Introduction myself steemit commuity

in #myanmar7 years ago (edited)

ချစ်ခင်လေးစားပါသော esteem မှချစ်သောမိဘညီကိုများကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပါစေခင်ဗျာ။ပထမဆုံးအနေနဲ့ ကျွန်တော်အမည်မိတ်ဆက်ခွင့်ပြုပါ။

ကျွန်တော်အမည်ကတော့ ထွန်းနိင်ဝင်းလို့ခေါ်ပါတယ်။ကျွန်တော်မွေးခုနှစ်ကတော့ 13.6.1992ခုနှစ်မှာမွေးဖွားပါတယ်။ကျွန်တော်မွေးဖွားရာအရပ်ကတော့ စကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်းဆိုတဲ့ လူအရောက်အပေါက်နည်းပြီး သွားရေး လာရေးခက်ခဲ့တဲ့ မြို့ကလေးဖြစ်ပါတယ်။ညီအကိုမောင်နှအနေနဲ့၃ယောက်ရှိပြီး အမတစ်ယောက် အကိုတစ်ယောက်ရှိပါတယ်။အမက အကြီးဆုံးဖြစ်ပြီး အကိုက အလတ် ကျွန်တော်ကတော့ အငယ်ဆုံးပေါ့ဗျာ။ဒါပေ့မဲ့ အကိုအမတွေက ကျွန်တော်နဲ့ အသက်အများကြီးကွာကြတယ်။အမနဲ့ ကျွန်တော်ဆို ၁၅နှစ်လောက်ကွာတယ်။အကိုနဲ့ကျွန်တော်ကတော့ ၇နှစ်လောက်ကွာပါတယ်။ဒါပေ့မဲ့ တစ်ယောက်နဲ့တစ်ယောက်ချစ်ကြတယ်။ပြောရင်ယုံမလား လို့မသိဘူး။ခုချိန်ထိ ကျွန်တော်မိဘနှစ်ပါးလုံး ရန်မဖြစ်ဖူးဘူး။ကျွန်တော်တို့မောင်နှမတွေကလည်း ခုချိန်ထိ တစ်ယောက်နဲ့တစ်ယောက် ရန်မဖြစ်ဖူးကြဘူး။နောက်ထပ်ပြီးပြောချင်တာက သားသမီးအားလုံး မိဘကို ဂရုစိုက်ကြတယ်။ဒါကြောင့်ကျွန်တော်တို့မိသားစုဟာ သာယာချမ်းမြေ့တဲ့မိသားစုလေးပေါ့။ကျွန်တော်ဟာလည်း ခုလိုမိသားစုမှာ လူဖြစ်ရတဲ့အတွက် ဂုဏ်ယူတယ်။ကျွန်တော်ဟာ ခုချိန်မှာ မိသားစုနဲ့မနေရပေ့မဲ့ ကျွန်တော်လိုချင်တာတစ်ခုတော့ ရှိတယ်။သာယာတဲ့မိသားစုလေး ဖန်တီးချင်တယ်။မိဘနှစ်ပါးလုံးပုံစံဖြစ်အောင် ကြိုးစာမှာပါ။ခုလိုမိသားစုနဲ့ဝေးနေရတော့ မိဘမေတ္တာကို တန်းဖိုးထားတတ်လေဘဲဗျ။နောက်အိမ်မှာဆို မိသားစုအကုန်လုံးက စာဖတ်တာ ဝါသနာပါကြတယ်။ကိုယ်ပိုင်စာကြာ့်တိုက်လေး အိမ်မှာလုပ်ထားပေးတယ်။စာဖတ်ချင်ရင်တော့ ရွာထဲက ဆွေမျိုးတွေဆို အိမ်လာပြီး စာလာဖတ်ကြတယ်။သူတို့လေးတွေစာဖတ်တာမြင်တော့ ကျွန်တော်ရင်ထဲမှာ အရမ်းပိတိဖြစ်စေတယ်။သြော် ကိုယ်ဝါသနာပါတဲ့ စာဖတ်ခြင်းကို ရွာက ဆွေမျိုးတွေဖတ်တော့ သူတို့မှာလည်း စာဖတ်ခြင်းအကျိုးကျေးဇူးတွေဖြစ်ထွန်တာပေါ့ဗျာ။စာဖတ်တော့ သူတို့လေးတွေ ဥာဏ်ပွင့်တယ်။အသိပညာ ကြွယ်ဝတယ်။အမှားအမှန်ခွဲခြားနိင်တယ်။အကောင်းအဆိုး အကြောင်းအကျိုး ကိုဝေဖန်ပိုင်းခြားနိင်တဲ့ အသိပညာဥာဏ်လေးရတာပေါ့။ငယ်ငယ်က စာဘယ်လောက်ဖတ်လည်းဆို မိဘတွေအိပ်ချိန်ဆို စာအုပ်စဉ်က စာအုပ်ကို အဖေအမေမသိအောင် ယူပြီး မီးဖိုချောင်မှာ တိတ်တိတ်လေး ခိုးဖတ်တယ်။ညစဉ်ညတိုင်းပေါ့ဗျာ။သြော် စကားမစပ်ပြောရအုံးမယ် မီးဖိုချောင်က အိမ်အောက်မှာရှိတော့ ကျွန်တော်က ငယ်ငယ်ထဲက အိမ်အောက်မှာဘဲ အိပ်တယ်။ဘာဖြစ်လို့လည်းဆိုရင် စာဖတ်ချင်လို့ အိမ်အောက်မီးဖိုချောင်က ကျွန်တော်အတွက်အကောင်းဆုံးမဟုတ်လား။ဆယ်တန်းရောက်တဲ့အချိန်ဆို ကျွန်တော်တို့ ရွာက ညကျောင်းခေါ်ပြီး