Line Fault ရှာခြင်းအမှတ်တရ

in #myanmar6 years ago (edited)

images (2).jpgဒီနေ့ လည်း အလုပ်ခွင်ထဲက ကြုံခဲ့ရတဲ့              အတွေ့ အကြုံ ဗဟုသုတ လေးတွေကိုထပ်ပြီးတင်ပေးဦးမယ်ဗျာ။ လျှပ်စစ်အလုပ်ဆိုတော့လည်း အန္တရာယ် အများသားဗျ။ ဗဟုသုတလည်းတော်တော် ရပါတယ်။ ဒီတစ်ခါတော့ line fault ရှာတဲ့အချိန်မှာ ဖြစ်ပျက်ခဲ့တာလေးတွေရေးမယ်ဗျာ။ဟိုးအရင် post ကပြောခဲ့သလို ကျွန်တော် မော်တော်ယာဉ်စက်ရုံကနေ ခွဲရုံကို ပြောင်းပြီးတာဝန်ထမ်းဆောင်ရတယ်ဆိုတာ သိပြီးသားဖြစ်မှာပေါ့နော်။ ခွဲရုံမှာ အလုပ်စဝင်ပြီး မကြာပါဘူး မိုးရာသီရောက်လာပါလေရော။ ခွဲရုံဆိုတာက ရာသီဥတုအပေါ်မူတည်ပြီး လိုင်း fault ဖြစ်တတ်တာမျိုးလေ။ မိုးရာသီဆိုတာ fault အဖြစ်များဆုံး ရာသီဥတုပေါ့။ စတွေ့ ပါပြီ အခုမှ စပြီး ခွဲရုံ အလုပ်လုပ်တဲ့သူနဲ့ မိုးရာသီ။ နွေရာသီ နှောင်းပိုင်းမှာ လိုင်းရှင်းလင်းရေး လုပ်ထားပေမဲ့ မိုးရာသီ ဒုတိယလလောက်ဆိုရင် သစ်ပင်နဲ့ ခြုံတွေက လိုင်းရဲ့  တိုင်တွေပတ်လည်မှာ ပြန်ပေါက်နေတတ်တယ်လေ။ တစ်ချို့ ဆို နွယ်ပင်တွေက ရစ်ခွေပြီး လိုင်းကို ထိနေတာမျိုးတောင်ရှိတတ်တယ်။ ပြီးတော့ လိုင်းဆွဲထားတာကလည်း လယ်ကွင်းတွေ ချောင်းတွေမြောင်းတွေကို ဖြတ်ပြီးဆွဲထားတာဆိုတော့ လမ်းမပေါက်ဘူးလေ။ လိုင်းစစ်မယ်ဆိုရင် များသောအားဖြင့် တိုင်စေ့ မစစ်နိုင်ဘူး။ လိုင်းအရှည်က ၁၆မိုင်တောင်ရှည်တာကိုး။ တောက်လျောက် လမ်းလျှောက်ပြီးစစ်မယ်ဆိုရင်တောင် လိုင်းစစ်ဖို့ ကိုပဲ အချိန်သက်သက် ပေးရတယ်။ fault ဖြစ်မှပဲဖြစ်တတ်တဲ့ နေရာလေးတွေ ဖြစ်နိုင်တဲ့နေရာလေးတွေကို လိုက်စစ်ပြီး အဖြေရှာရတာပေါ့။ အဲ့လိုနဲ့ တစ်နေ့ တော့ line fault ဖြစ်ပါလေရော။

                 အဲ့တာနဲ့ အားလုံးပြင်ဆင်ပြီးတော့ လိုင်းfault ရှာကြတာပေါ့။ စထွက်ပြီဆိုတာနဲ့ မိုးရေတွေစိုတာပေါ့။ မိုးတွင်းကိုးဗျ။ မိုးရေထဲမှာအဖွဲ့  ခွဲပြီး လိုင်းfault ရှာကြတာပေါ့။ မီးကျသွားတာကလည်း over current ဆိုတော့ fault ကြီးကြီးမားမား မဟုတ်လောက်ဘူးဆိုပြီးလိုက်ရှာကြတာ တစ်နေကုန်သွားတယ်။ မတွေ့ ဘူး။ ပုံမှန်ဆိုရင် fault မတွေ့ ရင် Megger tester နဲ့ ရိုက်ပြီး စစ်လို့ ရပေမဲ့  မိုးကရွာနေတော့ Megger လည်းရိုက်လို့ မရဘူးပေါ့။ အဲ့တာနဲ့ မီးမတင်ရပဲ တစ်ည စောင့်လိုက်ရတာပေါ့။ နောက်နေ့ ကျမှ ထပ်ရှာကြမယ်ပေါ့။ အဲ့လိုနဲ့ တစ်ရက်အချိန်ကုန်သွားတာပေါ့။ နောက်တစ်နေ့ ကျတော့ မနက်စောစော မိုးမရွာတာနဲ့  Megger images (1).jpgစမ်းကြည့်တော့လိုင်းက အရှင်းဗျ။ မီးပြန်တင်တာ့ လက်ခံတယ်။ ဘာဖြစ်တာလဲပေါ့။ စဉ်းစားလို့ ကိုမရဘူး။ အဲ့တာနဲ့  အဲ့ဒီ့ line fault ရှာခြင်းကိစ္စ တစ်ခန်းရပ်သွားတာပေါ့။ ဘာမှလည်း ဆက်မဖြစ်တော့ မတွေးတော့ဘူးပေါ့ဗျာ။ ကိုယ့်ထင်မြင်ချက်လေးတွေကိုယ် ပြောပြီး ပြီးသွားတာပေါ့။

