လှောက်ကားဥယာဉ်သို့ တစ်ခေါက်

in #myanmar6 years ago

လှော်ကားဥယာဉ်ဆိုတာ တစ်ခါမှလည်းမရောက်ဖူး တစ်ခါမှလည်းမသွားဖူးတဲ့ နေရာတစ်ခုပေါ့။ တစ်နေ့ ကတော့ မှော်ဘီဘက်မှာ ပျိုးပင်လေးတွေ သွားကြည့်ရင်း ရောက်သွားခဲ့တယ်။ ပထမတော့ မသွားဘူးလို့ ဆုံးဖြတ်ထားတာပဲ။ ဒါပေမဲ့ မှော်ဘီမှာလိုချင်တဲ့ အပင်ကမရတော့ လှော်ကားဥယာဉ် ကို ရောက်သွားပါလေရော။ ထင်ထားတာက ဥယာဉ်ဆိုတော့ ပန်းပင်လေးတွေ ပျိုးပင်လေးတွေ ရှိမှာပဲလို့ ပေါ့လေ။ ဟိုရောက်တော့ ခပ်တည်တည်နဲ့  ဝင်လိုက်တာ အစ်ကိုရေ လက်မှတ်လေး တစ်ချက်ပြပါဆိုတော့မှ ကျွန်တော် တောသား ကြောင်တောင်တောင်ဖြစ်သွားတယ်ဗျာ။20180227_142648.jpg

     လက်မှတ်ဝယ်တဲ့နေရာရောက်တော့လည်း အဲ့နေရာမှာ ကျောင်းသားလေးတွေတန်းစီနေတာတွေ့ တော့ သြော် လူတွေများနေပါ့လားဆိုပြီး ခပ်တည်တည်နဲ့ ဝင် တန်းစီပစ်လိုက်တာပေါ့။ အမှန်က ကျောင်းသားလေးတွေလေ့လာရေး ခရီး အဖွဲ့ လိုက်ထွက်လာကြတာထင်ပါတယ်ဗျာ။ တော်တော် ကြာတဲ့ထိသူတို့ ကလည်း ဘာမှမပြော ကိုယ်ကလည်း ရုပ်တည်ကြီးနဲ့ နေနေတော့ မပြောရဲတာလည်းပါ ပါ လိမ့်မယ်။ ကိုယ်ကလည်း အချိန် နည်းနည်းကြာတော့ စိတ်ထဲမသင်္ကာ ဖြစ်လာပြီ။ လက်မှတ်အရောင်း နေရာမှာလည်း ဘယ်သူမှမဝယ်ဘူး။ ဒီကလေးတွေ ဘာကိုများတန်းစီစောင့်နေတာပါလိမ့်လို့ သံသယ ဝင်လာပြီ။ အဲ့တာနဲ့ ခပ်တည်တည်ပဲ တန်းစီနေတဲ့နေရာကို ကျော်ဖြတ်ပြီး လက်မှတ်အရောင်းဌာနကို သွားလိုက်တယ်။ စိတ်တော့တထင့်ထင့်နဲ့ ပေါ့။ ဘယ်အချိန်မှာများ 'ဟေ့လူ ကြားဖြတ်မစီနဲ့ လေ' လို့ အော်ခံရမလဲလို့ ပေါ့။ ဒါပေမဲ့ အအော်မခံရပါဘူး။ 

