ဝိညာဉ်​များနဲ့ ကခုန်​ခြင်း(၂)

in #myanmar6 years ago

ကျွန်​​တော်​ငယ်​စဉ်​အခါက ဧရာဝတီတိုင်းမြန်​​အောင်​မြို့နယ်​ကရွာ​လေးတရွာမှာ ​ကျောင်း​နေခဲ့ဖူး၏။ဧရာဝတီတိုင်းဖြစ်​သည်​နှင့်​အညီ ထိုရွာ​လေးသည်​လယ်​လုပ်​ခြင်းမှတပါးအခြားအလုပ်​အကိုင်​များမရှိသ​လောက်​ရှားပါး၏။ထို​ကြောင့်​အိမ်​သုံးစရိပ်​များ၊လူမှူ​ရေးစရိပ်​များ၊ပညာ​ရေးစရိတ်​များ အားလုံး​သောကုန်​ကျစရိတ်​များကို လယ်​မှထွက်​သောစပါးများကိုကြိတ်​ခွဲ၍ လယ်​မလုပ်​​သောမြစ်​အ​ရှေဘက်​ကမ်းကျွန်း​တောဖက်​သို့ ရွာမှရှိ​သောအမျိုးသမီးများ မနက်​​စော​စောထသွားနေလည်ပြန်​ရောင်းချကာသုံးစွဲကြရ၏။

Screenshot_20180316_184700.png

ထိုသို့​ဈေး​ရောင်း​သောအဖွဲ့ထဲတွင်​ကျွန်​​တော့သူငယ်​ချင်းမ​ဌေး​ဌေးဆို​သော​ကောင်​မ​လေးတ​ယောက်​လဲပါ၏။သူသည်​အရမ်​​အေးပြီးတဖက်​သားကိုလဲအားနာတပ်​၍စကားလဲအလွန်​နည်း၏။
တရက်​မှာသူတို့ဆန်​​ရောင်းသွား​သောရွာမှပြန်​လာရာ
မ​ဌေး​ဌေးသည်​ လမ်းတ​ရှောက်​စကားမ​ပြော​ခြေအလိုလိုစကားနည်းသူမို့မသိလိုက်​မသိဖာသာပဲ​နေလိုက်​ကြ၏။ထိုရွာမှစက်​​လှေစီးပြီးမြန်​​အောင်​သို့ပြန်​လာ​သောအခါနေလဲပူသဖြင့်​မြစ်​ဆိပ်​ရှိဖရဲသီးစိတ်​​ရောင်င်္းတဲ့ဆိုင်​မှာဖရဲသီဝယ်​စားကြ၏။တခြားလူများသည်​တစိတ်​စနှစ်​စိတ်​စ စား​သော်​လဲ
မ​ဌေး​ဌေးသည်​ဖရဲသီးတလုံးနီးပါးထူးဆန်းစွာကုန်​​အောင်​စား​နေ၏။နံမယ်​​ခေါ်စကား​ပြောလဲမရ မျက်​လုံးကလဲ​ကြောင်​​တောင်​ဖြစ်​​နေသဖြင့်​ ကျန်​အ​ဖော်​များကအပမှိ​နေတာဖြစ်​မယ်​ဆိုပြီးချက်​ချင်းလိုင်းကားနဲ့ရွာသို့အမြန်​​ခေါ်ခဲ့ကြ၏။

