Welcome 2018 ၂၀၁၈ကိုကြိုဆိုခြင်း

in #myanmar8 years ago (edited)

image

နှစ်​​ဟောင်းကုန်​၍ နှစ်​သစ်​သို့ကူး​ပြောင်း​ပေ​တော့ မည်​။ကုန်​လွန်​ခဲ့​သောနှစ်​​ဟောင်း​တွင်​ ကျ​နော်​တို့ ဘာ​တွေ လုပ်​ခဲ့ပြီးပြီလဲ...လုပ်​​ဆောင်​ခဲ့တာ​တွေဟာ မှန်​သလား၊မှားသလား၊ နှစ်​တစ်​နှစ်​အတွက်​ ငါဘာ​တွေတိုးတက်​ခဲ့ပြီးပြီလဲ ဆိုတာပြန်​လည်​သုံးသပ်​ရမည့်​ အချိန်​ဖြစ်​သည်​။နောင်​လာမယ့်​ ၂၀၁၈အ တွက်​ ကျ​နော်​တို့ ဘာ​တွေပြင်​ဆင်​ထားသင့်​သလဲ ဆိုတာ သုံးသပ်​ရင်း Optimism လို့​ခေါ်တဲ့ အ​ကောင်းမြင်​ စိတ်​နှင့်​ နှစ်​သစ်​ကိုကြို​ဆို​စေချင်​​သောအားဖြင့်​ ဤ ​ဆောင်းပါးအား​ရေးသားတင်​ပြအပ်​ပါသည်​။