          လက်မှတ်ဝယ်တော့လည်း လက်မှတ်ရောင်းတဲ့ ကလေးမက ' အစ်ကို လမ်းလျှောက်မှာလား ' ဆိုတော့ သြော် ငါ့နှယ် လမ်းမလျှောက်လို့ ဘယ်လို သွားရမှာလဲလို့ တွေးမိသေးတယ်။ လမ်းလျှောက်ရင် ဝင်ကြေးက နှစ်ယောက် ၁၀၀၀ကျပ်တဲ့။အဲ့တာနဲ့  ကျွန်တော်လည်း မဟေသီနဲ့ ကျွန်တော့်အတွက် ဝယ်လာပြီး လမ်းလျှောက် ဝင်ကြတာပေါ့။ ကိုယ်တွေဝင်တဲ့အထိ ဟိုကလေးလေးတွေကတော့ တန်းစီစောင့်နေတုန်း။ အဲ့တာနဲ့  အထဲရောက်သွားပါလေရောဗျာ။ ပထမဆုံး စတွေ့ တာက ကလေးတွေ တောင်တက်ကစားတဲ့ wall ထောင်ထားတာပေါ့။ အဲ့တာပြီးတော့ ပြတိုက်။ ပြတိုက်ကိုတော့ စိတ်မဝင်စားလို့  မဝင်တော့ဘူး။ စိတ်ဝင်စားတာက ပျိုးပင်လေ။ ပျိုးပင် လိုချင်တာဆိုတော့ ပန်းပွင့်ရှိတဲ့ နေရာတွေကို ဦးတည်ပြီးရှာတာပေါ့ဗျာ။ မြေပုံ တစ်ခုတွေ့ လို့ ကြည့်လိုက်မိတော့မှ ကျွန်တော် ဝင်လာတာ ပျိုးဥယာဉ်မဟုတ်ဘဲ တရိစ္ဆာန် ဥယာဉ် အငယ်စားလေး ဖြစ်နေမှန်း သိလိုက်တော့တယ်။ ကဲပါလေ ပျိုးပင် မရလည်း တိရစ္ဆာာန် ဥယာဉ်ဆိုတော့ ရှိတဲ့ အကောင်ကြည့်ပြီးပြန်မယ် ဆိုတဲ့ အတွေးနဲ့  လျှောက်ကြည့်လိုက်ပါတယ်။သို့ ပေမဲ့  ကြည့်စရာလည်း အကောင်က များများစားစား မရှိပါဘူးဗျာ။ ကျွန်တော်ကတော့ မြင်မြင်ထင်ထင် တွေ့ ခဲ့တာဆိုလို့  ဝက်ဝံနဲ့ ငှက်တွေပဲ တွေ့ ခဲ့ပါတယ်။ ဝက်ဝံကိုတော့ နှစ်မျိုး တွေ့ ခဲ့ပြီး ငှက်ကိုတော့ အမျိုး အစား ၁၀ မျိုးလောက်တွေ့ ခဲ့ပါတယ်။ ဝက်ဝံကို အစာကျွေးလို့ ရပြီး တစ်ပွဲကို ၅၀၀ ကျသင့်ပေမဲ့ မတန်ဘူးဆိုတာတော့ပြောပြချင်ပါတယ်။ ဒါပေမဲ့ ကုသိုလ် ပေါ့ဗျာ။ 20180227_142700.jpg

     နောက်ပြီးတော့ ထပ်တွေ့ ပါသေးတယ် ကြောင်ကတိုး တဲ့။ မြင်ဖူးနေကြ ကြောင်တွေလိုပါပဲ ဘာမှလည်းမထူးပါဘူး။ အကောင်စုံတာဆိုလို့  ငှက် တစ်မျိုးတည်းပဲတွေ့ ခဲ့ ရတဲ့ လှော်ကား ဥယာဉ်ပါဗျာ။ ပြန်ထွက်မှ လက်မှတ်ဝယ်ပြီးသွားတဲ့ နေရာ က ဥယာဉ်ရဲ့  တိရစ္ဆာန်ရုံ အငယ်စားလေးမှန်းသိတော့တယ်။ ဘယ်လိုပြောပြောရောက်ဖူးတယ်လို့ ပဲပြောရတော့မှာပေါ့ဗျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။ အားလဲုးကို ပျော်စေချင်တဲ့
ကိုဇင်
MSC 237
written by @zinminnaing20180227_143727.jpg

Sort:  

ရောက်​ဖူးချင်​တယ်

ရောက်ဖူးချင်ရင် ရောက်အောင်သွားပါ

နားရည်ဝနေပေမဲ့ ရောက်ဖူးသေးဘူး

ဘယ်မှာနေတာမို့ လို့ လဲဗျ

ရောက်ဖူးချင်လိုက်တာဗျာ

ရောက်ဖူးချင်ရင် ရောက်အောင် သွားပါbro

မရောက်ဖူးသေးဘူး နစ်နေ့သွားမယ်

သွားလိုက်ပါ

ဘယ်တုန်းကသွားလိုက်တာလဲ

27 ရက်နေ့ က လေ

နီး​ပေမဲ့ ​ရောက်​ ဖူ​သေးဘူး

နီးနီးလေးပါ

v100%$0.07 v n m done.

thanks you brother

ပျော်​စရာ​ကောင်းတယ်​...good

မိသားစုလိုက်ဆိုပိုပျော်ဖို့ ကောင်း

နီးတာကို မ‌ရောက်‌ ဖြစ်‌ဘူး။သွားဦးမယ်‌။

ခနပဲသွား ရောက်တယ်

good kalargyi

v100%$0.06 v n m done.

ကြောင်​ကတိုးနဲ့ ​ကြောင်​နဲ့က အတူတူဘဲလာားဗျ..။

ခဏခဏရောက်ပါသည်

တစ်ခါလောက်တော့ရောက်အောင်သွားဖူးချင်မိတယ်ဗျာ
ရတုန်းရခိုက်တော့ရအောင်သွားထားရမယ်

မရောက်ဖူးဘူး

ရောက်ဖူးတယ်
သို့သော်