ယောင်္ကျားလေးများလိင်ဆက်ဆံရာတွင်အသုံးမကျသူဖ်ြကြောင်းသိနိင်မည့်အချက်များ

in #myanmar6 years ago (edited)

၁. သင် အစပျိုးတာ မလုပ်ပါဘူး

သင်က လိင်အကြောင်း တစ်နေ့လုံး စဉ်းစားနေပြီး အိမ်ရောက်တော့ တန်းဆက်ဆံချင်ပါတယ်။ သူမရတော့ အလုပ်ထဲကို စိတ်ရောက်နေပါတယ်။ သူမကို သွေးပူလေ့ကျင့်ခန်း လုပ်မပေးရင် သူမ ပျော်မှာ မဟုတ်ပါဘူး။ သူမကို အမြဲ အစပျိုးပေးတာ လုပ်ပေးပါ။ မိန်းမတွေအတွက် လိင်ကိစ္စမှာ စိတ်က အရေးကြီးဆုံးပါ။ သူတို့ကို စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ နွှေးပေးဖို့ လိုပါတယ်။

၂. သူမကို ဘာဂျာ မပေးပါဘူး

လိင်အရမ်း ဆက်ဆံချင်နေလို့ သူမရဲ့ ပန်းဖူးလေးကို တစ်ချက် နှစ်ချက် ပွတ်ပေးပြီးတာနဲ့ ထည့်လိုက်ပါတယ်။ သူမကို နွှေးပေးဖို့ လိုနေလို့ သူမက လိင်ဆက်ဆံမှု အရသာကို ကောင်းကောင်း ခံစားရမှာ မဟုတ်ပါဘူး။ အရင်ဆုံး သူမကို ဘာဂျာ ကောင်းကောင်း ကိုင်ပေးဖို့ သတိရပေးပါ။

၃. ဆက်ဆံပြီးမှာ သူမကို မထိတော့ပါဘူး

ပူတယ်လို့ အကြောင်းပြပြီးတော့ လိင်ဆက်ဆံပြီးတာနဲ့ အဝေးကြီးကို ခွာသွားပါတယ်။ သင်က သူမနဲ့ မအိပ်ခင် စကားခဏ ပြောဖြစ်ရင်တောင် မလုံလောက်သေးပါဘူး။ လိင်ဆက်ဆံပြီးရင် ပွေ့ဖက်ထားနိုင်ရင် အကောင်းဆုံးပါ။ သင်က တို့ရထိရတာ မကြိုက်ရင် အနည်းအကျဉ်း ကျောလေးကို ကုတ်ပေးတာမျိုးတွေ ကနေ စလုပ်နိုင်ပါတယ်။

၎. မှားမှာ စိုးတာနဲ့ ဘာမှ အဆန်းမထွင်ပါဘူး

တစ်ခုခုမှားသွားမှာ စိုးလို့ သင် ကြားဖူးတဲ့ ပုံစံအသစ်ကို စမ်းမကြည့်မိတာမျိုး ရှိပါသလား။ အမြဲ Missionary နဲ့ Doggy နဲ့ပဲ နှစ်ပါးသွားနေရပါသလား။ အဲဒီအကြောက်တရားတွေကို ဘေးဖယ်ထားလိုက်ပါ။ မှားယွင်းတာဟာ ဘာမှမလုပ်တာထက်တော့ ပိုကောင်းပါလိမ့်မယ်။ သင့်ပါတနာက ဒီပုံစံကြီးနဲ့ နေ့တိုင်း သွားနေမယ့်အစား အသစ်အဆန်းတွေ လုပ်ရတာ ပျော်ပါလိမ့်မယ်။

၅. သင်ကောင်းအောင် သူမကို ပြီးစေချင်နေပါတယ်

သင်က လိင်ကိစ္စဆိုတာ သင့်အတွက် ကောင်းအောင် လုပ်ရတာပဲ ထင်နေပါတယ်။ သူမ ပြီးရင် သင် ဆက်ဆံရတာ ပိုစိတ်ပါပါတယ်။ အဲဒီတော့ သူမကို ပြီးအောင် အတင်းအကျပ် ဖိအားပေးပါတယ်။ အဲဒီလိုနဲ့ သူမက မပြီးပဲ ပြီးချင်ယောင် ဆောင်တတ်လာပါတယ်။ အဲဒီလို မဖြစ်ပါစေနဲ့။ ကိုယ့်ဘာသာ ယုံကြည်တဲ့ အမျိုးသားတစ်ယောက်ဟာ သူ့ရဲ့ ပါတနာ ဘာလိုချင်လဲဆိုတာကို သိနေပြီး ဘာဆက်လုပ်ရမလဲ အမြဲ စုံစမ်းနေတတ်ပါတယ်။

