Hello Everyone.Glad To Meet You Again.
အခု တခါမှာတော့ အပြီးသတ်ရေးရမယ့် အချိန်ရောက်လာပါပြီ။ကျွန်တော်ရေးခဲ့ တဲ့ solar system ဟာ အခု ဆိုရင် အပိုင်း ၃ ခုတောင် ပြီပါပြီ။ About The Sun အကြောင်းကိုလည်း အများကြီး မသိရင်တောင် ဗဟုသုတ အနည်းငယ် ရလိမ့်မယ် ထင်ပါတယ်။အများသူဋ္ဌာတို့ အရင်ကမသိခဲ့တဲ့ အကြောင်းအရာတွေကို အခုလို ပြန်လည် ရေးသားခွင့်ရလို့ ၀မ်းသာပါတယ်။ အခုဆိုရင်
တော့ solar system အကြောင်း ရဲ့ နောက်ဆုံးအပိုင်းကို ရေးသားရတော့မယ့် အချိန်ရောက်လာပါပြီ။ အခု solar အကြောင်းပြီးသွားရင် နောက်လာမည့် အပိုင်းလေးကို အင်ဒရို ၀င်ထားပါမည်။ အဲ့တာကတော့ satellite အကြောင်းဘဲ ဖြစ်ပါသည်။ Satellite အကြောင်းလည်း စိတ်ဝင်စားစရာ အပိုင်းလေးတေ ပါလို့ စိတ်ဝင်စားမယ်လို့ ထင်ပါတယ်။အခုကတော့ Solar ရဲ့ နောက်ဆုံးအပိုင်းကို တင်ဆက်ပါမည်။
အရင်အပတ်တေက နေရဲ့ ဖွဲ့စည်းပုံ ၊ထုတ်လွှတ်တဲ့ ရောင်ခြည် ၊ပမာဏ စသည့် အကြောင်းအရာတေကို တင်ဆက်ခဲ့ပြီးပါပြီ။ အရင် ပတ်က နေမှ ထုတ်လွှတ်တဲ့ ရောင်ခြည် ပမာဏ ကို ပြောပြီးပါပြီ။နေမှ ထုတ်လွှတ်လိုက် တဲ့ ရောင်ခြည်တွေဟာ ကမ္ဘာ ပေါ်ကိုညအကုန်လုံး မကျရောက်ပါဘူး။ ကျရောက်လာလို့ ရှိရင် လည်း ကမ္ဘာ ကြီး ပျက်စီး ဖို့သာ ရှိတော့တယ်။ ဆက်လတ်ပြီး ရေးသားရမယ်ဆိုရင် နေမှ ထုတ်လွှတ်လိုက်တဲ့ ရောင်ခြည်စုစု ပေါင်း သန်းပေါင်း ၂၀၀၀ ပုံ ၁ပုံ(193×10 ^12 )လောက်သာ
ကမ္ဘာ ပေါ်ကို ကျရောက်ခြင်းသာ ဖြစ်ပါသည်။အခု အံ့သြစရာ အပိုင်းရောက်ရှိလာပါပြီ။
နေမှ စပြီး ထုတ်လွှတ်လိုက်တဲ့ စွမ်းအင်ပမာဏဟာ ဘယ်လောက်တောင် ကြီးမားသလဲဆိုရင် -အကျယ်
၂မိုင် ၊ ထု ၁မိုင် ရှိပါသည်။ ဘယ်လောက်တောင်ကြီးသလဲ ဆိုတာ သာဓက ပြရမယ်ဆိုရင် နေနဲ့ ကမ္ဘာ ဟာ မိုင်ပေါင်း ၉၃ သန်းရှည်တဲ့ ရေခဲတံတား တံစင်းကိုတောင်
၁ စက္ကန်းအတွင်း လုံးဝ ပျောက်ကွယ်သွားအောင် ကြီးမားလှပါသည်။အဲ့ ပမာဏ နဲ့သာ ကမ္ဘာ ပေါ် ကျရောက်ခဲ့ပါက ဘယ်လို ဖြစ်မလဲ မတွေးဝံ့ စရာပင်။ကမ္ဘာပေါ်ကို ကြ
