမ်းအားဖြင့် သတ်မှတ်ကြည့်ပါမည်။ တစ်နေ့တာ တွင် အလုပ်ချိန်၊ ကျောင်းချိန်မှာ ၈ နာရီ မှ ၁ဝ နာရီ ခန့်ရှိပါသည်။ ၁၆ နာရီ မှ ၁၄ နာရီ ခန့် ကျန်ပါသည်။ ထိုအချိန်တွင် အိပ်စက်အနားယူချိန် မည်မျှသတ်မှတ် ထားပါလဲ? ကျန်းမာရေးရှုထောင့်မှ ကြည့်လျှင် လူတစ်ဦးသည် တစ်နေ့တာ ၈ နာရီခန့် အိပ်စက်အနားယူ သင့်သည် ဟုဆိုပါသည်။

သိုပါလျှင် အလုပ်ချိန်၊ ကျောင်းချိန် မှ ကျန်သည့် လက်ကျန်အချိန်တွင် ၎င်း အိပ်စက်အနားယူချိန် ၈ နာရီကို နှုတ်လိုက်ပါက ၈ နာရီ (သို့မဟုတ်) ၆ နာရီကျန်ပါသည်။ ကျန်သည့် ကားစီးချိန်၊ ထမင်းစားချိန်၊ ရေချိုးချိန်၊ ကိုယ်လက်သန့်စင်ချိန် စသည့် စသည့် အထွေထွေ ကိစ္စရပ်များ အတွက် ၂ နာရီကို ထပ်နှုတ်လိုက်ပါ။ ၆ နာရီမှ ၄ နာရီသာ ကျန်ပါတော့သည်။ ကျန်ရှိနေသည့် အချိန်က ၆ နာရီ (သို့မဟုတ်) ၄ နာရီ ၊ မိမိဘဝအတွက် ယခု လောလောဆည် အရေးတကြီး ဖြည်ဆည်းရန် လိုအပ်သော အကြောင်းအရာက ၄ ခု၊ တစ်ခုအတွက် ကိုယ်တိုင်လေ့လာ လေ့ကျင့် ချိန် ၁ နာရီခွဲ (သို့မဟုတ်) ၁ နာရီသာ ရပါတော့သည်။ လူငယ်များမှသည် လူသားတိုင်းအတွက် အချိန်သည် ရွှေထက်ပင် အဖိုးတန်ပါသည်။

သို့ပါလျှင် အချိန်တွေပိုထွက်လာအောင် မည်သို့လုပ်သင့်ပါလဲ? အိပ်စက်အနားယူချိန် ၈ နာရီမှ ၂ နာရီ လျော့ချကာ ၆ နာရီသာထားပါ။ (ဘဝတစ်ခု တည်ငြိမ်ကာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်သောအခါ အပြည့်အဝ ဆက်အိပ်ပါ၊ ဘဝကို တည်ဆောက်ချိန် လောလောဆည်တော့ ခဏ လျော့အိပ်စေလိုပါသည်။) ကားစီးချိန်၊ တစ်ခုခုကို စောင့်ဆိုင်းရသည့်အချိန် စသော လေလွင့်သွားနိုင်သည့် အချိန်များကို အကျိုးရှိရှိ အသုံးချသင့်ပါသည်။

သွားလေရာကို မိမိအတွက် လိုအပ်သည့် ပညာရပ်ဆိုင်ရာ၊ ဗဟုသုတပြည့်စုံရာ စာအုပ်တစ်အုပ်ကို အမြဲတမ်းယူသွားပါ။ ကားစီးချိန်တွင် အကြောင်းမဲ့ ဟိုကြည့် ဒီကြည့်ဖြင့် အချိန်မကုန်ဆုံးစေဘဲ စာဖတ်ခြင်းဖြင့် လေလွင့်သွားနိုင်သည့် အချိန်ကို ကိုယ့်အတွက် အသုံးပြုနိုင်ပါလိမ့်မည်။ (ကားပေါ်တွင်နေရာမရလျှင်၊ စာဖတ်ရန်အဆင်မပြေလျှင် တစ်နေ့တာ လုပ်ငန်းကိစ္စရပ်များ၊ ဆောင်ရွတ်ရန်ရှိသည်များ၊ ဖတ်ပြီးသောစာများ၊ သင်ခန်းစာများကို ပြန်လည် စဉ်းစားကာ ဦးနှောက်သွေးခြင်းဖြင့် အချိန်ယူနိုင်ပါသည်။)