               အဲ့လိုနဲ့  တစ်နေ့ တော့ fault ထပ်ဖြစ်ပါလေရော။ အဲ့ဒီ့နေ့ က မိုးမရွာဘူးဆိုတော့ လိုင်းစစ်ရတာ အခက်အခဲမဖြစ်ဘူးလေ။ ထုံးစံအတိုင်း fault ရှာမတွေ့ ပါဘူး။ Megger ရိုက်ကြည့်တယ်။ All OK တယ်။ အဲ့တော့လည်း   ''ကဲ မီးပြန်တင်မယ်'' ဆိုပြီးပြန်တင်တော့လည်း ပြန်ကျတယ်။ ပြဿနာတော့စပြီလေ။ အချိန်ကလည်းရသေးတာနဲ့ ''ကဲကွာ မထူးဘူး ဒီတစ်ခါလိုင်းနဲ့ မလွတ်တဲ့ အပင် ခြုံနွယ် အကုန်စစ်မယ်။ နည်းနည်းလေး နီးနေရင်တောင် ခုတ်မယ်'' ဆိုပြီး ထပ်စစ်တာပေါ့။ ဒီတော့မှ အဖြေပေါ်တော့တယ်။  လိုင်းနဲ့ အနီးနားက သစ်ပင်က ကိုင်းတစ်ကိုင်းက လိုင်းနဲ့ မထိပဲနဲ့  လေတိုက်လိုက်ရင် သွားသွား ရိုက်နေတာ အဲ့ဒီ့သစ်ကိုင်း တော်တော်တောင် မီးကျွမ်းထားပြီးပြီ။ သြော် ဒီလိုလည်းဖြစ်တတ်ပါလားဆိုပြီးမှတ်သားထားဖူးခဲ့ပါတယ်။
images.jpg
                နောက်တစ်ခါကျတော့ မီးတင်လိုက်ရင်မကျဘူး။ ဒါပေမဲ့ load ဆွဲလိုက်တာနဲ့  ပြန်ကျတာ။ အဲ့ဒီ့ fault တုန်းကတော့တော်တော်ကြာသွားတယ်။ ကြာဆို ၃ ရက်လောက် နေ့ နေ့ ညည ရှာလိုက်ရတာကိုး။ လိုင်း လုံးဝအရှင်း Megger test အကောင်း နဲ့ load သုံးရင် ပြန်ကျတဲ့ fault အမျိုးအစားက Earth fault. စဉ်းစားလို့ ကိုမရဘူး။ နောက်ဆုံး ဘယ်လိုရှာတွေ့ လဲဆိုတော့ တိုင်တစ်တိုင်ချင်းဆီရဲ့ အောက်ခြေကိုသွား jumper အဆက်နေရာတွေကို သေသေချာချာ မှန်ဘီလူးနဲ့ ကြည့်တော့မှ

