ယူတက်ရင်ပညာ

in #myanmar6 years ago

ကျွန်တော်ပြောချင်တာကတော့ လူတွေတော်တော်များများပြောနေကြတဲ့
မြန်မာပေါကားနဲ့ပက်သက်ပြီးတော့ပြောချင်ပါတယ်
လူတော်တော်များများ ပါးစပ်ကပြောနေကြတာ မြန်မာပေါကားတွေပါကွာ ဆိုင်္ပြးပြောနေကြတာကို အားလုံးလည်း ကြားဖူးကြမှာပါ
အဲခုဒီစာကိုဖတ်နေတဲ့လူတစ်ချို့လည်း ပြောဖူးကြမယ်ထင်ပါတယ်
မြန်မာပေါကား ဆိုပြီးနမည်အကြီးဆုံးကတော့ သရုပ်ဆောင် နေထူးနိုင်ရဲ့ ဇာတ်ကားတော်တော်များပါပဲ
ကျွန်တော်ကတော့ပေါကားလို့မမြင်မိဘူးဗျ

ဘာကြောင့်ဆိုတာ မပြောပြခင်တစ်ခုလောက်တော့ ပြောချင်ပါသေးတယ်
အနူပညာဆိုတာ လူတွေအတွက်အပန်းဖြေစရာလေး တစ်ခုဆိုမမှားပါဘူး
အနူပညာက လူသားတွေရဲ့  စိတ်ကို ပျော်ရွှင်မှုတွေ ဝမ်းနည်းမှုတွေ လွမ်းစွတ်မှုတွေကိုဖြစ်ပေါ်လာအောင် လုပ်ယူဖန်တီးထားတာပါ
ကျွန်တော်ကတော့ ဇာတ်ကားတစ်ကားကို ကြည့်ပြီဆိုရင် အပန်းဖြေမှုသက်သက် မဟုတ်ပါဘူး
ဘာကြောင့်လဲဆိုရင် ခင်ဗျားတို့ ပြောပြောနေတဲ့ မြန်မာပေါကား
အဲဒီမြန်မာပေါကား တစ်ချို့မှာ ပြောသွားတဲ့စကားလေးတွေက ကိုအတွက်ပညးတစ်ခုလိုပါပဲဗျာ
ကျွန်တော်မြန်မာကားတွေ အဆင့်အတန်းမမှီသေးတာကိုတော့ ကျွန်တော်လက်ခံပါတယ်
အဆင့်အတန်းမမှီရတာကလည် နည်းပညာပိုင်းမှာ မတိုးတက်သေးတာကတစ်ကြောင်း
ထုတ်လုပ်သူများကလည်း ပိုက်ဆံ အကုန်အကျနည်းပြီး အမြတ်များများရဖို့ကိုပဲ ဦးစားပေးနေတာကြောင့်ပဲ မြန်မာဇာတ်ကားတော်တော်များများ ဟာလူအများပြောတဲ့ အဆင့်အတန်းမမှီတဲ့ ဇာတ်ကားလေးတွေဖြစ်ကုန်ကြတာပါပဲ
မြန်မာပေါကားဆိုပြီးပြောပြောနေကြတဲ့လူတွေဟာ ပညာပေးမြန်မာဇာတ်ကားလေး တွေကြတော့ မကြည့်ကြပဲ မြန်မာဟာသကားတွေ အချစ်ကားတွေပဲကြည့်ပြီး ပေါကားလို့ပြောနေကြပါတယ်
ဟာသကားကြည့်မှတော့ ပေါတောတော တွေပဲကြည့်ရမှာပေါ့
ဟာသဆိုတာ လူတွေကို ပျော်ရွှင်မှုတွေဖြစ်လာအောင် ဖန်တီးထားတဲ့ အနူပညာပါ
လူတွေက ပုံမှန်နေထိုင်းရင်း ရယ်ီမောကြပါသလား
လွှဲချော်မှုတွေ ပေါတောတောအမှုအရာ တွေကြောင့်တာ ပျော်ရွှင်စွာရယ်မောနိုင်ကြတာပါ
အဲဒါကြောင့် မြန်မာဟာသကားတွေကို ကြည့်ပြီး မြန်မာပေါကားတွေ လို့ဆိုကြရင်တော့
ပြောတဲ့လူကတော့-------
မြန်မာဇာတ်ကားတွေမှာလည်း ယူတက်မယ်ဆိုရင် ပညာတွေ အများကြီးပါဗျာ
မြန်မာဇာတ်ကားကို အိမ်ထောင်ရေးကား ပညာပေးကားလေးတွေကိုကြည့် ကြည့်ပါ မပေါပါဘူးဗျ
ခင်ဗျားတို့ပြောပြောနေတဲ့ သရုပ်ဆောင် နေထူးနိုင်ရဲ့ဇာတ်ကား တော်တော်များများမှာ သူပြောတဲ့စကားလုံးတွေ စာဆိုလေးတွေက ကိုအတွက်အကျိုးရှိစေမယ်လို့ထင်ပါတယ်
သူဇာတ်ကားလေးတွေကို သေချာကြည့်ကြည့်ပါ နည်းပညာပိုင်းအရ အဆင့်အတန်းတော့မမှီပေမဲ့ ယူတက်မယ်ဆိုရင်ပညာရပါတယ်
ဒါကလည်းကျွန်တော်အမြင်ပါ ခင်ဗျားတို့အမြင်ကလည်း ကျွန်တော်နဲ့တူတဲ့လူတွေလည်းရှိမယ် မတူတဲ့လူတွေလည်းရှိမယ်လို့ထင်ပါတယ်
မြန်မာလူမျိုးတစ်ယောက်အနေနဲ့ ကိုမြန်မာလူမျိုးအချင်းချင်းရှေ့မှာ မြန်မာပေါကားလို့ပြောတာ ဘာမှဖြစ်ပေမဲ့
တိုင်းတစ်ပါးကနေ မြန်မာပြည်ကို မထင်ကြီးပြီးလာရောက်လေ့လာနေတဲ့ နိုင်ငံခြားသားတွေ ရှေ့မှာမြန်မာပေါကားပါလို့ ပြောဖြစ်ခဲ့ရင်တော့ ကိုမြန်မာလူမျိုးတွေ သိက္ခာကြပါတယ်
အဲဒါကြောင် ကိုဘာလုပ်နေတယ် ကိုဘာကားကြည့်နေတယ် ဆိုတာကို အရင်ဆုံးလေ့လာ ပြီးမှ ပြောဆိုဆုံးဖြတ်ကြပါဗျာ
ကိုစီးလာတဲ့ မြင်းကိုအရင်ဆုံး အထီးအမ ခွဲခြားသိမြင်နိုင်ကြပါစေ လို့ဆုတောင်းပေးပါတယ်
ခုလိုရေးတဲ့အတွက်လည်း ကျွန်တော်ကို ဝေဖန်ကြပါလိမ်မယ် မြန်မာပေါကားကြည့် ငပေါတစ်ယောက်ပါကွာ လို့ဝေဖန်ကြမယ်ဆိုတာ ကိုလည်းသိပါတယ် ဒါပေမဲ့ကိုကြည့်ရတဲ့အကြောင်းက ဘာကြောင့်ဆိုတာကို ကိုယ်ကိုတိုင်သိတဲ့အတွက် စိတ်မဆိုးပါဘူး
မြန်မာအနူပညာဇာတ်ကားတွေကို ကြည့်ပြီး ကိုယ့်ဘဝအတွက် ပညာတွေကို ရှာဖွေနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပိုသလျှက်ပါ
အမှားလေးတွေပါရင်တော့ခွင့်လွှတ်ကြပါလို့မေတ္တာရပ်ခံပါတယ်
Writing @zawmyotun
MSC 250

