နူးညံ့ရီ​ဝေ​စေတတ်​​သော ကျိန်​စာ ၆

in #myanmar6 years ago

နူးညံ့ရီ​ဝေ​စေတတ်​​သော ကျိန်​စာ ၆
image
" စာ​ရောက်​ပါတယ်​ ​ဗိုလ်​မှူး.."

ကျွန်​​တော်​ စာကို လက်​ခံယူပြီး ကြည့်​လိုက်​​တော့ ခန့်​မင်းရဲ့ ညီမ​လေး ဆူးသက်​ဆီက..

စာကို ဖတ်​​နေရင်​ ကျွန်​​တော့်​လက်​​တွေ တုန်​ယင်​လာခဲ့တယ်​။ မဖြစ်​နိုင်​ဘူးလို့ တီးတိုး ​ရေရွတ်​​နေမိ​ပေမဲ့ ဒါဟာအမှန်​ပဲဆိုတာ ကျွန်​​တော်​သိ​နေခဲ့တယ်​။ ဒါ​ပေမဲ့ လက်​မနိုင်​နိုင်​ဘူး..လက်​မခံလိုဘူး လက်​လည်း မခံရဲဘူး..

ဆူးသက်​ရဲ့အ​မေဆုံးသွားပြီဆိုတဲ့ အ​ကြောင်းနဲ့ သူမရဲ့ ​ဆွေမျိုး​တွေရှိတဲ့ ဝန်းကျင်​ရဲ့ လူမှု​ရေးအရှုပ်​အ​ထွေး​တွေအ​ကြောင်း​ တ​စေ့တ​စောင်းကို ​ရေးထားတာပါ။

ခန့်​မင်းတို့အ​မေဟာ ကျွန်​​တော့အတွက်​ မိခင်​တစ်​​ယောက်​လို ဖြစ်​ခဲ့တာပါ။ ပြီး​တော့ ဆူးသက်​က​လည်း ကျွန်​​တော့ ညီမ​လေးတစ်​​ယောက်​လို ကျွန်​​တော်​ ခံယူ သတ်​မှတ်​ထားခဲ့တာပါ
ကျွန်​​တော်​ ရင်​တစ်​ခုလုံး ပွင့်​ထွက်​​တော့မလို ​ဆောက်​တည်​ရာမဲ့​နေခဲ့တယ်​။

ဆည်းဆာချိန်​ တပ်​​ဆေးခန်း​ရှေ့က ခုံမှာ ကျွန်​​တော်​ အဓိပ္ပါယ်​မဲ့ ထိုင်​​နေမိတယ်​။ ကျွန်​​တော်​ ​ဝေခွဲဆုံးဖြတ်​နိုင်​စွမ်း​တွေ ​လျော့​နေတယ်​။
အ​နောက်​စွန်းက ဝင်​လုဆဲဆဲ ​နေ​ရောင်ြဲ့အတူ ကျွန်​​တော်​ဘဝပါ မကြာခင်​အ​မှောင်​ကျ​တော့မလို ဖြစ်​​နေခဲ့တယ်​။

ကျွန်​​တော်​ ဆူးသက်​ကို ဘယ်​လို ​ပြောရမလဲ။ ဘယ်​လိုစကားလုံး​တွေနဲ့ နှစ်​သိမ့်​​ပေးရမှာလဲ။သူ့ဘဝ​လေးကို ဘယ်​လို စီမံ​ပေးရမှာလဲ ကျွန်​​တော်​ စဉ်းစားလို့မရဘူး ။ အားလုံးဟာ ရှုပ်​​ထွေး​နောက်​ကျိ​နေတယ်​။

" ​ဗိုလ်​မှူး လူနာ သတိရလာပြီ.."
"ဪ..​အေး...​အေး..."