တွေ့ တာဗျို့။ Jumper ကူးထားတဲ့ နေရာက သုံးထားတဲ့  PG clamp တွေ နာနေပြီး Carbon ချေး တွေ ကြောင့် loose connection ဖြစ်ပြီး load မနိုင်တာဖြစ်မှန်း အဲ့တော့မှ သိလိုက်ရတယ်။ub-p-g-clamp-250x250.jpg တော်တော်လည်း ပညာရပါတယ်ဗျာ။ ဆရာတွေက သိပေမဲ့ လို့ fault  ရှာမတွေ့ မချင်း ဘာကြောင့်ဖြစ်တယ်ဆိုတာ ပြောမပြဘူးဗျ။ fault တွေ့ အောင် အရင်ရှာခိုင်းတာ။ ပြီးတော့ fault တွေ့ တော့မှ ပြောပြတာ။'' fault မတွေ့ မချင်း ဒါဟာ ယူဆချက်သက်သက်ပဲ fault တွေ့ တော့မှ ဒါဟာ သေချာတဲ့ အချက်အလက်ဖြစ်တယ်'' လို့ ကျွန်တော့် ဆရာကပြောတယ်။ လျှပ်စစ်မှာ ထင်မြင်ချက်ကို တရားသေ မှန်ကန်တယ်လို့  ယူဆလို့ မရဘူးဆိုတာလည်း ဆရာက သင်ပေးခဲ့ပါသေးတယ်။ ဥပမာဗျာ အိမ်တစ်အိမ်က switch တစ်ခုမှာ power line ဝင်ရမှာ အမှန်ဆိုပေမဲ့  အဲ့လိုတွေးပြီး တစ်ခြား Wire ကိုသွားကိုင်လို့ မရသလိုပေါ့။ သေချာအောင် အရင်စစ် ပြီးမှ အလုပ်လုပ် ဖို့ ကို လျှပ်စစ်အလုပ် လုပ်တဲ့သူတိုင်း သိထားသင့်တယ်လို့ သင်ပြပေးခဲ့တဲ့ ဆရာ့ကိုလည်း ကျေးဇူးတင်မိပါတယ်။ ကျွန်တော်လည်း ဆရာ့ စကားအတိုင်း အလုပ်လုပ်တော့မယ်ဆိုရင် သေသေချာချာ အရင်စစ်ဆေးပြီးမှ အလုပ်လုပ်လို့ လားတော့မသိဘူး။ လျှပ်စစ် ခွဲရုံမှာ လုပ်ခဲ့တဲ့ တစ်လျောက်ဓာတ်လိုက်တာနဲ့ ပတ်သက်ပြီးတော့ ဘာမှမဖြစ်ခဲ့ဖူးဘူး။ ကဲဗျာ ဒီနေ့ တော့ ဒီလောက်နဲ့ ပဲနားလိုက်ဦးမယ်။ Steemit က သူငယ်ချင်း ညီအစ်ကို မောင်နှမ အားလုံးလည်း လျှပ်စစ်နဲ့ ပတ်သက်ပြီး အလုပ်လုပ်တဲ့ အခါတိုင်းမှာ မမေ့မလျော့မပေါ့မဆနဲ့  ဂရုတစိုက်လုပ်ကိုင်ပြီး အန္တရာယ်ကငါးရှင်းကြပါစေလို့ ဆုတောင်းလျှက်



အားလုံးကို လျှပ်စစ်အသိပညာတိုးပွားစေလိုတဲ့

                                                     မောင်ဇင်
first-aid-safety-signs-j28-010-lg.png
MSC -237

@zinminnaing

Photo carried from google.

Sort:  

V %=100% $0.131 V n C done. @thiha/poe

Epc ကလားဗျာ မီးမပြတ်စေနဲ့နော်😁😁

မဟုတ်ရပါဘူးဗျာ စက်ရုံ အလုပ်သမားပါ

ဗဟုသုတရတယ် ဇင်ကြီးရေ

ဟုတ်ကဲ့အစ်ကိုလည်း ကဗျာ များများရေးနော် ကျွန်တော်ကြိုက်တယ်

အသာလုပ်ပါဟ

အသာလုပ်ပါတယ်ဗျာ

ကျေးဇူးပါ

ဟုတ်ကဲ့ အန္တရာယ်ကင်းပါစေ

သတိထားမှ တော်ကာကြမယ် အစ်ကိုရယ် ကျေးဇူးပါဗျ

ဟုတ်ကဲ့ပါ ဝမ်းသာပါတယ် ဖတ်ရှုဝေဖန်ပေးလို့ 

ဗဟုသုတရပါတယ်

ကျေးဇူးတင်ပါတယ်

Thank for ur post

ကျေးဇူးပါခင်ဗျာ

လျှပ်စစ်ကတကယ်ကြောက်စရာပါ ဓာတ်လိုက်ရင်ဆေးမရှိပါ

ဒါပေါ့အစ်ကိုရယ် သတိရှိမှ အန္တရာယ် ကင်းမှာ

ကွီးစိုး ဓါတ်လိုက်ပျောက်ဆေး ဖော်ရောင်းလေ အာ့ဆို အများကြီးရောင်းရမှာ

ဖြူးလေးပျက်နေတာပြင်ချင်လို့ပါ

ငင့် မနောက်ပါနဲ့ ဆရာတို့ ရယ်

ဗဟုသုတရပါတယ်‌

ကျေးဇူးပါ ကိုမဟော်

လေးစားတယ်​ ဗျာ

ကျေးဇူးပါ bro.

Thanks for sharing

လျှပ်စစ်လား လေ့လာပရစေ

အချိန်ရလို့ရှိရင်Megger Testလေးအကြောင်းတင်ပြပေးပါလို့တောင်းဆိုပါတယ်အကိုရေ
နောက်ပို့စ်တွေမှာလည်းEPနဲ့ပတ်သက်ပြီးလုပ်ငန်းအတွေ့အကြုံတွေဖတ်ခွင့်ရအုံးမယ်လို့လည်းမျှော်လင့်ရင်းစောင့်မျှော်နေပါတယ်