Order for Children (1)

in #myanmar3 years ago

Order for Children (1)
သားသမီးတို့အတွက် မှာတမ်းစာ
(Ah Wa = အဝါး = ကချင်လို အဖေ)

ဟဲလို.......
သားတို့သမီးတို့...ကျန်းမာပျော်ရွှင်ကြပါစေလို့
တောင်: ဆုပြုလိုက်ပါတယ်ကွယ်.....။
အဝါးကတော့...ခေါ်တော်မူခြင်းမခံရသေ.:
တော့....ပြောစရာ၊ မှာစရာရှိတာလေ : တွေ ပြော
ရ ဦး မယ်ကလေးတို့ရယ်.....။
ဘာ.ကြောင့်လည်းဆိုတော့....လူ့လောက
မှာ အသက်ရှင်နေတဲ့အချိန်... ....လူသားတာဝန်
ကျေဖို့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်နော်.....။
ပြီးခဲ့တဲ့ရက်က ..... အဝါး ပြောခဲ့တဲ့ Mission နဲ့ ဆက်နွယ်ပြီး......နောက်ဆက်တွဲမွေး
မြူ ကျင့်ကြံရမယ်....စိတ်ထားတွေကိုဆက်ပြော
ပါရစေ.....။

img_0.35922457206943686.jpg

     Mission ဆိုတာဟာ ..... ရည်မှန်းချက်ပန်း

တိုင်ကို...အောင်မြင်အောင်....ဆောင်ရွက်ရမယ်
ဆိုတဲ့....." အောင် " စိတ်ဓါတ်လို့...ဒဿနပညာ
ရှင်တွေက....အဓိပ္ပါယ်ဖွင့်ဆိုကြပါတယ်...။
ဒါနဲ့ပတ်သက်ပြီး ပညာရှင်တစ်ဦးက........
အခုလို .....သတ်မှတ်ပေးထားတာလေးကြည့်ရ
အောင်.." ပန်းတိုင်+ ဆုံးဖြတ်ချက်+ လုပ်ဆောင်
ချက်= အောင်စိတ်ဓါတ်...." တဲ့။
ပန်းတိုင်(Mission) ကို ရောက်ဖို့...အရေး
ကြီးတာရယ်' ၊ အရေးမကြီးတာရယ်၊အရေးပေါ်
ရယ်၊ သာမန်ရယ်...ဆိုတာတွေက.. သားတို့သမီးတို့မှာ...
ရောထွေးနေတတ်တော့...ခွဲခြမ်းစိပ်ပိုင်းနိုင်မှရမယ်....။
( ပထမ) က...အရေးကြီးတာကိုအရင်လုပ် ပါ..။
(Put first Things first) ..ပေါ့...မရှိလို့လုပ်
စားတာ...အေးဆေးပေါ့ ဆိုတဲ့ သူဟာ...ရလဒ်
ကောင်းကို ... မရနိုင်ပါဘူး.... ဥပမာ...နက်ဖြန်
စာမေးပွဲဆိုမှ....ဒီနေ့ စာအုပ်လှန်တဲ့သူမျိုးပေါ့..။.
(ဒုတိယ) က .... စီမံခန့်ခွဲတတ်ရမယ်....."
အချိန်ရဲ့ ....ကျေးကျွန်အဖြစ်မခံသူ၊ အချိန်နဲ့ ရန်
မဖြစ်သူ တစ်ယောက် ဖြစ်ပြီး...အချိန်ပေါ်မှာ အ
ခြေခံပြီး....အရေးမကြီး၊ အရေးကြီး၊ အရေးပေါ်၊
သာမန်...ဆိုတာတွေကို... စနစ်တကျ စီမံခန့်ခွဲပြီး
အချိန်ကို ... လိုသလို...... အသုံးချနိုင်သူဖြစ်စေရမယ်....။
ဖေ့စ်ဘုတ်ကိုပဲ အသုံးများနေတာ၊ လက်
ဖက်ရည်ဆိုင်မှာပဲ အထိုင်များနေတာ၊ အရည်မရ
အဖတ်မရ ..စကားတွေနဲ့ အချိန်ကုန်နေတာတွေ
ကို (Won't Power) ငြင်: ပယ်နိုင်တဲ့ စွမ်းရည်
ရှိဖို့လည်း လိုတယ် ကလေးတို့ .....။
အဓိကကျတာကတော့....အကောင်း အဆိုး
ကိုရွေးချယ်တတ်ဖို့ ဖြစ်ပါတယ်ကွယ်.....ဥပမာ
" ပျင်းတယ်ကွာ....အလည်သွားရအောင်လို့လာ
ခေါ် သူကို (No) ပေါ့....စာကြည့်တိုက်သွားကြ
မယ်ကွာလို့လာခေါ်ရင်....(Yes) လို့ တုန့်ပြန်နိုင်တဲ့....
အကျိုးရှိ/မရှိကို ... သုံးသပ်နိုင်ပြီး... ငြင်း
ဆန်နိုင်တဲ့ သတ္တိမျိုးကို မွေးမြူနိုင်ရမယ်လို့
ပြောချင်ပါတယ်ကွယ်.....။

img_0.2241957325234418.jpg

      အလုပ်ရဲ့ အရေးပါမှုကို ....ခွဲခြားသတ်

မှတ်နိုင်မယ်၊ အစီအစဉ်အတိုင်း....အဆင့်
မကျော်ဘဲ.... မှန်မှန် လုပ်မယ်ဆိုရင် ....အဲ့ဒီအ
တွက်ရတဲ့ အကျိုးကျေးဇူးက .ဘ၀မှာ.| ပန်းတိုင် အတွက်...
.ထိန်းချုပ်ကိုင်တွယ်နိုင်တဲ့ ရလဒ်တွေပဲပေါ့ကွယ်......။
သားတို့သမီးတို့အတွက်....လိုတိုရှင်းပြော
ရတာဆိုတော့....အဝါး..ပြောတဲ့အချက်အလက်
စကားလုံးတိုင်းကို ....သေချာပြန်စန်းစားနိုင်ဖို့လို
ပါမယ်နော်.....။
(တတိယ) အချက်အနေနဲ့.....ခြုံပြောချင်
တာက (၁)..အေးဆေးပါကွာဆိုတာ...မဖြစ်ပါစေ
နဲ့၊ (၂)...ရပါတယ်သမား...မဖြစ်ပါစေနဲ့..၊ (၃) လူ
ပျင်း အလုပ် .. မလုပ်ဖြစ်ပါစေနဲ့..'.(၄) အရာရာ
ကို စီမံခန့်ခွဲနိုင်တဲ့သူ.....ဖြစ်အောင် လေ့ကျင့်မွေး
မြူကြပါလို့....အဝါ : မှာချင်တယ်....

လွပ်လပ်နယ်မြေတစ်နေရာက
Victor Naw Awng

  1. 8 . 2021