ဘဝအတွက် အချိန်ကို စနစ်တကျ အသုံးပြုနိုင်အောင် ဘယ်လို စီမံခန့်ခွဲမလဲ? တစ်နေ့တာ လုပ်ငန်းကိစ္စအသီသီးပြီးဆုံးချိန် အိပ်ရာမဝင်မီ မနက်ဖြန်အစီအစဉ်ကို မှတ်စုစာအုပ်ထဲတွင် ရေးမှတ်ပါ။ မနက်အိပ်ရာထ ဘုရားရှိခိုး၊ တရားထိုင်မည့်အချိန်၊ အလုပ်ချိန်၊ သင်တန်းချိန်၊ ကိုယ်တိုင် လေ့လာသင်ယူ လေ့ကျင့်ချိန်များသာမက လုပ်ဖော်ကိုင်ဖက်များ၊ သူငယ်ချင်းများနှင့် တွေ့မည့်အချိန်၊ facebook သုံးမည့်အချိန်၊ ဂိမ်းဆော့မည့်အချိန်၊ သက်ဆိုင်သူနှင့် အင်လျားကန်ဘောင်တွင် လမ်းလျှောက်မည့်အချိန်၊ ကန်တော်ကြီးတွင်ထိုင်မည့်အချိန်၊ ဘုရားသွား ကျောင်းတက်မည့်အချိန်၊ ဖုံးပြောမည့်အချိန်၊ vzo chat မည့်အချိန် စသည်ဖြင့် မိမိအစီအစဉ်ကို သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ကြာမြင့်မည့်အချိန် အသေးစိတ် မိမိကိုယ်တိုင် ရေးသား စေလိုပါသည်။ (လူစင်စစ်မှ စက်ရုပ်ဖြစ်အောင် အကြံပြုနေသည်ဟု မယူဆစေလိုပါ။)

တစ်နေ့တာအစီအစဉ်ကို ရေးသားရာတွင် သက်ဆိုင်ရာခေါင်းစဉ်အလိုက် ဥပမာ - facebook သုံးချိန် ၆ နာရီ(နေလည်ပိုင်း ၂ နာရီ + ညနေ/ညပိုင်း ၄ နာရီ)၊ စာကြည့်ချိန် ၁ နာရီ (ညပိုင်း) စသည်ဖြင့် မိမိစိတ်ကြိုတ် သတ်မှတ်နိုင်ပါသည်။ အရေးကြီးသည်မှာ မိမိသတ်မှတ်သည့် အစီအစဉ်ကို မိမိကိုယ်တိုင် အကောင်အထည်ဖော်နိုင်ရန်သာ အဓိက ဖြစ်ပါသည်။

ညနေနောက်တစ်နေ့ ညအိပ်ရာဝင်ချိန်တွင် မနက်ဖြန်အစီအစဉ်ကို မရေးမီ မနေ့ကရေးသားခဲ့သော အစီအစဉ်ကို ဒီနေ့ ဘယ်လောက် အကောင်အထည်ဖော်နိုင်လဲ? ပြန်လည် သုံးသပ်ပါ။ ရာခိုင်နှုန်းဘယ်လောက် ပြီးမြောက်အောင်မြင်သည်ကို တွေ့ရပါလိမ့်မည်။ မပြီးမြောက်သည့် ကိစ္စရပ်များအတွက် ရာသီဥတုကြောင့်လား? သွားလာရေးကိစ္စကြောင့်လား? Connection ကျနေလို့လား? မိမိကိုယ်တိုင် စိတ်ပြောင်းသွားလို့လား? စသည်ဖြင့် အကြောင်းရင်းများကို တွေ့အောင်ရှာပါ။ ဆက်လက်ပြီး နောက်တစ်နေ့အစီအစဉ်ကို ရေးသားပါ၊ နေ့စဉ်အလေ့အကျင့်ရလာသောအခါ မိမိလိုအပ်ချက် ပြည့်မီအောင် ဆောင်ရွက်လာနိုင်ပါလိမ့်မည်။

