ရောက်ခဲ့ဖူးပါသည်အထက်ချင်းတွင်းဆီသို့
အပိုင်း(၁ )
ကျွန်တော်အခုရေးမှာကတော့ ကျွန်တော်1989 ခုနှစ်က ချင်းတွင်းအထက်ပိုင်းခရီးထွက်ဖူးခဲ့တဲ့အကြောင်းလေးပါ ကျွန်တော့ဘဝရဲ့အတွေ့အကြုံလေးတွေကို သူငယ်ချင်းတို့အား မျှဝေခံစားစေရန်အတွက်အပိုင်းရှည်ရေးသားရခြင်းဖြစ်ပါသည်၊ကျွန်တော်ရေးသားသောအတွေ့အကြုံများသည်၊သူငယ်ချင်းတို့အတွက် ဗဟုသုတရစရာ အံသြစရာ သင်ခန်းစာရယူစရာ ပျော်ရွှင်စရာများစသည်ဖြင့် မျိုးစုံ ပါဝင်လိမ့်မည်ဟုယုံကြည်ပါသည်၊အဘယ့်ကြောင့်ဆိုသော် စတီးမစ်သူငယ်ချင်းအများစုသည်ကျွန်တော်ရောက်ခဲ့သော နာဂတောင်တန်းဖက်သို့ရောက်ဖူးသူနည်းပါးလိမ့်မည်ထင်ပါသည်၊ကျွန်တော်ရောက်ဖူးချိန် 1989 ခုနှစ်အခြေအနေကပုံရိပ်ကိုရေးသားရမည်ဖြစ်သဖြင့် အခုအခြေအနေနှင့်တူညီလိမ့်မည်မဟုပ်ကြောင်းကိုတော့ လက်ရှိအခြေအနေကိုရောက်ဖူးသောသူငယ်ချင်းများ၊ ကျွန်တော်ရေးသားသောစာကိုဖတ်မိသောသူငယ်ချင်းများနာလည်ပေးပါလို့ ကြိုတင်ပြီးမေတ္တာရပ်ခံလိုပါတယ်ခင်ဗျာ၊
ကျွန်တော်သည်ကျောင်းထားနောက်ကျသဖြင့် 1988ရောက်မှ ကလေးမြို့အထက(၂)မှာဆယ်တန်းစတက်ရပါသည်၊ ကျွန်တော်ဆယ်တန်းရောက်မှပင်
ဘဝကတဆစ်ချိုးပြောင်းလဲသွားရပြန်ပါသည်၊ဆယ်တန်းအောင်ပြီ အစိုးရဝန်ထမ်းလေးတခုခုလုပ်ပြီး အသက်မွေးဝမ်းပြုမည်ဟုဆုံးဖြတ်ထားသော်လည်းကျွန်တော် 88အရေးအခင်းနှင့်သွားပြီးကြုံးသဖြင့် အာဏာရှင်အစိုးရရဲ့ စာသင်ကျောင်းများ ရက်အကန့်အသတ်မရှိပိတ်ပြစ်ခြင်းးကိုခံလိုက်ရပါသည်၊
ထိုအချိန်က ကျောင်းသူကျောင်းသားများ၏ရည်မှန်းချက်ပန်းတိုင်အယိုင်ယိုင်အလဲလဲဖြစ်ကုန်ကြလေသည်၊အဘယ်ကြောင့်ဆိုသော် ရက်အကန့်အသတ်မရှိဘယ်ရက်ဖွင့်မှန်းမသိဖြစ်ကြသောအခါ ပြင်ပလုပ်ငန်းကိုအများစုလုပ်ကိုင်ကြရလေသည်၊တချိုလဲပြင်ပရောက်သွားသောအခါ ကျောင်းစာနှင့်ကွင်းဆက်ပြတ်သွားသဖြင့်ကျောင်းပြန်ပြီးမတက်ဖြစ်တော့ပေ၊ကျွန်တော်လဲ သူများနည်းတူအလုပ်တခုခုလုပ်ရန်ဆုံးဖြတ်ရလေတော့သည်၊
အဲဒီအချိန်မှာ ဟုမ္မလင်းရွှေမှော်တွေခေတ်စားနေသလိုခန္တီးက ကျောက်စိမ်းတွင်းတွေလည်းခေတ်စားနေပါသည်၊ကျွန်တော်လည်းသွားမဲ့သူငယ်ချင်းများနဲ့အဖော်ညှိကာလိုက်သွားမည်ဟုဆုံးဖြတ်လိုက်ပါသည်၊အစပထမကတော့ ငါးယောက်သွားမယ်လို့တိုင်ပင်ခဲ့ပေမဲ့နှစ်ယောက်ကမိဘများကမထည့်သဖြင့် သုံးယောက်ဘဲ ခရီးထွက်ဖို့အောင်မြင်ခဲ့ပါသည်၊