စာသင်ပေးကြတယ်။ပျော်စရာလည်းအရမ်းကောင်းတယ်။ဆောင်းရာရာသီဖြစ်တဲ့အချိန်ရောက်ရင် ညကျောင်းတွေ ခေါ်ပြီးလေ။ညကျောင်းတွေခေါ်တဲ့အချိန်ဆို ဘဝမှာ အပျော်ဆုံးအချိန်လေးတွေနဲ့ အမှတ်တရ အချိန်လေးတွေပေါ့။ခုချိန်မှာ ပြန်ပြီးအမှတ်ရနေသေးတယ်။ခုလိုအမှတ်တရလေးတွေဟာဆို ခုချိန်မှာ မနေ့တစ်နေ့က ဖြစ်နေတဲ့အတိုင်း ထင်နေမိတယ်လေ။သြော် နှစ်တွေဘယ်လောက်ကြာကြာ ငယ်က ပုံရိပ်တွေကိုအမှတ်ရနေတတ်တာ လူတိုင်းလည်း ကျွန်တော်လိုဘဲလို့ ထင်တယ်။ခုလို အမှတ်မရတဲ့သူ ရှိချင်မှ ရှိလောက်မှာပါ။ရှိခဲ့ရင်လည်း လူတစ်ယောင်နဲ့တစ်ယောက်မတူတော့ ပြောရတာ ခက်သားဘဲ။အပေါ်မှာရေးထားတဲ့စာတွေကိုဖတ်ကြည့်ရင် ဒါက ကျွန်တော်ရဲ့ ဝါသနာပေါ့။ကျွန်တော်စိတ်ဓာတ်က လူတစ်ဖတ်သားပေါ်အရမ်း အားနာတတ်တယ်အကျင့်တစ်ခုရှိတယ်။နောက်ဘယ်လောက်ဘဲအခြေအနေရောက်ရောက် စိတ်က တည်ငြိမ်နေတဲ့အကျင့်လည်းရှိတယ်။ကျွန်တော်ခံယူချက်တစ်ခုရှိတယ်ဗျာ။ဘယ်လောက်ခက်ခဲခက်ခဲ အချိန်တန်ရင် ပြီးသွားမှာဘဲဆိုတဲ့စကားလေးပေါ့။ဘယ်လောက်စိတ်ဓာတ်ကျကျခုလိုစကားလေးကိုအမှတ်ရလိုက်ရင် ခွန်းအားဖြစ်စေတယ်။ခုချိန်ထိလည်း လိုက်နာနေတာဘဲ။တစ်ခုခုဖြစ်ရင်စိတ်ဓာတ်မတည်ငြိမ်ရင် ပြသာနာကိုမဖြေရှင်းနိင်ဘူး။ငိုနေလိုလည်း ပြသာနာမပြီးသွားပြီး အကောင်းဆုံးကတော့ စိတ်အေးအေးထားပြီး ငါ ဘယ်လိုဖြေရှင်းရမလဲ ဆိုတာ ခေါင်းအေးအေးနဲ့စဉ်စားရင် အဖြေထွက်မှာပါ။လောကမှ အမေးရှိရင် အဖြေရှိပါတယ်။တကယ်တမ်းက စိတ်အေးအေးထားပြီးဖြေရှင်းပါ။ကျွန်တော်မှာ အဲဒီလို စိတ်ဓာတ်ရှိပါတယ်။နောက်ကျွန်တော်ဘဝမှ မိဘက ပထမ ပါ။ညီအကိုမောင်နှမက ဒုတိယပါ။မိဘဆိုတာအစားထိုးလို့မရသလို မောင်နှမကလည်း အစားထိုးလို့မရပါဘူး။အမေတစ်ယောက်ထဲ မွေးတဲ့ မောင်နှမကိုပြောတာပါ။ အဖေက နောက်မိန်းမယူလို့ ထိုမိန်းမဟာ မိမိရဲ့ အမေ မဖြစ်လာပါဘူး။အမေကလည်း နောက်ယောကျာ်းယူတယ်ထား ထိုလူကို အဖေလိုပြောလို့မရဘူး။ဘာဖြစ်လို့လည်းဆိုရင် သူတို့က အစားထိုးအတုတွေဖြစ်လို့ပါ။မောင်နှမဆိုလည်း ဒီအတိုင်းပါဘဲ။မိထွေးက ဘယ်လောက်မွေးမွေး မိမိရဲ့ မောင်နှမအရင်းမဖြစ်နိင်ပါဘူးနော်။ဒါကြောင့်သူတို့တွေဟာ ကျွန်တော်ရင်ထဲမှာ ပထမရထားတဲ့သူတွေပါဗျာ။ဒါကြောင့်မိဘကို အလုပ်အကျွေးပြုကြပါ။သေမှ မငိုနဲ့။သေမှငိုတဲ့သူတွေဟာ မိဘအသက်ရှိစဉ်အခါက မလုပ်ကျွေးခဲ့သူ မိဘအပေါ်မကောင်းသူနှင့် မိဘအပေါ် စော်ကားသူများဖြစ်ကြလို့ပါ။မိဘအပေါ် တာဝန်မကျေလို ငိုကြတာပါ။တာဝန်နေရင် ငိုစရာမလိုဘူး။ဒါကတော့ ကျွန်ခံယူချက်နဲ့ စိတ်ဓာတ်ပါ။သားဆိုတာ မိဘတွေက "ငယ်ငယ်တုန်းကသား ကြီးလာတော့ အား"ဖြစ်စေချင်ကြတယ်။သမီးတွေကိုလည်း "ငယ်ငယ်တုန်းကသမီး ကြီးလာမှ ထီး"ဖြစ်စေချင်ကြတာ မိဘတိုင်းရဲ့ မျော်လင့်ချက်လေးပါ။ဖြစ်နိင်အောင် ကြိုးစားကြပါ။ဒါက ကျွန်တော်ရဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ချစ်ခင်လေးစားပါသော esteem မှချစ်သောမိဘညီကိုများကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပါစေခင်ဗျာ။