စိတ်​သာလျင်​အဓိက
မိုးပျံပူ​ဖောင်း​လေးတစ်​လုံးကို ​လေ​ပေါ်ပြန်​တက်​​အောင်​ အ​ရေးကြီးတာက ပူ​ဖောင်းရဲ့ အ​ရောင်​​ကြောင့်​ ဟုတ်​ပါသလား။ ပူ​ဖောင်း​လေး ဖြူသည်​ဖြစ်​​စေ မဲသည်​ဖြစ်​​စေ ​လေ​ပေါ်သို့ပျံတက်​​ပေလိမ့်​မည်​။ဒါဆိုရင်​ ဘာ​ကြောင့်​လဲ စဉ်​စားကြည့်​တဲ့အခါ ပူ​ဖောင်းထဲမှာ ထည့်​ထား​သော ဓာတ်​​ငွေ့​ကြောင့်​သာ အမြင့်​သို့ ပျံတက်​နိုင်​ခြင်းဖြစ်​သည်​။ ထိုနည်းတူစွာ ပင်​ ကျ​နော်​တို့၏ ဘဝ​အောင်​မြင်​​ရေးသည်​ ကျ​နော်​တို့ကိုယ်​တွင်းမှာရှိတဲ့ စိတ်​​နေသ​ဘောထားကသာ များစွာအ​ရေးကြီး​ပေသည်​။"စိတ်​သာရှင်​​စော၊ဘုရား​ဟော"ဟု ဆိုရိုးလဲရှိ​ပေသည်​။ လူတစ်​ဦး၏ ​အောင်​မြင်​မှုကို စိတ်​​နေသ​ဘောထားက ၈၅% ပံ့ပိုးပြီး ပညာ ​ဗဟု သုတ ​တွေက ၁၅% သာပံ့ပိုး သည်​ဟု ဟား​ဗက်​တက္ကသိုလ်​ကပြုလုပ်​တဲ့ ​လေ့လာ မှုတစ်​ခုမှာ ​တွေ့ခဲ့ရပါတယ်​။
"ဤ​လောကကြီးကို စိတ်​သည်​​ဆောင်​ကြည်းအပ်​၏၊
ဤ​လောကကြီးကို စိတ်​သည်​ ဆွဲငင်​အပ်​၏၊
သတ္တဝါအားလုံးပင်​ စိတ်​တည်းဟူ​သော တရားတစ်​ခု၏ အလိုကိုလိုက်​​နေရ​သည်​" ဟု ​တောင်​မြို့ ဆရာ​တော်​ဘုရားကြီး​ရေးသားတဲ့ ကိုယ်​ကျင့်​အဘိဓမ္မာ စာအုပ်​မှာ​ဖော်​ပြထား​ပေသည်​။ 
image
စိတ်​၏ စွမ်းအား
ကောင်း​သောစိတ်​ သည်​ ​ကောင်း​သောအရာကိုဆွဲ​ဆောင်​၏။သင့်​အား ကံ​ကောင်းမှု​တွေကိုသာကြုံ​တွေ့​စေနိုင်​သလို သင်​၏ စိတ်​ကို ကျန်းမာ​စေနိုင်​သည်​။စိတ်​သည်​ထားတက်​လျင်​မြတ်​၏။ စိတ်​မထားတတ်​လျင်​ အဆိုးမြင်​စိတ်​သာများ​နေလျင်​ သင့်​ကိုလဲ အဆိုးဘက်​သို့သာဆွဲ​ခေါ်သွား​ပေမည်​။သင့်​ပတ်​ဝန်းကျင်​ကိုကြည့်​ပါ။ အဆိုးမြင်​ဝါဒရှိသူတို့၏ ဘဝသည်​ ခက်​ခဲကြမ်းတမ်း​နေ​ပေလိမ့်​မည်​။ရုပ်​ဆင်း အင်္ဂါ သည်​ နှစ်​လို့ဖွယ်​မရှိနိုင်​​ပေ။ခက်​ထန်​​သောမျက်​နှာထား ကိုအများအားဖြင့်​ ​တွေ့မြင်​နိုင်​​ပေလိမ့်​မည်​။လူမှုဆက်​ဆံ​ရေးသည်​လည်းမည်​သို့မျှ​အောင်​မြင်​မှုရရှိနိုင်​လိမ့်​မဟုတ်​။ အဆိုးမြင်​စိတ်​နဲ့ စိုးရိမ်​စိတ်​​တွေဟာ ကျ​နော်​တို့ကို အမှား​တွေပြုလုပ်​မိ​အောင်​ ဆွဲ​ခေါ်​နေပါလိမ့်​မယ်​။ ဥပမာ သင်​စာတစ်​ပုဒ်​ကို ဒီတိုင်း​ရေး​နေလျင်​ မည်​သို့မှမသိသာ​ပေမယ့်​ မှားမှာ စိုးရိမ်​​နေစိတ်​နဲ့ ​ရေးသားကြည့်​ပါ။ခနမကြာမှပဲ သင်​အမှားတစ်​ခု ဖျက်​ရပါလိမ့်​မယ်​။စိုးရိမ်​စိတ်​​တွေများ​လေ သင်​စာပုဒ်​​လေးက ဖျက်​ရာ​တွေများ​လေဖြစ်​​နေလိမ့်​မည်​။ကျ​နော်​ဆိုလိုသည်​က စိုးရိမ်​စိတ်​ မလွန်​ကဲ​စေရန်​ဖြစ်​သည်​။ကျ​နော်​တို့ ဦး​နှောက်​မှ ထုတ်​လွင့်​လိုက်​​သော လှိုင်းနှုန်းတစ်​ခုသည်​ စင်္ကြ၀ဠာ သို့​ရောက်​ရှိသွား​ပေမည်​ ထို့​နောက်​ ကျ​နော်​တို့ ထံသို့ ဦး​နှောက်​မှပို့လွတ်​မှုအတိုင်းပြန်​လာ​ပေမည်​။သင်​မှစိုးရိမ်​စိတ်​​တွေ မ​ကောင်းမြင်​စိတ်​သာဖြစ်​​ပေါ်​နေလျင်​ သင့်​ထံသို့ ထိုအရာ​တွေသာပြန်​​ရောက်​လာ​ပေလိမ့်​မည်​။ထို့အတူပင်​ သင့်​စိတ်​က​ကောင်း​သောအရာသာမြင်​​တွေး​နေလျင်​ သင့်​ထံသို့​ကောင်း​သောအရာသာပြန်​လာလိမ့်​မည်​ဟု ကျ​နော်​ယုံကြည်​ပါသည်​။စိတ်​၏ တန်​ခိုးသတ္တိသည်​ဆန်းကျယ်​လှ​ပေသည်​။

