လုပ်ငန်းခွင်မှပေးသော အတွေ့ အကြုံ
in #myanmar6 years ago
           ခွဲရုံမှာ စလုပ်တော့ drawing အရင် ကြည့်ပြီး
line တွေ တည်ရှိပုံကို အရင်လေ့လာရတယ်။ ပြီးမှ ကျန်တာကို ဆက်လေ့လာရတယ်။ 33kv လိုင်းဆိုရင် ဘယ်နေရာမှာ jumperရှိတယ် insulators-and-its-types-19-638.jpgဘယ်နေရာမှာ ဆိုရင် fault အဖြစ်များတယ်ဆိုတာကိုပါမှတ်ရသေးတယ်။
နောက်တော့လည်း မှတ်စရာ မလိုပဲ လုပ်နေရင်းနဲ့ သိလာတာပါပဲ။ဓာတ်အား ခွဲရုံဆိုတာကလည်း လုပ်ရတာ အရမ်းသတိထားရတာဗျ။ တစ်ချက်လေး မှားတာနဲ့  ဆေးမမီဘူးလေ။danger-sign-board-250x250.jpg သတိကြီးကြီးထားမှပဲ အန္တရာယ်ကိုကာကွယ်နိုင်မှာလေ။ ပြောပြချင်တာက လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးမှာ သတိထားပြီး လုပ်ရမယ်ဆိုတဲ့အကြောင်းပါ။
DBkvSEpXUAAkBGC.jpg
             ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးတစ်ခုပေါ့။ ခွဲရုံမှာ၃လတစ်ခါလိုင်းရှင်းလင်းဖို့  ကို  shutdown
 လုပ်ပြီး 33kv လိုင်းကိုရှင်းတယ်ဗျာ။ လိုင်းရှင်းတယ်ဆိုတာက အဲ့ဒီ့ line နဲ့မလွတ်ကင်းတဲ့ သစ်ပင်တွေခြုံနွယ်တွေ ရှင်းလင်းရတာပါ။ fault ဖြစ်ပြီး မီးမကျအောင်ပေါ့။ အဲ့လို ရှင်းနေတုန်း ကောင်လေးတစ်ယောက်က သစ်ပင်ပေါ်တက်ပြီး အကိုင်းခုတ်တယ်။ မီးချထားတာဆိုတော့ စိတ်ချလက်ချ လုပ်လို့ ရတာပေါ့ဗျာ။ ခုတ်နေရင်းနဲ့ သူကပြောတယ်။ ''အစ်ကိုရေ သစ်ပင်ကို ခုတ်လိုက်တိုင်း ကျင်ကနဲ ဖြစ်ဖြစ်သွားတယ်'' တဲ့။ အဲ့တော့ ကျွန်တော်က ''ဟာကွာ မီးချထားတာပဲ 230kv line နဲ့လည်းအလွတ်ကြီးပါ ရာသီဥတုလည်း သာယာပါတယ် ဓာတ်လိုက်စရာမရှိပါဘူး'' ပေါ့။ ''မဟုတ်ဘူး အစ်ကို တစ်ကျင်တယ်ဗျ'' ဆိုတော့ ''အေးကွာ အဲ့တာဆို ဘယ်မှာလဲပြ မင်းခုတ်ထားတဲ့အပင်'' ဆိုပြီး လိုက်ကြည့်တော့မှ အားပါးပါး အဟုတ်ဗျ။ ကိုယ့်line ကိုတော့ မီးချထားတာပဲ ဒါပေမဲ့ ကိုင်းကကျိုးပြီး ကျနေတာက တစ်ခြား 11kv လိုင်းပေါ်ကိုလေ။ safety4.jpgကမန်းကတန်း ကောင်လေးကို ဆက်မလုပ်ဖို့ ပြောပြီး  ဘေးကပါလာတဲ့ EPC က အစ်ကိုကို ဘယ်လိုင်းလဲမေးတော့ သူတို့ လိုင်းတဲ့။ အဲ့တာနဲ့ ခွဲရုံကို ဖုန်းဆက်ပြီးမီးချခိုင်းရတာပေါ့။ ကံကောင်းလို့  အဲ့ဒီ့ကောင်လေး အန္တရာယ်မဖြစ်တာ။ နို့ မို့ ဆို ကျွန်တော် jail ထဲသေချာတယ် ။ တာဝန်ပေါ့လျော့မှုလေ။ အဲ့အချိန်က စပြီး လိုင်းရှင်းရင် ဘယ်တော့မှပေါ့ပေါ့တန်တန် မနေတော့ဘူး။ ပတ်ဝန်းကျင်ကို သေသေချာချာ လိုက်ကြည့်ပြီးမှ အန္တရာယ်ကင်းတာ သေချာပြီဆိုမှ အလုပ်စလုပ်တော့တယ်။
blog-2-aug-16.jpg