ဘဝတွင် အသက်အရွယ်အလိုက် လိုအပ်သည့် အရာများကို အချိန်မီဖြည့်တင်းရန် လိုအပ်သည့် အတွက် မိမိကိုယ်တိုင် သတ်မှတ်သည့် အချိန်ကိုပင် မိမိကိုယ်တိုင် မဆောင်ရွက်နိုင်သေးလျှင် အဖြေကို မိမိကိုယ်တိုင် စဉ်းစားကြည့်ကြ စေလိုပါသည်။ မိမိသတ်မှတ်ချိန်ကို မိမိလိုက်နာနိုင်ရန်သာ ကြိုးစားပါ။ ဥပမာ - ဂိမ်းဆော့ချိန် ၁ နာရီ သတ်မှတ်ထားလျှင် ၁ နာရီပြည့်သည်နှင့် Level ပြီးသည်ဖြစ်စေ၊ မပြီးသည်ဖြစ်စေ၊ မည်သည့်အကြောင်းကြောင့်ဖြစ်စေ ဆက်မဆော့ဘဲ ရပ်တန့်နိုင်အောင်ကြိုးစားပါ။

သူငယ်ချင်းများနှင့် အပြင်သွားသည့်အခါ သတ်မှတ်ထားသည့်အချိန်ထက် အကြောင်းအမျိုးမျိုးကြောင့် ကျော်လွန်မည်ဆိုလျှင် နောက်ထပ် အစီအစဉ်တစ်ခုမှ အချိန်ရအောင်ပြန်ယူပါ။ ဆိုလိုသည်မှာ တစ်ခြားအချိန်တွင် ပိုယူခဲ့သော အချိန်ကို ကာမိအောင် စာကြည့်ချိန် ၄ နာရီတွင် သင်ခန်းစာ ၂ ခုသတ်မှတ်ထားသည်ကို ၃ နာရီ၊ ၂ နာရီအတွင်း စသည့်ဖြင့် ပြီးမြောက်နိုင်အောင် ကြိုးစားပါ။ မိမိကိုယ်တိုင် သတ်မှတ်ထားသည့် တစ်နေ့တာအစီအစဉ်ကို အတတ်နိုင်ဆုံး လုပ်ငန်းပမာဏရော၊ သတ်မှတ်အချိန်ပါ ကိုက်ညီနိုင်ရန် ကြိုးစားဆောင်ရွက် ကြရပါမည်။

ထို့အပြင် တစ်နေ့တာအစီအစဉ်တွင် မည်သည့်အပိုင်းတွင် အချိန်ပေးသည်က များနေသည်ကို သတိပြုမိပါစေ …. သို့မှသာ လိုအပ်သည့်၊ လိုအပ်ချက်အလိုက် မည်သည်အကြောင်းအရာကို မည်သည်နေ့တွင် မည်သို့ မည်မျှ အချိန်ပေးသင့်သည်ကို မိမိကိုယ်တိုင် ဆုံးဖြတ်နိုင်လာပါလိမ့်မည်။ ရာနှုန်းပြည့် မဆောင်ရွက်နိုင်သည်မှာတော့ သေချာပါသည်။

သို့ရာတွင် အနည်းဆုံး ၆ဝ ရာခိုင်နှုန်းခန့် ဆောင်ရွက်နိုင်ရန် ကြိုးစားကြရပါမည်။ ကျွန်တော်ကိုယ်တိုင်သည်လည်း ၇ဝ% မှ အများဆုံး ၈၅% အထိသာ ဆောင်ရွက်နိုင်ပါသေးသည်။ ယနေ့ခေတ်အချိန်တွင် “ငါပြောသလိုလုပ်၊ ငါလုပ်သလိုမလုပ်နဲ့” ဟူသော စကားသည် အသုံးမဝင်တော့ပါ။ “ငါကဒီလိုလုပ်တယ်၊ မင်းလည်း ဒီလိုလုပ်ရင် ဒီလောက်ရမယ် ” ဟုပြောမှသာ လက်ခံကြပါလိမ့်မည်။ ဖော်ပြပါအတိုင်း အချိန်ကို စနစ်တကျ အသုံးချနိုင်ပါလျှင် ထိုက်တန်သော အောင်မြင်မှုတစ်ခုတော့ ရရှိမည်မှာ မြေကြီးလက်ခတ်မလွဲပါ။