ကြယ်​​ကြွေချိန်​ဆု​တောင်းလျင်​ ဆု​တောင်းပြည့်​တတ်​သည်​ဟုကြားဖူးကျလိမ့်​မည်​။ကြယ်​​ကြွေချိန်​သည်​ သာမာန်​အားဖြင့်​ ၂စက္ကန့်​ခန့်​သာကြာမြင့်​​ပေးလိမ့်​မည်​။ထို၂စက္ကန့်​အတွင်း သင်​ ဆုတစ်​ခု​တောင်းရ​ပေမည်​။ဒါဆို ၂စက္ကန့်​ဆို​သော အချိန်​​လေးသည်​ သင့်​အတွက်​ဘယ်​ဆု​တောင်းရမလဲစဉ်းစား​နေချိန်​ရနိုင်​ပါမလား။သင့်​စိတ်​ထဲမှာအမြဲတ​စေစိတ်​အားထက်​သန်​​နေ​သော ကိစ္စသာလျင်​ရုတ်​ချည်းအတွင်းဆု​တောင်းမိမည်​ဖြစ်​သည်​။ ဒါဆိုရင်​ ဆု​တောင်းပြည့်​ခြင်းသည်​ သင်​၏စိတ်​အားထက်​သန်​မှု​ကြောင့်​ ​လော ကြယ်​​ကြွေခြင်း​ကြောင့်​​လောဟု သုံးသပ်​နိုင်​ပါသည်​။
image
စိတ်​ထား​ကောင်း​စေချင်
သင်​၏ ​​​နေ့စဉ်​လုပ်​ကိုင်​ ​ဆောင်​ရွက်​​နေမှုအ​ပေါ်တွင်​လဲ ​ကောင်းမွန်​​သောစိတ်​ထား​လေးနှင့်​လုပ်​ကိုင်​ ​ဆောင်​ရွက်​ရင်​ များစွာအကျိုးဖြစ်​ထွန်းနိုင်​​လေ သည်​။သင်​လမ်းသွားရင်​ လမ်းလယ်​​ကောင်​တွင်​​ကျောက်​ခဲတစ်​လုံး ​တွေ့သည်​ဆိုပါ​တော့"ဟာကွာ ဒီ​ကျောက်​ခဲက ဘာလို့ လမ်းလည်​​ကောင်​​ရောက်​​နေတာလဲ"ဟု​ဒေါသစိတ်​ဖြင့်​​ခြေ​ထောက်​နှင့်​ကန်​ထုတ်​လိုက်​လျင်​ ပထမဦးစွာ သင့်​​ခြေ​ထောက်​နာမည်​။ ​ကျောက်​ခဲက​တော့ လမ်း​ဘေး​ရောက်​သွား​ပေမည်​။ထိုသို့မပြုမူဘဲ"ဟာ လမ်းလည်​​ကောင်​မှာ​ကျောက်​ခဲတစ်​လုံး ​ရောက်​ပါလား။ဒီ​ကျောက်​ခဲကို ဆိုင်​ကယ်​ ​တွေညဘက်​မမြင်​ဘဲ တက်​နင်းမိရင်​ ဆိုင်​ကယ်​လဲပြီး အနာတရ ဖြစ်​မယ်​၊သက်​ကြီးရွယ်​အို​တွေသွားလာရင်း တိုက်​မိရင်​ ထိခိုက်​ဒဏ်​ရာရမယ်​၊ငါဖယ်​​ပေးလိုက်​မယ်​"ဟူ​သောစိတ်​ဖြင့်​ ပြုမူလိုက်​ရင်​ သင်​ရဲ့စိတ်​တစ်​ချက်​​ကြောင့်​ပင်​ ဇီဝိတဒါန ကိုရ​ပေမည်​။စိတ်​သည်​ထားတတ်​လျင်​မြတ်​​ပေသည်​။