ကျွန်တော်တို့ကလေးမြို့သည် ချင်းတွင်းမြစ်ကမ်းဘေးမဟုပ်သဖြင့် သင်္ဘောဆိပ် မော်တော်ဆိပ်မရှိပါ အထက်အညာသို့သွားလိုလျှင်သော်၎င်းအောက်ပြည် မုံရွာ မန္တလေးသို့သွားလိုလျှင်သော်၎င်းကလေးမြို့မှ ၂၅ မိုင်ခန့်ဝေးသော ချင်းတွင်းမြစ်ကမ်းဘေးရှိ ကလေးဝမြို့သို့သွားရောက်သင်္ဘော မော်တော် စီးရပါသည်၊ အရင်ခေတ်က ကလေးမြို့ကို မော်တော်များစက်လှေများနှင့် အောက်ပြည်အောက်ရွာမှလာသူများသည်၊ထိုမော်တော်ဆိပ်ကို ကလေးမြို့ရဲ့အဝင်ဝမို့ ဈေးဆိုင်တန်းလေးများအား ကလေးဝဟုခေါ်ရင်းနဲ့ အခုတော့မြို့ကြီးလို့ဖြစ်နေရာ ကလေးဝမြို့ဟုရုံးစိုက်လေသည်၊ ဒါကတော့ ကလေးဝမြို့အကြောင်းလေးဗဟုသုတလေးရေးလိုက်တာပါခင်ဗျာ။
ဆက်ရန်-
Post writer=@yuzana(shineshine)
MSC=146
ဆက်ဖတ်ဖို့ စောင့်နေပါတယ် ခင်ဗျာ
Posted using Partiko Android
ကျေးဇူးပါ
ဆက်ဖတ်ဖို့ စောင့်နေပါတယ် ခင်ဗျာ
Posted using Partiko Android
ကျေးဇူးပါ ဆရာလွမ်း
Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq
ကျွန်တော်လဲ ကလေးကို ရောက်ဖူးတယ်ဗျ။ ခဏပါပဲ။ အပြန်ကျတော့ရာကြီးလမ်းကနေ ပြန်လာတာ။
ယာကြီးလမ်းက နောက်ပိုင်းကောင်းတော့မှာပါ အိန္ဒိယက အတ္တရာလမ်းခင်းတော့မှာ
ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
ဒါမျိုးလေးတွေဖတ်ဖို့ စောင့်မျှော်နေပါတယ်လို့
ဒါကဦးနောက်မစားဘူးဆရာ
ကိုယ့်အတွေအကြုံတွေ ချရေးရတာဆိုတော့
ဆက်အားပေးပါ့မယ်...ဒီလိုအတွေ့အကြုံလေးတွေဖတ်ချင်ပါတယ်....
Posted using Partiko Android
တခါတလေ ကိုယ်မရောက်ဖူးသေးတဲ့ဒေသအကြောင်းလေးတွေ ဗဟုသုတပေါ့ဗျာ
နယ်ေ မြဗဟုသုတ လေး နားထောင် ချင်တာ အမှန်ပါ ။ကျေးဇူးပါဦးယု။
ဖတ်ပေးတဲ့အတွက် ကျေးဇူးပါဗျာ
ဘကြီးယု ဆယ်တန်းက ကျွန်တော့်ကိုတောင် မမွေးသေးဘူး အဖြစ်အပျက်တွေကို အခုထိ မှတ်မိနေတာ ချီးကျူးပါတယ်
ဆယ်တန်းတုံး ဝတ်သရီးဟိုက် (လေထန်ကုန်း)ဆိုတဲ့
အင်္ဂလိပ် ဝထ္ထုစာအုပ်ကြီး ပြဌာန်းတဲ့နှစ်ပါဗျာ ဆရာတွေကိုယ်တိုင်တိုင်တွေပတ်လို့
ကလေးမြို့က စည်တယ်နော်
စည်တယ် စမုံမြေဇာ ကောင်းပြီး ချင်းပြည် ရိကောဒါးအတွက် အချက်အခြာကျတယ်
ကျော်တို့ဟုမ္မလင်းဆို ခုအရမ်းသာယာနေတယ်အကိုရေ
Posted using Partiko Android
ဟုမ္မလင်းက ဥရုချောင်းအဝဆိုတော့ အရောင်းအဝယ် စည်ကားတဲ့မြို့တမြို့ပါ
ကလေးဝဘက်ရောက်ဖူးသေးဘူး
Posted using Partiko Android
ကလေးဝဘက်က အရင်လိုမဟုပ်တော့ ကုန်းလမ်း ရေလမ်း
လေယဉ် ရထားအားလုံးရောက်ပါပြီ ဒါပေမဲ့ ရထားကတော့ရပ်ထားရပီ မကိုက်လို့
ဗဟုသုတ အပြည့်ပဲ😁 ကလေးဝလို့ ဘာလို့ခေါ်တာ သိပါပီ
Posted using Partiko Android
အဲ့လိုခရီးသွားဆောင်းပါးလေးတွေဖတ်ချင်တာ
ခရီးသွားရတာကို သဘောကျသလို ခရီးသွားဆောင်းပါးလေးတွေကိုလည်း နှစ်ခြိုက်ပါတယ်ဗျာ