မိဘမေတ္တာ

in #myanmar6 years ago


မိဘဆိုတာ သားသမီးတိုင်းအတွက် တန်ဖိုးမဖြတ်နိုင်တဲ့အရာတစ်ခုပါ။
အမေမေတ္တာ ကြီးမားလှသလို ဖခင်မေတ္တာကလည်းအလွန်ကြီးမားလှပါတယ်။
အမေများသည် ကိုယ်ဝန်ရလာသည်မှစ၍ ကိုယ့်ဝမ်းထဲမှာရှိတဲ့ သားသမီးများအပေါ်ပင် အလွန်ဂရုစိုက်တက်ကျပါသည်။
အစားအသောက် တစ်ခုခုစားမည့်ကျန်တိုင်း ငါဗိုက်ထဲက ငါ့ကလေးနဲ့တည့်ပါမလား အစစအရာရာကိုဂရုစိုက်ပေးခြင်းဖြင့်လည်း သိသာစေနိုင်ပါတယ်။
ကိုယ်ဝန်ဆိုသည်မှာလည်း ခုကိုယ်ဝန်လွယ်ခု မွေးဖွားလိုရသည့်အရမဟုတ် ၉လလွယ်၁၀လဖွားရသည့်အမျိုးပါ။
အမေများသည် သားသမီးများကို ၉လ၁၀လလွယ်ရသည့်အချိန်ကိုပင် စဉ်းစားကြည့်ကြပေါ့ဗျာ။

အူဝဲဆိုပြီး အမေဗိုက်ထဲက ထွက်လာပြီဆိုရင်ပဲ အမေတာဝန်တွေကပြီးဆုံးသွားတာ မဟုတ်ပါဘူး။
မိမိသားသမီးတွေအတွက် ကျန်းမာရေး လူမှုရေး စားဝတ်နေရေး ပညာရေးစသည်တို့ကိုလည်း ပြုစုပျိုးထောင်ပေးရပါသေးတယ်။
သားသမီးတွေ ပြဿနာ တစ်စုံတစ်ခု တွေ့ကြုံပြီ ဆိုရင်လည်း ရှေ့ဆုံးကနေ မားမားမတ်မတ်ရပ်တည်ပေးကြတာ မိဘတွေပါပဲ။
ကျောင်းတက်တဲ့အရွယ်တွေမှာလည်း ကိုယ်သားသမီးတွေ ကျောင်းမှာမျက်နှာမငယ်ရအောင် မဖြစ်ဖြစ်တဲ့နည်းလမ်းတွေနဲ့ ပြုလုပ်ပေးတက်ကြပါတယ်။
မိဘတွေက ကိုယ့်သားသမီးတွေကိုလည်း ဘယ်တော့မှ သးများအပြောအဆိုခံချင်ကြတာမဟုတ်ပါဘူး။
လူ့ပတ်ဝန်းကျင်မှာ ကိုယ့်သားသမီးတွေကို ထွန်းလင်းတောက်ပနေတဲ့ ကြယ်ပွင့်လေးတွေ ဖြစ်စေချင်တာ မိဘတိုင်းရဲ့ဆန္ဒပါပဲ။
တစ်ချို့သားသမီးတွေကျ အတော်နားမလည်ကြဘူးဗျ။
မိဘရှိတာ မရှိတာကို မသိဘူး ကိုယ်လိုချင်တာတစ်ခုပဲသိကြတယ်ဗျ။
မိဘတွေမှာတော့ မရှိတဲ့ကြားထဲကနေ သားသမီးတွေ လိုချင်ကြတဲ့ အရာတွေကို မဖြစ်ဖြစ်အောင် ဖန်တီးပေးကြတယ်ဗျ။
တစ်ချို့သားသမီးတွေဆိုရင် အတောင်ဆုံတာနဲ့ မိဘတွေရဲ့ရင်ခွင်ကနေ ခြေစုံကန်ထွက်သွားကြတယ်ဗျာ။
အိုမင်းနေပြီ ဖြစ်တဲ့မိဘတွေကိုပြန်တောင်လည့်မကြည့်ကြဘူးဗျာ။
ပတ်ဝန်းကျင်က လူတွေကလည်းပြောကြတယ် နင်သားသမီတွေကလည်း တစ်ခါမှတောင် နင့်တို့ကိုပြန်မကြည့်ကြဘူးလား။
အဲဒီအခါ အိုမင်းနေတဲ့မိဘတွေက ဘညပြန်ပြောမယ်ထင်လဲ။
ငါ့သားသမီးတွေ အဆင်ပြေနေတာ မြင်ရရင်ပဲ ကြေနပ်ပါတယ် လို့ပဲဖြေနေကြတယ်။
ကိုယ့်သားသမီးတွေကို ဘယ်တော့မှ အဖြစ်မမြင်တက်ကျတဲ့ မိဘတွေရဲ့ စေတနာတွေကို နားလည်စေချင်ပါတယ်ဗျာ။
သားဆိုးသမီးဆိုး ဆိုရင်တောင် ချစ်မေတ္တာမပြတ်တဲ့မိဘတွေပါ။
ဒုက္ခရောက်မှ မိဘတွေကို သတိရကြတဲ့ သားဆိုးသမီးဆိုးတွေ မဖြစ်စေချင်ပါဘူးဗျာ။
မိဘကျေးဇူး မဆပ်နိုင်ရင်တောင်မှ မိဘတွေရဲ့ကျေးဇူးတွေကို ဘယ်တော့မှ မစော်ကားမိကြစေပါနဲ့ ဆုတောင်းပေးလိုက်ပါတယ်။
ခုဒီစာကိုရေးနေတဲ့ ကျွန်တော်ကိုယ်တိုင်လည်း သားလိမ္မာတစ်ယောက်တော့မဟုတ်ပါဘူးဗျာ။
သားလိမ္မာတစ်ယောက် မဟုတ်သလို သားဆိုးတစ်ယောက်လည်း မဟုတ်ပါဘူး။
မိဘကျေးဇူးကိုသိတက်ပြီး မိဘကျေးဇူးကို ဆပ်နိုင်ဖို့ ကြိုးစားနေတဲ့သားတစ်ယောက်ပါဗျာ။
ခင်ဗျားတို့ကော ဘယ်လိုသားသမီးမျိုးလဲဆိုတာလေးကို မန့်သွားပေးကြပါလားဗျာ။
အမှားပါရင် ခွင့်လွှတ်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။
Written by @zawmyotun
MSC 250
Credit photo from google