ရောက်လာတဲ့ စွမ်းအင် ပမာဏ ၁၀၀% မှာ ၂၅% မှ ၃၀% အထိက အာကာသ ထဲ ပြန်လွှင့်သွားစေပါသည်။
၅၁%ကိုတော့ မြေပြင် နဲ့ ရေပြင် တို့က စုပ်ယူထားကြပြီး
ကျန်တဲ့ ၁၉% ကတော့ လေထုနဲ့ တိမ်တိုက်တို့က စုပ်ယူထားကြပါသည်။
စကြ၀ဠာ အတွင်းမှာ ရှိတဲ့ စွမ်းအင်တွေဟာ ပုံသဏ္ဍန် အမျိုးမျိုး စီ ရှိကြပါသည်။အဲ့သည် လို အပ်တဲ့စွမ်းအင် တေကို ပြန်လည် ဖြည့်ဆည်းပေးတဲ့ အရာကတော့ "နေ"
(SUN)ဘဲ ဖြစ်ပါတယ်။ လိုအပ်တဲ့ စွမ်းအင် အများစုကို နေကသာ ပေးစွမ်းနိုင်ပါသည်။
ရေသံသရာလည် ခြင်းကလည်း နေကြောင့်ဖြစ်တာပါ။လေတိုက်တာလည်း နေကြောင့်၊ သစ်ပင်တေရှင်သန်နေရတာလည်း နေကြောင့် ၊ဇီဝ ဒြပ်ထု လောင်စာ ၊ကျောက်ဖြစ်ရုပ်ကြွင်း လောင်စာတို့လည်း နေကြောင့် ဖြစ်ပေါ်လာကြတာ ဖြစ်သည်။ဒါကြောင့် နေဟာ သက်ရှိ ၊လူသားတေ အပြင် သဘာဝ တရာကြီး အတွက်ပါ သာမက စကြ၀ဠာ မှာပါ မရှိမဖြစ် အရေးပါလှတဲ့ စွမ်းအင် အရင်းအမြစ်ကြီး
တခုလည်း ဖြစ်ပါသည်။ နေရဲ့ သက်တမ်းဟာ နှစ်သန်းပေါင်း ၅၀၀၀ လောက်သာ ရပ်တည်နေနိုင်မည် ဖြစ်သည်။
ခုဆိုရင် သက်တမ်း ၂၅၀၀ ကျော် ကို ကုန်ဆုံးလာခဲ့ပေပြီ။
အဲ့အချိန် အခါ ကုန်လွန်ပြီဆိုရင် ဘာတေ ဘယ်လို ဖြစ်လာမလဲ ဆိုတာ ပြောစရာ မလို လောက်အောင် ကြောက်ဖို့ ကောင်းလှပေသည်။ ဒါကြောင့် အခုလို တည်ရှိနေတဲ့ အချိန်အတွင်းမှာ အကောင်းမွန်ဆုံး အသုံးချပြီး၊လူသားတို့ ကို အကျိုးပြု နိုင်အောင်လုပ်ဆောင် နိုင်ပါစေလို့ ပြောရင်း နိဂျူံးခုတ်အပ်ပါသည်။
MSC-241@yelinn
နိဂုံးချုပ်လဲ မဟုတ်ဘူး၊
နိဂျူံခုတ်တယ်တဲ့
ha ha
ဆိုလာ ဗဟုသုတလေးတွေပ
ဟုတ်
နေကတော့ ထူးဆန်းအံ့ဖွယ်ဘဲ
ဟုတ်ပါတယ်
$မှာ မျဉ်းလေး ခြစ်မိထားတယ်နော့
ဟုတ်အမ
solarအကြောင်း တော်တော်သိလာရပီ
ဟုတ်ကဲ့
$ နေရာ ဘာလို့  မျဉ်းခြစ်ထားတာလဲ ရဲလင်း
$ နေရာ ဘာလို့  မျဉ်းခြစ်ထားတာလဲ ရဲလင်း
Decline payout လုပ်ထားလို့
အိုမို...ပြန်ပြင်လို့မရဘူးလား 50/50