၆. သူမဘာကြိုက်လဲ မမေးရသေးပါဘူး

သင်က မိန်းမတိုင်းကို ဒီဖော်မြူလာနဲ့ချည် ချဉ်းကပ်ပါတယ်။ မိန်းမတိုင်း ဒီလိုလုပ်လိုက်ရင် ပြီးမှာပဲဆိုတဲ့ ပုံစံနဲ့ ချဉ်းကပ်ပါတယ်။ တကယ်တော့ မိန်းမတိုင်းဟာ တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။ ချဉ်းကပ်နည်းလဲ အမျိုးမျိုး ရှိကြပါတယ်။ သင် ဆက်ဆံခါနီးတိုင်း သူမကြိုက်တဲ့ အရာကို ပွင့်ပွင့်လင်းလင်း မေးသင့်ပါတယ်။

၇. သူမက လုံးဝ အသံမထွက်ပါဘူး

အိပ်ရာထဲမှာ အသံသိပ်မကျယ်တဲ့ မိန်းမတွေ ရှိပေမယ့် ဘာသံမှ မထွက်တာကတော့ သူမ မကြိုက်ဘူးဆိုတာရယ်၊ အသံထွက်ရလောက်အောင် မကောင်းဘူးဆိုတာရယ်ကို ပြတာ ဖြစ်ပါလိမ့်မယ်။ မစခင်မှာ သူမ အသံထွက်ရင်၊ ညည်းရင် သင်ကြိုက်တယ်ဆိုတာ ပြောပြထားသင့်ပါတယ်။ ဆက်ဆံစဉ်လဲ ကောင်းလား ကောင်းလား မမေးပဲ သင် ကြိုက်တဲ့ အပိုင်းလေးတွေ ပြောပြပြီး အဲဒီနေရာတွေမှာ ဘယ်လိုလုပ်လိုက်ရင် သူမ ပိုကြိုက်သွားမလဲဆိုတာ မေးကြည့်ပါ။

၈. သူမ “အက်တင်” လွန်နေပါတယ်

သင် သူမကို ထိလိုက်တာနဲ့ Pornstar တစ်ယောက်လို အော်ဟစ်နေရင်တော့ သရုပ်ဆောင်နေတာ ဖြစ်နိုင်ပါတယ်။ အဲဒါကို သင့်ကို ပိုအားရှိစေဖို့နဲ့ သူတို့ မပြီးဆုံးနိုင်တာကို ကာကွယ်ဖို့ လုပ်နေကြတာပါ။ သူမကို အဲဒီလို အော်တာ သင့်ကို စိတ်တက်ကြွစေပေမယ့် ဘယ်အရာတွေက သူမအတွက် အကောင်းဆုံးလဲဆိုတာ သင်သိသင့်တယ်လို့ ပြောကြည့်ပေးပါ။

၉. သင့် လိင်တံ ပြသနာကို ပြောမပြပါဘူး

အဲဒါဟာ အိပ်ရာထဲမှာ အထင်ရှားဆုံး ဖြစ်ပြီး သူမက သင်မပြောလဲ သိမှာပါ။ ပန်းသေပန်းညှိုး၊ အချိန်မတိုင်မီ သုတ်လွှတ်ခြင်းတွေ ဖြစ်ရင် သင့်ကောင်မလေးကို ပြောပြထားသင့်ပါတယ်။ သင်က အဲဒါကို ကုနေတယ်ဆိုတာလဲ ပြောပြထားပါ။ သူမ သည်းခံပါလိမ့်မယ်။ သူမကို ပြီးအောင်လဲ လက်နဲ့ပဲ ဖြစ်ဖြစ်၊ ပါးစပ်နဲ့ ဖြစ်ဖြစ် လုပ်ပေးလိုက်ပါ။

၁၀. သူမက ဘယ်တော့မှ မပြီးပါဘူး။ အဲဒါကြောင့် သင်လဲ သင်ပြီးတာနဲ့ ဆက်ဆံတာ ရပ်လိုက်ပါတယ်

အရင်ဆုံး သူမကို ပြီးကို ပြီးအောင် လုပ်ပေးပါ။ ယောက်ျားတော်တော်များများဟာ သူတို့ပြီးတာနဲ့ မိန်းမလုပ်သူက ဘာမှ မပြောရင် ဟိုဘက်လှည့်ပြီး အိပ်ဖို့ မီးစိမ်းပြတာလို့ ထင်တတ်ကြပါတယ်။ သင် သူမ ပြီးတာ မတွေ့ရင် သူမ မပြီးပါဘူး။ သူမ မပြီးတာကို ဂရုမစိုက်ရင်တော့ သင် ပြသနာ အကြီးကြီး တက်ပါပြီ။ သင် ပြီးရင်တောင် သူမကို ပြီးစေဖို့ ပါးစပ်၊ လက်၊ ဘယ်ဟာနဲ့ ဖြစ်ဖြစ် အားသွန်ခွန်စိုက် လုပ်ပေးပါ။

images.jpeg