HELLO EVERYONE........
Nice To Meet You Again.... Steemit member
များအားလုံး ကျွန်တော့်အခုရေးမယ့် အကြောင်းအရာလေးကို ဆက်လတ်အားပေးဖတ်ရူ့ပေးပါဦးခင်ဗျာ။
ကျွန်တော် ဒီတခေါက်ရေးချင်တာကတော့ ကျွန်တော်တို့ အဖွဲ့ကျောင်းမှာ လက်တွေ့လုပ်ရတဲ့ project နဲ့ ပတ်သတ်ပြီး ရလာခဲ့တဲ့ ပညာတချို့ကို steemit member များလည်းသိစေရန် ဝေငှချင်ပါတယ်။
ကျွန်တော် ကို ကျွန်တော် မိတ်ဆက်တုန်းက ကျွန်တော်ဟာ (Electrical Power Enginnering) major မှာ ပညာသင်ကြားနေတယ်လို့ ရေးခဲ့ပါတယ် အခု ပြောချင်တာလေးကတော့Major က ပြုလုပ်တဲ့project က ရခဲ့တဲ့ ပညာတချို့ကို တင်ပြပေးလိုက်ပါတယ်။ ကျွန်တော်တို့ Uni က အကြီးအကဲတေ
ဦးဆောင်ပြီး Project Show တခု ပြုလုပ် ကျင်းပခဲ့ပါတယ်။ဒီ Project show ဟာ major ပေါင်းစုံမှ ကျောင်းသား၊သူ များအားလုံးရဲ့ တီထွင်ပြုလုပ်ထားတဲ့ ပစ္စည်းတချို့ ၏ အလုပ်လုပ်ပုံကို လက်တွေ့ ပြသခြင်းဖြစ်ပါတယ်။

ကျွန်တော်တို့ major ကလည်း project ကို တီထွင်ထားတဲ့ ပစ္စည်း များပြသနိုင်ရန် ဆရာ၊ဆရာမ များက အဖွဲ့ ဖွဲ့ထားပေးသည်။ ကျွန်တော်တို့ second year အဖွဲ့တွင် လူ ၁၀ ယောက်ခန့်ပါပါတယ်။ ကျွန်တော်တို့ သည် ပြုလုပ်ရမည့် ခေါင်းစဉ်ကို စဉ်စားပြီး ဌာနမူး နှင့် တိုင်ပင်ကာ သင့် တော်လျှင် လက်တွေ့ပြုလုပ်ကြသည်။ ကျွန်တော်တို့ အဖွဲ့၏ ခေါင်းစဉ် မှာ "Interfacing
Phase Sequence And Phase Failure Relay With
Shunt Trip Coil " ဖြစ်ပါတယ်။ ကျွန်တော်တို့သည် လိုအပ်သည်များကို လိုက်လံ ၀ယ်ယူကာ ပစ္စည်းစုံသည်နှင့် နောက်တနေ့တွင် ပြုလုပ်တပ်ဆင်ခဲ့ကြသည်။ ပြီးဆုံးသွားသည်နှင့် လက်တွေ့ စမ်းသပ်ပြုလုပ်ကြည့်သောအခါ ပထမ တခါတော့ မရပေ။
ဒုတိယ တကြိမ် ပြုလုပ်သောအခါ မှ ရရှိခဲ့သည်။

ကျွန်တော်တို့ အဖွဲ့ သည် အဆင်သင့် ဖြစ်ပြီဆိုရင် project show တွင် ပြသရန် နေရာချထားခဲ့သည်။ Project show တွင်အကြီးအကဲတေကို ရှင်းပြရန် အတွက် power point များဖြင့် ပြင်ဆင်ကာ presentation ပြုလုပ်ခဲ့ကြသည်။ project အတွက် အချိန်ကို တလတာ ပေးခဲ့ပါတယ်။ အချိန်မှီ ပြီးစီးနိုင်ခဲ့သည်။နောက်တနေ့ တွင် ကျွန်တော်မှ ဦးဆောင်ကာ presentationဖြေဆိုခဲ့သည်။ လအကုန်တွင် project show ပြသခဲ့သည်။ကျွန်တော်တို့အဖွဲ့ ပထမဆု ရရှိခဲ့သည်။ကြွားတာ ကြွားတာ
ဟားဟား။