            တစ်ခုထပ်ပြောချင်တာက ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် protection အကြောင်းပါ။ အမှန်ဆိုရင် ဒီလို သစ်ကိုင်းကျိုးကျတဲ့ အချိန်မှာ အဲ့ဒီ့ 11kv လိုင်းရဲ့  protection system ဖြစ်တဲ့  Breaker ပြုတ်သွားရမှာပေါ့။ ဒါပေမဲ့မပြုတ်ဘူး။ ဒါဟာ လုပ်ငန်းခွင်မှာ အန္တရာယ် ဖြစ်စေမဲ့အချက်ပါပဲ။ Safety အကြောင်းပြောရင် protection လည်းထည့်သွင်းစဉ်းစားရမယ် ဆိုတာကို သိစေချင်ပါတယ်။ အလုပ်တစ်ခုလုပ်မယ်ဆိုရင် protection အပြည့်အဝရှိရပါမယ်။ ပြီးရင်တော့ safety procedure အတိုင်းလိုက်နာကျင့်သုံးရပါမယ်။ အဲ့လိုမှ မဟုတ်ပဲ ကိုယ်က ကျွမ်းကျင်ပါတယ်လေ ဒီအလုပ်လုပ်တာ အံတိုနေပါပြီ ဘာမှမဖြစ်ပါဘူးဆိုပြီး safety procedure အတိုင်း မလုပ်လိုက်လို့ အန္တရာယ် ဖြစ်လာခဲ့ရင် အဲ့တာ ကိုယ့်ရဲ့ပေါ့လျော့မှု ဖြစ်ပြီး ကိုယ့်မှာသာ အပြစ်ရှိတယ် ဆိုတာ သိထားရပါမယ်။
download.jpgတစ်ခေါက် မော်တော်ယာဉ်စက်ရုံ
Station မှာ Breaker လည်းမကျပဲ ညှော်နံ့ အရမ်းထွက်နေတယ်ဆိုပြီးပြောလာတော့  မော်တော်ယာဉ်စက်ရုံကို မီးချပြီး စစ်ကြည့်တာပေါ့ဗျာ။  အဲ့မှာအပြစ်ရှာတွေ့ တာက တရားခံကြွက်။ spare အနေနဲ့ ထားတဲ့ Breaker အဝင်မှာ လိုင်း၂လိုင်းကြားမှာကြွက်ကသေနေတာ။ Over current နဲ့လည်း မီးမကျဘူး။ ဘယ်ကျမလဲ  ကြွက်က လိုင်း၂လိုင်းနဲ့  တိုက်ရိုက်မထိပဲ သေပြီးသူ့ ကိုယ်က ကျလာတဲ့ အရည်တွေက လျပ်ကူးစေပြီး ညှော်နေတာလေ။ တော်သေးတာက မီးမလောင်ခင် စစ်ကြည့်မိလို့ ပေါ့။ နည်းနည်းနောက်ကျလို့ မီးလောင်မှသိရင်တော့ ဆုံးရှုံးမှုများသွားမှာပေါ့ဗျာ။ဒါကတော့ ကျွန်တော် ခွဲရုံမှာ အလုပ်လုပ်ရင်း ရခဲ့တဲ့အတွေ့ အကြုံတွေထဲက အတွေ့ အကြုံ တစ်ခု နှစ်ခုကို ပြောပြတာပါ။ @generalpyone ရဲ့  sharing လုပ်ပေးတဲ့  ဘေး/ကျန်း အသိပညာပေး အကြောင်းကြားပြီးရေးချင်စိတ်လေးဖြစ်လာလို့  ကျွန်တော် ကြုံခဲ့ရတာလေးတွေကို steemit အဖွဲ့ သားတွေ ဗဟုသုတ ရစေရန် အလို့ ငှာ ဝေမျှလိုက်ခြင်းဖြစ်ပါတယ်။ အားလုံးသော steemit အဖွဲ့ သားတွေ အသိပညာ ဗဟုသုတ တိုးပွားကြပါစေလို့ ဆန္ဒပြုရင်း
          အားလုံးကို လျှပ်စစ်အသိပညာ  တိုးစေလိုတဲ့ 
                                                              မောင်ဇင်
Written by @zinminnaing
Photo carried from Google .
Sort:  
ဗဟုသုတရတယ်ညီလေး။အရေးသားလည်းကောင်းလာတယ်။
Good တယ်‌။အ‌ရေးအသားလည်း‌ကောင်းတယ်‌။ပညာ‌ပေးလည်းဖြစ်‌တယ်‌။
ဇင်ကြီးရေ
ပညာပေးလေးတွေရေးတာ
ကုသိုလ်လည်းရ…
Vote လည်းရပေါ့ကွာ
ဖတ်ရတာဗဟုသုတရတယါဗျာ