Sort:  

ခု ရိုက်ချက်တွေ ပိုကောင်းလာနေပီရော ပေါကားထက်တော့ သာလာပီ😁😁

ဟုတ်ကဲ့အမကျေးဇူး

နေထူးနိုင်ကားတွေက တကယ်ပညာရပါတယ် . . တကယ်လည်းသကျေမိတယ် . . သူ့ဇာတ်ကားကို . . သူ့ကားတွေကိုတော့ ပေါကားလို့မပြောကြစေချင်ဘူး .

အမြင်တူတယ်bro

ပေါကားမဟုတ်ပါဘူး ဒါလည်းအနုပညာပါ

ဟုတ်ကဲ့ပါအကို

‌ပေါတာကို အရင်‌အဓိပ္ပာယ်‌ဖွင့်‌ ပြီ ကိုယ်‌‌ပြော ချင်‌တာ ကို ချ ပြရင်‌ ပို‌ကောင်း မယ်‌။ ‌ရေးသားပုံ ‌ကောင်းပါတယ်‌ညီ။

ဟုတ်ကဲ့ကိုကြီး

ရေချိုးပြီးပြီလား

ဦးမောင်လတ်အဲ့လိုမပြောရဘူးလေ:-) :-)

ဟုတ်ပါတယ်ဗျာ