                                                        အမြဲကြိုးစားလျက်
                                                      Author Tunnaingwin

image
MSC100

Sort:  

ဟုတ်စာသားလေးတွေကောင်းပါတယ်နောက်လည်းကြိုးစားပါနော်

ဟုတ် ခုလိုvotပေးတဲ့အတွက် ကျေးဇူးပါနော်။

Welcome to Steemit.

ဟုတ်

Welcome ပါ။

ကျေးဇူးပါ

ကျေးဇူးပြုပြီး Translating app များကို သုံးပြီး English လို ဘာသာမပြန်ပါနဲ့ ။ ထွက်ပေါ်လာတဲ့ စာသာများဟာ အဓိပ္ပါယ်မရှိပါ။ မြန်မာလို သီးသန့် မိတ်ဆက်လည်း ကိစ္စမရှိပါ။ MSC ကလက်ခံကြိုဆိုပါတယ်။နားလည်သူ များကလည်း မဖြစ်သင့်ကြောင်း လမ်းညွန်ပေးကြပါ။ Steemit က global မို့လို့ပါ။

ဟုတ် ။နောက်ဆင်ခြင်ပါမယ်အကို။

ညီ အင်္ဂလိပ်က ဘယ်လိုကြီး ရေးထားတာလည်း။
ကိုယ်တို့လည်း e မကောင်းပါဘူး။

ဟုတ် ။နောက်ဆင်ခြင်ပါမယ်အကို။

မြန်မာလိုရေးထားတာအဆင်ပြေပါတယ် ကိုဟင်လဲပြောပြီးပါပြီ အင်္ဂလိပ်လိုအဆင်မပြေရင် edit ပြန်လုပ်ပြီး ပြင်တာဒါမှမဟုတ် အင်္ဂလိပ်စာကို ပယ်လိုက်တာလုပ်လို့ရပါတယ် ။ စာရေးရင် အပိုဒ်လေးတွေ ခွဲရေးပေးပါ သင့်တော်ရာပုံကို google မှ copyright လွတ်သည့်ပုံ သို့မဟူတ် copyright လွတတ်သည့် site တစ်ခုခုမှ ပုံတို့ဖြင့်လည်း တန်စာဆင်နိုင်ပါတယ် ။

ဟုတ်ကဲ့ပါအကို

မြန်မာစတီးမစ်ကွန်မြူနတီမှ နွေးထွေးစွာကြိုဆိုပါတယ် Tag မှာ introduceyourself ထည့်ပေးရင်ပိုကောင်းပါမယ်

ဟုတ်ကဲ့ပါအကို

ကြိုဆိုပါတယ်ကွယ်၊ သိချင်တာရှိရင်ဆရာ့ကိုမေးပါ။ ခုလံဟုမ္မလင်းမှာပဲလား။

ခုရခိုင်မှာ တာဝန်ကျနေတာပါ။ဟုမ္မလင်းက မွေးဇာတိပါ။

လိုအပ်တဲ့ စာတွေကို ဆရာ့ CB မှာ တောင်းပါ။ ပို့ပေးပါ့မယ်။

ဟုတ်ကဲဆရာ

Welcome par