Sort:  

မိဘကျေးဇူးဆပ်၍ မကုန်ဆိုတာက ပါးစပ်ဖျားမှာပဲ ရှိကြတာ များပါတယ် သားဆိုးလား သားလိမ္မာလားဆိုတာ လက်တွေ့လုပ်ဆောင်ချက်ကနေ အကဲဖြတ်နေပါတယ် စိတ်ကူးထဲမှာ တွေးမိတာလေးပါ

ဟုတ်ပါတယ်အကိုဘယ်သူမဆိုပေါ့သားလိမ္မာတစ်ယောက်ဖြစ်ချင်ကြမှာပါ

မကျေတဝက် ကျေတစက်နဲ့ပါပဲ
ဆန်ရေကလည်း ရှားသကိုးကွဲ့
မိဘကျေးဇူး အထူးမတပ်ရသေးတောင် ကျေးဇူးမကန်းဖို့ ပိုအရေးကြီးပါတယ်လေ

Wow.... မှတ်သားသွားသည်

ဟုတ်ကဲ့ပါအကို

ကျွန်တော်လည်း မလိမ္မာသေးဘူးဗျာ
ကျေးဇူးတော့ ဆပ်နိုင်သလောက်ဆပ်နေပါတယ်ဗျာ

ကျွန်တော်လဲ အခုချိန်ထိ မိဘကျေးဇူးတွေကို
တက်နိုင်သလောက် ဆက်နေပါတယ်

မိဘ​​ကျေးဇူးကို ဆပ်​နိုင်​​သော သား​ကောင်း သားမြတ်​ဖြစ်​ပါ​စေညီ​ရေ မိဘ​ကျေးဇူးသိတတ်​သားသမီးတိုင်းဟာ ဘယ်​​တော့မှ ဒုက္ခမ​ရောက်​ပါဘူး

ဟုတ်ကဲ့ပါအကိုပေးတဲ့ဆုနဲ့ပြည့်ပါစေ

မြင့်​မိုရ်​​တောင်​မက ​ကျေးဇူးကြီးမားလှပါတယ်

အမှန်ပဲပေါ့အကိုရာ

ခုချိန်ထိ မိဘနှစ်ပါးကိုကျွေးမွေးပြုစုနေပါတယ် bro

အကောင်းဆုံးပါပဲဗျာ

မိဘကျေးဇူးသိတက်တဲ့သားသမီးတိုင်း
ဘယ်တော့မှ မဆင်းရဲပါဘူးဗျာ

အမှန်ပဲညီလေး

မွေးသမိခင် ကျေးဇူးရှင်နဲ့ မွေးသဖခင်ကျေးဇူးရှင်တို့ကိုတော့ ကျေးဇူးကျေတာ မကျေတာထက် အသက်ရှိစဉ် မသေခင်မှာ ကောင်းစွာပြုစု လုပ်ကျွေးခွင့် ရနေခြင်းဟာ မင်္ဂလာတစ်ပါးပါပဲဗျာ။

ထောက်ခံပါတယ်အကိုပြောတာအမှန်ပါပဲ

ကျွန်တော့်ဘဝအရွယ်ရောက်အတောင်စုံအောင်
ရုန်းကန်လှုပ်ရှားပံ့ပိုးပေးနိုင်ခဲ့ပေမယ့်
ခုချိန်ထိတော့မိဘ၂ပါးကိုပြီးပြည့်စုံတဲ့အထိတဖန်ပြန်လည်လုပ်မပေးနိုင်သေးဘူးဗျာ
ကြိုးစားနေရဆဲပါ

ဆက်ကြိုးစားပါအကိုရာ

မိဘ ကိုလုပ်ကျွေးသောသားသမီး ဘယ်တော့မှမဆင်းရဲဘူး

အဲဒါတော့အမှန်ပဲအကိုရေ

ဖတ်လို့ကောင်းပါတယ် အစ်ကို

ဟုတ်ကဲ့ပါအကိုကျေးဇူးတင်ပါတယ်

အသက်ရှင်နေသမျှ ဆပ်မကုန်နိုင်ပါဘူးဗျ

ဟုတ်ပါတယ်အကို

မိဘကျေးဇူး ဆပ်လို့မကုန်နိုင်ဘူးတဲ့ဗျာ...

မိဘရဲ့ ကျေးဇူးဆပ်နိုင်ပါစေ

မိဘ​မေတ္တာဟာအလွန်​အမင်​ပဲကြီးမားလှပါတယ်​​ဗျာတစ်​​နေ့မှာအ​မေ့နို့ဖိုး​လေး​တော့​ကျေ​အောင်​ဆပ်​သင့်​တယ်​​ဗျ

မလွယ်ပေမဲ့ကြိုးစားသွားမှာပါ

သားလိမ္မာဖြစ်ဖို့တော့ ကြိုးစားမြဲပါဘဲ

ကြိုးစားထားအကို