ကျွန်​​တော့်​မှာ လက်​ရှိ​ဖြေရှင်းရမယ့်​ ပြဿနာက ​မေသီရိ..။သူမရဲ့ မိုက်​ရူးရဲလုပ်​ရပ်​က သူမရဲ့အသက်​အန္တရာယ်​အထိ ထိခိုက်​သွားနိုင်​​​ပေမယ့်​ ကံ​ကောင်း​ထောက်​မစွာ သူမကျိုးတာ ကန်းတာအထိ​တော့ဖြစ်​မသွားဘူး။ အတွင်းဒဏ်​ရာ အနည်းငယ်​ရလိုက်​​ပေမဲ့ ပြင်းပြင်း ထန်​ထန်​ကြီး​တော့ ဖြစ်​မသွားခဲ့ဘူး​လေ။

ကျွန်​​တော်​ သူမရှိရာကို ​ရောက်​​တော့ သူမ ရှိုက်​ကြီး တငင်​ငို​နေခဲ့တယ်​။
ကျွန်​​တော်​ သူမကိုစကားတစ်​ခွန်းမှ မ​ပြောဖြစ်​ပဲတိတ်​တဆိတ်​ပင်​ သူမအနားမှာ ရပ်​​နေလိုက်​သည်​။သူမ ငိုလို့ ဝသွားချိန်​မှ တိတ်​ဆိတ်​ခြင်း​တွေကို သူမဖက်​က စတင်​ဖြိုခွင်းလိုက်​သည်​..။
image
" ​မေ လုံးဝ မထင်​ခဲ့ဘူး။ ခန့်​က စိတ်​ဓာတ်​ခိုင်​မာတဲ့ ​ယောက်ျားတစ်​​ယောက်​အဖြစ်​ ဟိုးငယ်​စဉ်​ကတည်းက ​မေ့ ​ဘေးက​နေ ရပ်​တည်​လာခဲ့တာ။မေ့ကို ​ပြောဆိုဆုံးမခဲ့တာ. သူက လူကြီးတစ်​​ယောက်​လို ​ပြောလာတိုင်း သူ့ကိုကြည့်​ပြီး ​မေ ရယ်​ခဲ့မိတယ်​။ ​လှောင်​ခဲ့မိတယ်​။ ဒါ​ပေမဲ့ သူ့​စေတနာ​တွေကို​တော့ ​မေသိပါတယ်​။
မေက တစ်​​ကောင်​ကြွက်​သာသာပါ​လေ။ မိဘ​တွေမရှိကြဘူး..ရှိတဲ့ အစ်​မတစ်​​ယောက်​ဆီမှာလည်း အစ်​မ​ယောက်ျားရဲ့ သား​ကောင်​တစ်​​ကောင်​လိုပြုမူတဲ့ အပြုအမူ​တွေ​အောက်​မှာ ​မေ့ဘဝက လုံခြုံခဲ့တယ်​ရယ်​လို့ မရှိခဲ့ဘူး...
မေ့အတွက်​ ​နွေး​ထွေးလုံခြုံမှုဆိုတာ ခန့်​တို့ ဆီမှာပဲ ရှိခဲ့တာ ​မေ့ ငယ်​စဉ်​က​လေးဘဝရဲ့​ပျော်​ရွှင်​မှုကို ခန့်​တို့ကပဲ ​ပေးခဲ့တာ..​မေ တကယ်​ ​မျှော်​လင့်​ခဲ့မိတဲ့ ဘဝအိမ်​မက်​က ကြီးကျယ်​သလို ရိုးရှင်းပါတယ်​..အညတြထက်​တာင် နိမ့်​ကျ​နေ​သေးတဲ့ မိန်းက​လေး​တစ်​​ယောက်​အ​နေနဲ့ ​မေ့အိမ်​မက်​​တွေက ကြီးကျယ်​လွန်းခဲ့ပါတယ်​။ဒါ​ပေမဲ့ ​နွေး​ထွေး​အေးချမ်းမှု​တွေနဲ့ပဲ အဆုံးသတ်​ချင်​ခဲ့တဲ့ ​မေ့ဆန္ဒ​တွေကလည်း ရိုးစင်းပါတယ်​။မေက ငယ်​ကတည်းက ​မေတ္တာဆိုတာ ဘာမှန်းမသိခဲ့သူ​လေ..ခန့်​တို့ဆီက ​မေတ္တာဆိုတာ ​ဝေမျှ​ပေးခဲ့​ပေမဲ့ ​မေနဲ့ ထိုက်​တန်​ပုံမရခဲ့ပါဘူး​လေ...ဘာ​ကြောင့်​လဲဆို​တော့ ​မေတ္တာတရားကို နားလည်​လာတတ်​ချိန်​မှာ ​မေတ္တာတရား ​မေနဲ့ ထပ်​ပြီး ​ဝေးခဲ့ကြပြန်​တာကိုး....."