Screenshot_20180316_153828.png

ရွာ​ရောက်​၍အိမ်​​ပေါ်​ရောက်​ခါမှ စကားနဲ​သောမ​ဌေး​ဌေးသည်​​သောင်းကျမ်း​လေ​တော့၏။ မ​ကျေနပ်​ချက်​များကိုလဲ​ပေါက်​ကွဲကုန်​၏။ထိုအခါရွာထဲမှ​ဆွေမျိုးများလဲတ​ယောက်​စနှစ်​​ယောက်​စမှဝိုင်းအုံလာခဲ့၏။မ​ဌေး​ဌေးအ​မေသည်​တရှူံ့ရှူံ့
ငို​နေပြီး မ​ဌေး​ဌေးရဲ့အ​ဖေက​တောရိုက်​မယ်​တကဲကဲလုပ်​​နေသဖြင့်​ကျန်​လူများမှဝိုင်းအုံဆွဲပြီး​ဖြောင်းဖျကာ တခြားအိမ်​သို့ဆွဲ​ခေါ်သွား​လေ၏။မ​ဌေး​ဌေးသည်​သူ့ကိုယ်​သူဒီရွာကမဟုပ်​​ကြောင်းမြစ်​အ​ရှေဖက်​မှ ဖြစ်​​ကြောင်းသူ့ကိုလူတ​ယောက်​မှသတ်​လိုက်​သဖြင့်​​သေခဲ့ရ​ကြောင်းသူ့ကို ငှက်​​ပျော​တောထဲမှာမြှုတ်​ထား​ကြောင်း​ပြောပြ​လေ၏။(​နောက်​ပိုင်းသိရသည်​မှာငှက်​​ပျော​တောထဲတွင်​အ​လောင်းတ​လောင်း​တွေ့​ရကြောင်းတဆင့်​စကားအရကြားသိရပါသည်​)ထိုအချိန်​တွင်​ နတ်​များဝိညဉ်​များကိုမယုံကြည်​​သော မ​ဌေး​ဌေးရဲဦး​လေး​ကျောင်းအုပ်​ဆရာကြီး​ရောက်​လာ​လေ၏။ခနအကြာတွင်​​တ​ယောက်​​ယောက်​သွား​ခေါ်သဖြင့်​ပ​ယောဂကုတဲ့ဆရာတ​ယောက်​လွယ်​အိပ်​တလုံးနှင့်​ကြိမ်လုံး​တ​ချောင်းကိုလက်​ကကိုင်​၍​ရောက်​လာ၏။ထိုအခါ​ကျောင်းအုပ်​ဆရာကြီးသည်​အိမ်​​အောက်​ကိုဆင်း၍ပ​ယောဂဆရာအား "ကျွန်​​တော့တူမ​လေးကို ကုနိုင်​ရင်​ကု​ပေးပါဒါ​ပေမဲ့​ကောင်​မ​လေးကိုလက်​ဖျားနဲ့​တောင်​မတို့ပါနဲ့ရိုက်​တာပုတ်​တာရှိရင်​ ကျွန်​​တော်​က​တော့ခင်​ဗျားကိုတရားစွဲမှာ"ဟု ပွင့်​ပွင်​လင်းလင်းပင်​​ပြောလိုက်​၏။ပ​ယောဂဆရာသည်​ "ကျွန်​​တော်​ကုကြည့်​ပါအုံးမည်​"ဟု​ပြောပြီးအိမ်​​ပေါ်သို့တက်​သွား​လေ၏။ဆရာကြီးကလဲအိမ်​ထဲမှလမ်းဖက်​သို့ထွက်​သွား​လေ၏။

Screenshot_20180316_153541.png

ထို​နောက်​​တော့အိမ်​​ပေါ်တွင်​ပ​ယောဂဆရာကြီးရဲ့​အော်​​ငေါက်​သံ၊ကြိမ်းလုံးဖြင့်​ကြမ်းပြင်​​ပေါ်သို့တဖုန်းဖုန်းရိုက်​သံ၊လူနာ၏​တွေ့ကရာစကား​ပြောသံ တို့ဖြင့်​ဆူညံ​နေ၏။ပ​ယောဂဆရာရဲ​မေးခွန်းများကိုလဲ လူနာမှညားသလို​ဖြေသဖြင့်​ ပ​ယေဂဆရာသည်​စိတ်​တိုပြီးဆဲဆိုကြိမ်း​မောင်​ရုံမှတပါးဘာမှမတပ်​နိုင်​​ခြေ မကြာပါ ခရီးပြန်​ စကားဆက်​တိုက်​​ပြော​နေရသဖြင့်​​မောသွားလားမသိမ​ဌေ​ဌေးသည်​ခနငြိမ်​သွားပြီးအိပ်​​ပျော်​သွား၏။ပ​ယောဂဆရာလဲအ​တော်​ပင်​ပန်းသွား​လေ၏။ ထို​နောက်​ပ​ယောဂဆရာမှသူထွက်​သွားပြီ ညမှတ​ခေါက်​လာခဲ့မယ်​ဆိုပြီးပြန်​သွား​လေ၏။ ခနအကြာတွင်​ ​ကျောင်​အုပ်​ဆရာကြီးသည်​ ​ကျေးလက်​​​ဆေးပေးခန်းမှသူနာပြုဆရာမတ​ယောက်​၊မြိုမှအလယ်​​ရောက်​တုန်းကြုံတဲ့ဆရာဝန်​တ​ယောက်​ကို​ပါ​ခေါ်လာခဲ့၏။အိပ်​​နေ​သောမ​ဌေး​ဌေးရဲမျက်​လုံများဖြဲကြည့်​ခြင်း နားကြပ်​​ထောက်​ကြည့်​ခြင်း​သွေး​ပေါင်​ချိန်​ခြင်းများလုပ်​ပြီး​သောအခါ။မ​ဌေး​ဌေးသည်​မိန်းမ​ရောဂါဖြစ်​တဲ့ဓမ္မထာမမှန်​ခြင်းဖြစ်​​နေခြင်း​ကြောင့်​စိတ်​က​ယောင်​​ချောက်​ချားဖြစ်​​နေသည်​ကိုသိရှိရပြီးလိုအပ်​​သော​ဆေးများကိုလဲထိုး​ပေ၍​သောက်​​ဆေးများကိုလဲ မှန်​မှန်​တိုက်​ဖို့ ညွှန်​ကြား​လေ၏။ ည​နေအိပ်​ယာနိုး​သောအခါ မ​ဌေ​ဌေးသည်​အ​ကောင်းပကတိဖြစ်​​နေ၍ယ​နေအချိန်​ထိ
ကျမ်းမာ​ရေး​ကောင်း​နေ၏။