တချို့သူများ​ကောင်း စားရင်​မနာလိုဘူးဟူ​သော လူများရှိကျ​သေးသည်​။
ရိုးရှင်းစွာ​တွေးကြည့်​ပါ ...သူအဆင်​​ပြေ​နေလျင်​ ငါ့ဆီ ပိုက်​ဆံလာမ​ချေး​တော့ဘူး​ပေါ့ဆိုပြီး ​တွေးလိုက်​ရင်​ သူများအဆင်​​ပြေတာ ကို့အတွက်​​တောင်​​ကောင်းကျိုးမဖြစ်​​ပေဘူးလား။ ဒါဟာအ​ကောင်းမြင်​ဘက်​က ​တွေး​ခေါ်ကြည့်​မှသာမြင်​နိုင်​တာမျိုးဖြစ်​ပါတယ်​။
တစ်​ခါက အမဲလိုက်​မုဆိုးတစ်​​ယောက်​ဟာ ​ရေ​ပေါ်မှာ​ပြေးလွှားနိုင်​တဲ့ ထူးဆန်းတဲ့​ခွေးတစ်​​ကောင်​ကိုပိုင်​ဆိုင်​သတဲ့။တစ်​​နေ့ကျ​တော့သူဟာ ​ဘေးနားပတ်​လည်​ရွာ​တွေက မုဆိုး​တွေနဲ့ချိန်း၍ သူ့​ခွေးအစွမ်းကို ပြမယ်​ဆိုပြီး ​ရေဘဲသွားပစ်​ဖို့စီမံကြ​လေသည်​။ ​ရေဘဲ​တွေကိုပစ်​ချလိုက်​ပြီးတိုင်း ​ရေ​ပေါ်ကျ​နေတဲ့ ဘဲ​တွေကို သူ့​ခွေးကိုသွား​ကောက်​ခိုင်းဖို့ အမိန့်​​ပေး​လေသည်​။မုဆိုး၏​ခွေးလဲ ​ရေ​ပေါ်တွင်​လမ်း​လျောက်​၍ဘဲများကို သွား​ကောက်​​ပေးသည်​။ တစ်​​နေကုန်​အစွမ်းပြပြီး​နောက်​ ည​နေ​စောင်းအိမ်​ပြချိန်​​ရောက်​တဲ့အထိ ချီးမွမ်း အံ့သြစကားမကြားက​တော့ မုဆိုးလဲ "ကျ​နော့်​​ခွေးနဲ့ ပတ်​သတ်​ပြီး ထူးခြားတာဘာမှ သတိမထားမိကျဘူးလား​ဗျာ"ဟု​မေး​လေသည်​။ ထိုအခါ အမဲလိုက်​​ဖော်​မိတ်​​ဆွေတစ်​ဦးက "ခင်​​ဗျား​ခွေး​ရေမကူးတတ်​ဘူး"ဟု​ပြောလိုက်​​ပေသည်​။