နီရဲမို့အစ်​​နေတဲ့ ​မျက်​လုံး​တွေကို ​ငေးရီရင်း သူမရဲ့ စကား​တွေကို ကျွန်​​တော်​ ငံ့လင့်​​နေမိတယ်​။သူမက ​ဆေးခန်းနံရံဖက်​ မျက်​နှာမူပြီး တိုးလျ ​အေး​ဆေးစွာ စကားကို ​ပြော​နေခဲ့​ပေမဲ့ နံရံ​တွေကို သူမမြင်​​နေပုံမရပါဘူး။ သူမရဲ့ အတိတ်​​တွေထဲက ရှားရှားပါးပါး ခံစားခဲ့ရဖူးတဲ့ ​အေးချမ်းမှု​လေး​တွေကိုပဲ မြတ်​မြတ်​နိုးနိုး မြင်​​နေပုံရပါတယ်​။

အဲ့ဒီအချိန်​မှာ ဆူးသက်​ကို ကျွန်​​တော်​ သတိမရ​တော့သလို ​မေ့ကို မုန်းတီးစိတ်​​တွေလည်း ဝင်​မ​နေခဲ့ဘူးဆိုတာ ကျွန်​​တော်​ကိုယ်​ကိုယ်​​တော်​ ​သေ​သေ​ချာချာ သိ​နေခဲ့တယ်​။
ပြောရမယ်​ဆိုရင်​ ကျွန်​​တော်​ပတ်​ဝန်းကျင်​မ​ပြောနဲ့ ကျွန်​​တော့်​ကိုယ်​ကျွန်​​တော်​ပါ ​ပျောက်​ဆုံးပြီး ​မေ့အတိတ်​​တွေထဲမှာ ကျင်​လည်​လွှင့်​ပါး​နေခဲ့သလိုပါပဲ။
image
==>>အပိုင်း ၇ ​မျှော်​..

Written @yekungsatthone
Photo credit google
Msc 213

Sort:  

ဒီအရွယ်လေးနဲ့ ဒီလောက်ရေးတတ်တာ မမတော့ အံ့သြမိတယ် တော်ပါတယ်လေ ဆက်ဖတ်မယ်fighting☺

ထင်​မှတ်​မထားတာ​တွေ လာအုံမှာ မကြိ ​​စောင့်​ကြည့်

အရမ်းကို ROတယ်ဗျာ

ကေျးဇူးပါဗျာ

အ​ရေးအသားနှင့်​ဖတ်​လို့​ကောင်းပြီး...အပိုင်း၇ဆက်​အား​ပေးပါ့မယ်​...

ကျေးဇူးပါ ဆက်​လက်​ အား​ပေးပါ

ဖက်ရတာလည်းကောင်းတယ်ပုံလေးတွေလည်းကြို့က်တယ်ဂျာ

ကျေးဇူးပါဗျ

အော်မေသီရိမသေသေးဘူးဘဲ ကျွန်တော်က သေပြီမှတ်တာဗျ မိန်းကလေး ၂ ယောက်ကြားမှာ ဗျာများတော့မယ်ထင်တယ်နော်

အပိုင်း၇​မျှော်​....😁

အချစ်ဇတ်လမ်းလေး ရမ်ြးုက်😅😅

ဆက်ပါအုံးဗျ

ဟုတ်​ကဲ့

ဆက်​လက်​အား​ပေးပါမည်​ ဖတ်​မဝဘူး

ဟုတ်​ကဲ့ ဆက်​လက်​အား​ပေးပါဗျ

လွမ်းရမလို ဆွေးရမလို😢😢😢

စိတ်​ကြိုက်​ခံစားပါဗျ..😂

ဇာတ်‌လမ်းက မှန်းရခက်‌တုန်း။‌ရေးတက်‌ပါ‌ပေ့။

ဟုတ်​ကဲ့ ဆက်​ဖတ်​​ပေးပါဗျ

ဝထ္ထု​လေးက​ကောင်းတယ်​ဗျာ အပိုင်း၇ဆက်​​စောင့်​ဖတ်​မယ်

ကျေဇူးးပါ ဆက်​ဖတ်​​ပေးပါ

အချစ်ဝတ္ထုတွေရေးတာ proဆန်တယ်ဗျာ

ကျေဇူးးတင်​ပါတယ်ဗျာ

စောင့်မျှော်အားပေးပါ့မယ်ဗျ

ဆက်​လက်​အား​ပေးပါဗျ

အ​ရေးအသား​လေး ဂွတ်​တယ်​ဗျာ

ကျေဇူးးပါ

Loading...