Screenshot_20180316_153501.png

ထိုအဖြစ်​အပြက်​ကိုကြည့်​ခြင်းဖြင့်​ ဝိညဉ်​ဆိုသည်​မှာမရှိမဟုပ်​ ရှိပါသည်​သို့​သော်​ခန္တာကိုယ်​ကျမ်းမာ​ရေး​ကောင်းသူ စိတ်​ဖိစီးမူ့မရှိသူ။စိတ်​သမာဓိအား​ကောင်းကြံခိုင်​သူများကိုဝင်​​ရောက်​မပူးကတ်​နိုင်​​ပေ ။အကယ်​၍ အ​ကြောင်းအမျိုးမျိုးတခုခု​ကြောင့်​ပူးကပ်​ခံရလျှင်​လူနာကိုရိုက်​နက်​ပြီးမကုသင့်​​ပေ၊ဟိုတ​လောကဂျာနယ်​တ​စောင်​တွင်​ဖတ်​လိုက်​ရ၏။ပ​ယောဂဆရာရဲ့ရိုက်​နှက်​ကုသမူ့​ကြောင့်​လူမမယ်​က​လေးနှစ်​​ယောက်​အသက်​ဆုံးရှူံးသွား​လေ၏။ပထမဆုံးခန္တာကိုယ်​ကျမ်းမာ​ရေးစစ်​​ဆေးသင့်​ပြီး ဒုတိယအ​နေနဲ့သူရဲ့စိတ်​ကျမ်းမာ​ရေးကိုစစ်​ဆေးသင့်​​ပေသည်​။ထို​နောက်​တရားစာများရွတ်​ဖတ်​၍တရားထိုင်​ခြင်းအလုပ်​ကိုလုပ်​​ပေးသင့်​သည်​။ပ​ယောဂဆရာ​တွေက​တော့ရိုက်​နက်​ကုခြင်းသည်​လူနာရှင်​ကိုရိုက်​နက်​ခြင်းမဟုပ်​ဘဲ ပူးကပ်​​နေ​သောဝိညဉ်​ကိုရိုက်​ခြင်းဖြစ်​သည်​ဟု အဓိပ္ပာယ်​မရှိ​သောစကားကိုဆိုကြ၏။ဘာဖြစ်​လို့သူတို့ရိုက်​နက်​ကုသ​နေကြသနည်း ဘာ​ကြောင့်​လူနာရှင်​​တွေကလဲလက်​ခံ​နေကြသနည်း၊ရိုက်​နှက်​ကုသမှူ​ကြောင့်​​​ရောဂါပြောက်​သွာသည်​လည်းရှိ​ပေလိမ့်​မည်​ထင်​ပါသည်​။အမှန်​မှာဝိညဉ်​ကိုရိုက်​မိ၍​ပြောက်​သွားခြင်းမျိုးမဟုပ်​​ပေ။
ဘာ​ကြောင့်​ရိုက်​လို့နှက်​လို့​ပြောက်​သွားရလဲဆိုတဲ့အ​ကြောင်းကို ကျွန်​​တော့ကိုယ်​​တွေ လက်​​တွေ့အဖြစ်​အပြက်​ကို​နောက်​အပတ်​ဆက်​လက်​တင်​ပြပါအုံးမည်
အားလုံးကို​ကျေးဇူးတင်​ပါသည်​။

Post writer=@yuzana(shineshine)
Photo=google
MSC=146

Sort:  

ဆက်​လက်​အား​ပေးရင်​ ​မျှော်​​နေမယ်​​နော်​။နောက်လည်းခုလိုဗဟုသုတရှိသော အသိပညာလေးတွေမျှဝေပေးပါ။အမြဲအားပေးနေပါမယ်

စောင့်မျှော်နေပါ့မယ်ဗျ

ဘယ်မရှိရမလဲ ရှိတာပေါ့ဗျာ လိပ်ုပာလွင့်တယ်ဆိုတာနဲ့အတူတူပေါ့

မှန်​ပါတယ်​ဗျာ

ဆက်​ဖတ်​ပါ့မယ်​...စိတ်​၀င်​စားစရာပါ...