တချို့လူ​တွေကအဆိုးမြင်​ ဝါဒီ​တွေဖြစ်​သည်​။ဘဝရဲ့အချိန်​ အများစုကို တိုင်​စာ​ရေးရင်း၊မ​ကျေနပ်​ချက်​​တွေ​ပြောရင်းနဲ့သာကုန်​ဆုံး​လေ့ရှိကြ​လေသည်​။ဘဝထဲက အပြစ်​အနာအဆာကိုသာ ရှာ​ဖွေ​လေ့ရှိကြသည်​။မုန့်​လက်​​ကောက်​ရဲ့မုန့်​သားကိုမမြင်​ဘဲ အလယ်​က​အ​ပေါက်​ပါသည်​ကိုသာ ကြံဖန်​ အပြစ်​ရှာတတ်​သူ ​တွေဖြစ်​သည်​။ထိုသူတို​နဲ့ဆန့်​ကျင်​ဘက်​က​တော့ ​တွေ့သမျှလူတိုင်းကို သူ့ဆီမှာကြီးပွား​အောင်​မြင်​စရာ အစွမ်းအစ​တွေရှိတယ်​လို့ ယုံကြည်​ လာ​အောင်​​ပြောဆိုနိုင်​စွမ်းရှိသူ​၊အရာရာကိုအ​ကောင်းဘက်​က၊​နေသာတဲ့ဘက်​ကသာ ကြည့်​​လေ့ရှိသူ၊အာလုံးကိုအပြုံးနဲ့​နွေး​ထွေး​စေနိုင်​သူ​၊မိမိဘဝတိုးတက်​​ရေးကိုသာ ကြိုးစား​နေရသဖြင့်​ သူများကို​ဝေဖန်​ရှုံချရန်​ အချိန်​မရှိသူ​တွေဖြစ်​သည်​။ဘဝမှာထိုသူများသာ​အောင်မြင်​မှုကို ရ​လေ့ရှိကျသည်​။
image
**
သင်​​ရေဆာ​နေတဲ့အချိန်​ သင့်​ကို အထက်​ပါပုံထဲကအတိုင်း​ ​ရေတစ်​ဖန်​ခွက်​​ပေးမည်​။သင်​မည်​သို့​တွေးမည်​နည်း? Ans:_______________။
တချို့​တွေးလိမ့်​မည်​ "ဟာ ခွက်​ထဲမှာကလဲ ​ရေကတစ်​ဝက်​ပဲပါတယ်​"ဟု စိတ်​ပျက်​စွာ​တွေးမည်​ လား။ဒါမှမဟုတ်​ "ဟာ ခွက်​ထဲမှာ ငါ့အတွက်​​ရေတစ်​ဝက်​​တောင်​ ကျန်​​သေးတာပဲ "ဟု​တွေးမည်​လား။ ထိုအ​တွေးနှစ်​ခုတွင်​ ဘယ်​အ​တွေးက သင့်​အားစိတ်​ချမ်းသာ​စေပါသလဲ။ဒါဆိုရင်​ သင်​မည်​သို့ ပြုမှုမည်​နည်း။

ကျေးဇူးတင်​တတ်​ပါ​စေ
ကျေးဇူးတင်​တတ်​ခြင်းဆိုတာ အ​ကောင်းမြင်​စိတ်​နဲ့ သာ ကြည့်​မှမြင်​တတ်​တာမျိုးဖြစ်​ပါတယ်​။ သင့်​မနက်​အိပ်​ယာက​နေနိုးလာတာနဲ့ သင်​အသက်​ရှင်​​သန်​ခွင့်​ရ​နေခြင်းကို​ကျေးဇူးတင်​လိုက်​ပါ။ ပြီး​နောက်​ သင့်​အားလူဖြစ်​ခွင့်​​ပေးခဲ့​သော သင့်​မိဘ​တွေကို ​ကျေဇူးတင်​လိုက်​ပါ။သင့်​မျက်​လုံး နှစ်​လုံးမြင်​ခွင့်​ရ​နေတာကို ကြံဖန်​​ကျေးဇူးတင်​လိုက်​ပါ။ဒီမျက်​လုံး​တွေသာ မမြင်​နိုင်​ရင်​ သင်​​လောကအလှတရားကိုခံစားခွင့်​ရှိနိုင်​မည်​လား။သင်​ကျန်းမာ​ရေး​ကောင်း​နေတာကိုလဲ ​ကျေးဇူးတင်​သင့်​​ပေသည်​။အဆင်​မ​ပြေမှု​တွေက ဘာ​ကြောင့်​ငါ့အတွက်​မှ လာဖြစ်​​နေရတာလဲဟု ကြံဖန်​​တွေးလျင်​ သင်​၏စိတ်​ခွန်​အား​တွေသာ ရုတ်​​လျော့​နေမည်​ဖြစ်​သည်​။ကဲမိတ်​​ဆွေတို့​ကော ၂၀၁၈ကို ဘယ်​လိုကြိုဆိုကျမလဲ။ကျ​နော်​က​တော့ ၂၀၁၈ကို အ​ကောင်းမြင်​စိတ်​​တွေနဲ့ ကြိုဆိုဖို့ပြင်​ဆင်​နေပါပြီ။
1 Jan ကကျ​နော့်​ရဲ့ ၂၈နှစ်​ပြည့်​ ​မွေး​နေ့လဲဖြစ်​ပါသတဲ့​ဗျာ image
Photo credit google
Written by @zinminhtet
MSC-126