ဖြည့်စွက်ပြောလိုသည်မှာ အောင်မြင်မှုကို တိုင်းတာသည့်အခါ လူတစ်ယောက်နှင့် တစ်ယောက် ခံယူချက်အပေါ်တွင် မူတည်ကာ တိုင်းတာပုံ တူညီမည်မဟုတ်ပါ။ ချမ်းသာချင်သူက တစ်နှစ်တွင် ငွေမည်မျှရှာနိုင်သည်ကို အောင်မြင်မှုဟု သတ်မှတ်မည် ဖြစ်သော်လည်း၊ စာရေးဆရာ တစ်ယောက်ကမူ သူ၏အောင်မြင်မှုကို တစ်နှစ်စာအုပ်ဘယ်နှစ်အုပ်ရေးနိုင်လဲ၊ ပရိတ်သတ်ဘယ်လောက် လက်ခံလဲ၊ ပရိသတ်ကို ဘယ်လောက် အကျိုးပြုနိုင်လဲ စသည်ဖြင့် တိုင်းတာပါလိမ့်မည်။

ကျွန်တော့်အတွက်မူ ကျွန်တော် မည်မျှစာတတ်သည်ထက် ကျွန်တော်သင်ကြားပို့ချခဲ့သော စာသင်သားများ မည်မျှတတ်မြောက်သည်၊ ကျွန်တော်တတ်စွမ်းသလောက် ရေးသားမျှဝေခဲ့သော စာပေများက စာဖတ် ပရိတ်သတ်ကို ဘယ်လောက်အကျိုးပြုသည်၊ အကျိုးကျေးဇူးရရှိသွားသည်ဖြင့်သာ တိုင်းတာပါသည်။ မိမိခံယူချက်နှင့် မိမိ လွတ်လပ်စွာ သတ်မှတ်နိုင်ပါသည်။

မြတ်စွာဘုရားလည်း ၂၄ နာရီပဲ …… လင်ကွန်းလည်း ၂၄ နာရီပဲ …. အိုဘားမားလည်း ၂၄ နာရီပဲ … ဗိုလ်ချုပ်အောင်ဆန်းလည်း ၂၄ နာရီပဲ … အမေစုလည်း ၂၄ နာရီပဲ … လီယိုနာဒိုဒါဗင်ချီလည်း ၂၄ နာရီပဲ … ပီကာဆိုလည်း ၂၄ နာရီပဲ … ရှိတ်စပီးယားလည်း ၂၄ နာရီပဲ … လီယိုတော်စတွိုင်းလည်း ၂၄ နာရီပဲ … ဗီသိုဗင်လည်း ၂၄ နာရီပဲ ….. တေလာဆွစ်လည်း ၂၄ နာရီပဲ …… ဂျစ်တင်ဘီဘာလည်း ၂၄ နာရီပဲ …. ဘီ(လ်)ဂိတ်လည်း ၂၄ နာရီပဲ ….. စတိဂျော့လည်း ၂၄ နာရီပဲ … ဇူကာဘတ်ဂ်လည်း ၂၄ နာရီပဲ … အောင်ကိုဦးလည်း ၂၄ နာရီပဲ …. အားလုံး … အာလုံး … အားလုံးသော လူသားတိုင်းဟာ တစ်နေ့ကို ၂၄ နာရီပဲ ပိုင်ဆိုင်ခွင့်ရကြတာပါ။

လူငယ်တိုင်း အချိန်ကို စနစ်တစ်ကျ အကျိုးရှိရှိ အသုံးချနိုင်ခြင်းဖြင့် ဘဝတွင် လိုအပ်ချက်များကို လိုအပ်သည့်အချိန်တွင် လိုအပ်သလို ဖြည့်ဆည်း ဆောင်ရွက်ကာ အောင်မြင်နိုင်ကြပါစေကြောင်း ရည်ရွယ်ရေးသား လိုက်ပါသည်။