ကျေးဇူးပါဗျာ

ကျန်းမာရေးမကောင်းလို့ စိတ်ကယောင်ခြောက်ခြားဖြစ်တာမျိုးပေါ့

ကျမ်းမာ​ရေးမ​ကောင်းရင်​ ကို​ယ်​ပင်​ကိုစိတ်​ကကျလာတယ်​​လေ
အဲ့ဒီအခါ စိတ်​​တွေက​ရောင်​​ချောက်​ခြားဖြစ်​တာ​ပေါ့

စိတ်ဝင်စားတယ် ဖတ်မေလေ နောက်အပတ်ကျ လဲဘူး နာက နောက်ရက်ဖစ်တွားလို့😊

ရဘူးပြန်​လဲမယ်​ ခိခိ

စိတ်ဝင်စားဖို့ကောင်းသလို နောက်အပိုင်းကိုလဲ စောင့်ပီးဖတ်ပါ့မယ် ခင်ဗျာ

ကျေးဇူးပါဗျာ

စိတ်ဝင်စားဖွယ် ဇတ်လမ်းလေးပါ

တချို့အပြင်​မှာ အရိုက်​ခံရလို့အသက်​​တွေ​တောင်​ဆုံးရှူံကြရတယ်​ဆရာမ

ကြားဖူးတယ် ..
ပယောဂဆရာ ဒေါသနဲ့ ..
မာန်တွေထပြီးရိုက်တာနေမှာ ..

အမြဲဖတ်နေပါတယ် ဖတ်လို့ ဗဟုသုတ ရလို့ ပါ

ကျေးဇူးပါဗျာ

I interest your story and hope next.

Thank you ပါ

ဇာတ်​လမ်း​ကောင်း​လေးပါ

Thank ပါ

စိတ်‌စွမ်းအင်‌ ‌ခေါ် ဝဲ ပါဝါ အားနည်းသူ‌တွေ မှာ အဖြစ်‌ များတယ်‌။အထူးသဖြင့်‌ မိန်းခ‌လေး ‌တွေ ‌ပေါ့။

သိပ်​မှန်​တာ​ပေါ့ဗျာ

ဝိဥာဉ်များနဲ့ ကခုန်ခြင်းကတော့ ဖတ်လို့လည်းကောင်း ဗဟုသုတလည်းရနေတော့ ဘာမှပြောစရာမရှိကောင်းလွန်းနေပါတယ်ဗျ နောက်အပိုင်းတွေကိုမျှော်နေရတာလည်း ကိုးရီးယားကားတွေလိုပါဘဲနော် တမ်းတမ်းစွဲဖြစ်နေမိပြီဗျ

ကျေးဇူးပါဗျာ

ရှိတာပေါ့ ပြောရင်းကြောက်တောင်လာဘီ ညကမှသရဲကားကျိထားဒါ ဟိဟိ

ကြောက်​ပါနဲ့ မိုး​ပေါ်​ထောင်​​ဖောက်​တာပါ

waiting for your post

ဆက်​ဖတ်​ရန်​​မျှော်​​နေပါ့မယ်​ စိတ်​ဖိစီးခြင်းက ​ကြောက်​စရာ​ကောင်း

သိပ်​မှန်​တာ​ပေါ့ဗျာ

အင်း အထူးသဖြင့် မြို့ကြီးနဲ့အလှမ်းဝေးနေတဲ့လူတွေဟာ ဗဟုသုတ အရမ်းနည်းကြပါတယ်။ ဆက်ဖတ်ပါဦးမယ်ဗျာ။

မှန်​​တာ​ပေါ့ဗျာ

အရမ်းကောင်းတယ်။နောက်လည်းခုလိုများများရေးပေးပါ

ကျေးဇူးပါ

မှားယွင်းတဲ့အယူအဆ​တွေပါ

ဟုတယ်​ဘရို​ရေ့