အဓိက ပေးချင်တဲ့ massage ကတော့ အခုမှပြောမှာပါ။ ကျွန်တော်နားလည်တာ ကတော့ အဖွဲ့အစည်းနဲ့ ပြုလုပ်ရတဲ့ အခါ "ကိုယ်ဖြစ်ချင်တာကိုချည်း မလုပ်ဘဲ အဖွဲ့နဲ့တိုင်ပင်ပြီးမှသာ ဆောင်ရွက်ရန်"ဖြစ်သည်။ တခါတလေတော့ နားလည်မှုလေးတေလည်း လွဲတတ်ပါတယ်။ကျွန်တော်တို့ အဖွဲ့ဟာ project အတွက် သေချာကြိုးစားလေ့လာပြီး ဆောင်ရွက်ခဲ့ကြသည်။တယောက်တပိုင်းစီ တာဝန်ယူကာ ကိုယ်စီဆောင်ရွက်ကြရသည်။အဖွဲ့အစည်းနဲ့ လုပ်ကိုင်ရာတွင် အဖွဲ့သားတယောက်၏ အမြင်ကို လျစ်လျူ မရူ့သင့်ပါ။ တယောက်တလှည့် အမြင်ချင်း ဖလှယ်ကာ ကောင်းသောအချက်ကို ထုတ်ကာ ဆောင်ရွက်ခြင်းဖြစ်သည်။တဦးကို တဦး ယုံကြည်မူရှိဖို့က အရေးကြီးဆုံး အချက်ပါဘဲ။ နောက်တခုကတော့ ဖွဲ့သားအချင်းချင်း စည်းစည်းလုံးလုံးနဲ့ ပြုလုပ်ပါက ဘယ်အရာမဆို အောင်မြင်နိုင်ပါသည်။ ကျွန်တော်တို့ အဖွဲ့ အခုလို ပထမဆု ရရှိတာကလည်း အဖွဲ့သားအချင်းချင်းယုံကြည်မှုရှိပြီး စည်းလုံးညီညွတ် စွာ လုပ်ကိုင်ခဲ့တာကြောင့် ဘဲဖြစ်ပါသည်။ ဒါကြောင့် လောကမှာလည်း ကိုယ့်အတွက်ကို မကြည့် ဘဲ အများအကျိုး ကိုကြည့်ကာ လုပ်ကိုင်ကြနိုင်ပါစေလို့ မေတ္တာပေးပို့လိုက်ပါတယ်။
အခုလို အဆုံးထိ ဖတ်ပေးတဲ့ member များအားလုံးကျေးဇူးတင်ပါတယ်။ဖတ်ပေးတဲ့အတွက် ရေးရကျိုး နပ်ပါသည်။
Steemit အဖွဲ့အစည်းမှာလည်း စည်းစည်းလုံးလုံးနဲ့ ပြုလုပ်နိုင်ကြပါစေ။Bye Bye.
@yelinn
Msc _241
စည်းလုံးညီညာအောင်ကြောင်းဖြာဆိုသည့် ဆောင်ပုဒ်ကို လက်ကိုင်ပြုထားလို့ပေါ့နော်
ကြိုးစားပါ ညီရေ။TUတွေရဲ့ ပျော်စရာအကောင်းဆုံးနဲ့ ခေါင်းအခြောက်ရဆုံး အချိန်တစ်ခုပါပဲလေ။
ဟုတ်တယ် bdo။ တော်တော်လေးတော့ ပျော်စရာလည်းကောင်းပါတယ်။ခေါင်းလည်းခြောက်ပါတယ်
အဖွဲ့သားအချင်းချင်းယုံကြည်မှုရှိပြီး စည်းလုံးညီညွတ် စွာ လုပ်ကိုင်ခဲ့ရင် အောင်မြင်မှုစောင့်နေမှာပါ
မှန်ပါတယ် ဘဒို။ အောင်မြင်မှု ဆိုတာ ရောက်ကိုရောက်လာမှာပါ
အဖွဲ့စည်းနဲ့လုပ်တဲ့အခါမှာသာတယ်နာတယ်တွက်နေလို့မရဘူးညီရေ။ပေးချင်တဲ့မက်ဆေ့လေးကောင်းတယ်။
မှန်ပါတယ် ဘဒို။ အကုန်လုံး ညီညီညွတ်ညွတ် ဆောင်ရွက်ရင် အောင်မြင်မှု ကိုရရှိမှာပါ
Sneaky Ninja Attack! You have been defended with a 1.48% vote... I was summoned by @yelinn! I have done their bidding and now I will vanish...Whoosh
Thanks a lot
Upvoted ☝ Have a great day!
You too
ဟုတ်ပါတယ် အားလုံး ညီညီညွတ်ညွတ် လုပ်ဆောင်မယ်ဆိုရင် အောင်မြင်နိုင်ပါ၏
တကယ်လက်တွေ့ပါဗျာ
ဟုတ်တယ် အာ့ဒါ ကြွားတာ
နည်းပညာအကြောင်းရေးနာဆိုပီး ဖတ်လိုက်ရတာကို
ကယ်ဘဲ
Yeကြွားတာ။ ဖတ်ပေးလို့ကျေးကျေး
ဆုတံဆိပ်တွေ အားကျစရာဗျာ
Good pot ပါ
ဘာရယ်တော့မဟုတ်ကြွားထားတာ
good
Yep
Con conပါ..broရေ။ဝမ်းသာပါတယ်ဗျ။
ဟုတ်ကဲ့ပါ ဗျာ ။ကျေးကျေး
စုပေါင်းညီညာခြင်းဟာ ဘယ်လိုအတားအဆီးကိုမဆို ကျော်လွှားနိုင်ပါတယ်
တကယ်မှန်ပါတယ်။ စည်လုံးညီညာအောင်ကြောင်းဖြာ
မိုးစက်များတော့ မြစ်ချောင်းဖြစ်တာပေါ့ဗျာ
အားလုံးရဲ့ စုပေါင်းစွမ်းအားက အရာရာဖြစ်စေတယ်ဗျာ good post broရေ
ဒီထက်လည်း အောင်မြင်ပါစေဗျာ
I m so late for you to vote bro....nice post