Every human life has been structured. All daily owned by a 24-hour train. They have the same time for everyone. However, a different position in life. Unfortunately in the past too, varied life in a different system, even though they have been able to be utilized are successful in life do not have any rights. The young model was utilized in history who do not have to look very far. Our independence leader Aung San. When our young people what they need? How? ....... nowCurrently the situation, we should be on what the youth The role of youth in foreign investment and to prepare an article written details. But again, remember these words when two say - 1. Corresponding Academic Skills (Professional Skill), 2. Language skills (language skills) 3. News and information technology skills (ICT skills) 3. Knowledge (Knowledge), Youngs point (4) is now timely to fulfill especially important. No. (1), such as corresponding points Academic Skills (Professional Skill) How to choose your choice of youth and The article is written.His purpose, Hobbies, select Custom. Importantly, these points in order to fill in time to use time wisely. property train 24 hours a day the respective deadlines. Work it, Who are studying, for example, will be roughly defined. At days work, At school there are approximately 8 hours to 1 hour. The rest, about 16 hours to 14 hours. At that time, specify how much time to get some rest? Health perspective, if the person should rest for about 8 hours sleep daily said. It can take hours, When the remaining balance to the school in time to get some rest and 8Had taken several hours to 8 hours (or 6) remaining. The other car, Remember that meal, Bath time Physical purification general issues such as out in 2 hours. 6 hours to 4 hours, the rest of the community. The remaining time is 6 hours or 4 hours, Now his life content necessary to meet the urgent and extracted 4 Self-study training for a 1 and a half hours (or 1 hour). The youth people time is precious than gold. It can take more time out how to make it? Get some rest time is reduced to 8 hours to 2 hours and 6 hours. (Generic when a strong and stable life, and slept fully construction I want to be a little less sleep.) Either the time wasted on waiting times should be utilized. Enable the necessary technical, Always take a book full of knowledge. About when I see the time spent reading by rolling up the time that I will be used in. (On the issues of the day, if you have problems reading unless they have to perform, to reconsider, read messages, lessons can take the brain with blood.) Life Time management of how to properly use? Each business dayThe groups plan to end tomorrow before going to bed, write down in a notebook. Church in the morning, Time for meditation Hours, Of course, Self-learning, training for partners Its time to meet friends, facebook Its time to play the game, Its time to walk across stakeholders and society, Its time to sit on the lake Gods time to go to school Its time to cover, VZOchat time for his plan to take the relevant topic self-existence. (In fact, the robot said, need not be considered.) Recommended to make you write a program related topic of the day, eg facebook 6Several hours (from 2 pm + / night, 4 hours) 1 hour (night) can set his. Importantly, the specific implementation of the program manually. The next night, at least, on the evening before the program tomorrow yesterday authorship of the program and how to implement today? Please review. How many percent will be found to accomplish. Weather issues in completing it? Transportation issues? Connection to think that? I manually changed his mind? Search is to find the reasons. Please continue to write the next program, When the daily practices built to meet their needsIt would be possible. Age groups in life necessary items needed to fill in the time to manually set the time manually if you can not answer the need to consider yourself. Try to follow his timeline. For example, gaming is set to 1 hour, 1 hour and Level Whether or not, Which causes, do not try to stop play. In addition to friends and if it exceeds more than the scheduled time to make a plan. This means that the other had taken more time to 4 hours backLesson 2 is set to 3 hours, Try to be completed within 2 hours. You have to manually set the days program, the amount of business as much as possible You must set time in order to constitute a match. In addition, given time in the days program will be noticed when .... So necessary, What requirements depending on what content is how much time you will be able to decide for yourself. Absolute certainly can not. But must be at least 6 in trying to carry out. It is also only 7 up to a maximum of 85 to be able to perform well. In todays time is no longer useful. I began this, Bear must be achieved if this is so, the essence of what will be accepted. If applied systematically follows deserved success will be one of the earth without fail. Supplementary to say when you measure the success of a person and will not be based on a philosophy of measurement equal. The rich who want success in the year, you can find how much money, although Set The writer to write his two books a year of achievement, How audiences accept, And how do the audience will be calibrated. How much helpI tend to learn how much instruction classes, As far as for the benefit of the literature is how many readers share, good measure. His conviction and can be set independently. One, a 24-hour ...... ... Lincoln 24 hours. Obama is generated 24 hours ... 24 hours ... 24 hours ... 24 hours ... Leonardo Da Vinci Picasso, 24 hours, 24 hours ... Shakespeare ... Leo Tolstoy closet 24 hours ... 24 hours ... .. Taylor Swift van ...... 24 hours 24 hours a jeep. (Liverpool) Gate 24 hours ... 24 hours ... .. Steve Jobs Zuckerberg Hague in just 24 hours ... 24 hours .... All ...... for all the property rights of all human 24 hours a day. A youth system utilized life needs the necessary time needed to fulfill the aims that can be achieved.
Credit to

(Image not shown due to low ratings)

Images were hidden due to low ratings.
Sort:  

you have a very interesting thought