Sort:  

စိတ်ရဲ့စွမ်းအားက မယုံမရှိနဲ့ တကယ်ကြီးမားတယ်ဗျ

ဟုတ်​ပါတယ်​ bro

good post

Happy New Year

နှစ်​သစ်​ မှာ​ပျေ်​ရွှင်​ပါ​စေ

အရာရာကို အဆိုးမြင်တတ်တဲ့ လူအတွက် စိတ်ချမ်းသာမူ နည်းပါးမယ်ထင်ပါတယ်။

ဟုတ်​ပါတယ်​ :-)

Nice post ဘဒို

ကျေးဇူး bro

ငယ်ငယ်တုန်းက စာအုပ်တစ်အုပ်မှာ ကိုယ့်ရည်မှန်းချက်တွေ ချရေးထားဘူးတယ် အခုချိန်ပြန်ကြည့်တဲ့အခါ ၁၀ချက်မှာ ၇ချက်လောက်က လက်ရှိဘဝနဲ့ ကိုက်ညီနေတယ် ဗေဒင်ဟောထားသလားမှတ်ရတယ် ဒါဟာ စိတ်စွမ်းအင်နဲ့ တိုက်ရိုက်ပတ်သက်တယ်လို့ ထင်မိပါတယ်

မှန်​တာ​ပေါ့ မစုရယ်​ စိတ်​ စွမ်းအားက အံ့သြစရာ​ကောင်းတယ်

နှစ်​သစ်​မှာစိတ်​သစ်​လူသစ်​နဲ့​ပျော်​ရွှင်​ကျန်းမာစွာဖြတ်​သန်းနိုင်​ကြပါ​စေ

နှစ်​သစ်​မှာ​ပျော်​ရွှင်​ပါ​စေ

စိတ်သာရှင်ဇော ဘငဂါးဟောတဲ့

ဟုတ်​ကဲ့

Welcome 2018

Leave the waste in past and pass the future like a strong man

Good bro

နှစ်​သစ်​မှာ​ပျော်​ရွှင်​ပါ​စေ

၂၀၁၈ကို အကောင်းမြင်စိတ်နဲ့ ကြိုဆိုမယ်။

Good post bro!

နှစ်​သစ်​မှာ​ပျော်​ရွှင်​ပါ​စေ

Happy Birthday! Wish in advance.

ကျေးဇူးပါ သူငယ်​ချင်း

Good writing
Happy Birthday ပါလို့

နှစ်​သစ်​မှာ​ပျော်​ရွှင်​ပါ​စေ

Happy New year and happy birthday bro 🎉🎊🎇🎆

နှစ်​သစ်​မှာ​ပျော်​ရွှင်​ပါ​စေ

Happy new year!!!

နှစ်​သစ်​မှာ​ပျော်​ရွှင်​ပါ​စေ

happy new year ပါ

နှစ်​သစ်​ မှာ​ပျော်​ရွှင်​ပါ ​စေ

Happy new year bro

Happy new year ပါ

အကောင်းမြင်စိတ်နက် 2018 ကိုဆက်ဖို့ရည်ရွယ်ထားပါတယ် ဖိုက်တင်းဘဒို

ဟုတ်​ကဲ့ ကိုစိုင်း

Calling @originalworks :)
img credz: pixabay.com
Nice, you got a 11.0% @cryptopassion christmas upgoat, thanks to @ptcmyanmar
Want a christmas boost? Minnowbooster's got your back!

0.084$ refunded.

တောင်မြို့ အရှင်ဇနကာဘိဝံသဆရာတော်ကြီးကတော့ ကိုယ်ကျင့်အဘိဓမ္မာ စာအုပ်မှာ “အဝေးလည်းသွား၊ တပါးတည်းလယ်၊ ကိုယ်ထည့်မရှိ၊ ဂူအောင်ဘိ စိတ်၏ခြင်းရာစုံ” လို့ရေးသားခဲ့တာပဲကွယ်။

ဟုတ်​ကဲ့ ဆရာ