X'mer တပ်ဆင်ခြင်း အမှတ်တရ

in #myanmar6 years ago

electrical-transformer-250x250.jpg ဒီနေ့ ကျွန်တော့် သူငယ်ချင်းတွေကို ပြောပြချင်တဲ့ အကြောင်းအရာက ကျွန်တော့်ဘဝ အတွေ့ အကြုံတွေထဲကမှ Transformer( X'mer) တစ်လုံးတပ်ဆင်ခြင်း အကြောင်းကိုဝေမျှပါ့မယ်။ X'mer တစ်လုံး တပ်ဆင်တော့မယ်ဆိုရင် သုံးမယ့် load ကိုအရင်တွက်ကြည့် ရပါမယ်။ အခြေခံအားဖြင့် P=VI ပုံသေနည်းကိုပဲသုံးပြီး တွက်လို့ ရပါတယ်။ X'mer ဖြစ်တဲ့အတွက် V နေရာမှာ 'Xmer ရဲ့  output voltage ကို ယူတွက်ပါ့မယ်။ ဥပမာ 11kv~440v X'mer 1000kVA တစ်လုံးတပ်ဆင်မယ်ဆိုရင် သူ့ ရဲ့ သုံးနိုင်တဲ့ load က အများဆုံး 1000kVA လို့ အကြမ်းဖျင်း ယူဆနိုင်ပါတယ်။ ဒါပေမဲ့  X'mer တိုင်းဟာ load အပြည့် မသုံးနိုင်ပါဘူး။ Power losses ရှိပါတယ်။ အဲ့ဒီ့ Power losses ကို အနည်းဆုံး 20% သတ်မှတ်ပြီး တွက်မယ်ဆိုရင် အဲ့ဒီ့ 1000kVA X'mer ဟာ load အပြည့်သုံးမှ 800kWထိပဲသုံးလို့ ရပါတော့မယ်။ kVA ကို power losses နဲ့ မြှောက်ရင် အမှန်တကယ်သုံးလို့ ရတဲ့ KW ဆိုတာ ရပါတယ်။ တစ်ခုကွဲပြားသွားတာက kVA ဆိုတာက Load မသုံးသေးတဲ့အခြေအနေမှာ ထုတ်ပေးနိုင်တဲ့ power ဖြစ်ပြီး kW ဆိုတာကတော့ load သုံးတဲ့ အချိန်မှာ ထုတ်ပေးနိုင်တဲ့ power losses ပါဝင်ပြီးသော အမှန်တကယ် အသုံးပြုလိုက်ရတဲ့ power ဖြစ်ပါတယ်။ ဥပမာ ပြောရရင် ကျွန်တော်တို့  ဘီယာသောက်တယ်ဆိုပါစို့ ဗျာ။ ဘီယာ တစ်ခွက်လုံးကို kVA လို့ မြင်လိုက်ပါ။ ဒါပေမဲ့ ဘီယာမှာ အမြှုပ် ပါလာပြီဗျာ ။ အဲ့ဒီ့အမြှုပ်က power losses(kVAR) ဖြစ်ပြီး ကျန်တဲ့ အရည်ကတော့ kW ဖြစ်ပါတယ်။ ကျွန်တော်တို့ တစ်ကယ်သောက်တာက ဘီယာ အရည် kW ဖြစ်ပြီး အမြှုပ်က အသုံးမဝင်တဲ့ power losses ဖြစ်ပါတယ်။ ဒါပေမဲ့ ပေးလိုက်တဲ့ ဘီယာတစ်ခွက်ကတော့( kVA  ကတော့ ) ဘီယာတစ်ခွက်အပြည့်ပါပဲဗျာ။ ဒီလောက်ဆိုရင်တော့ X'mer တစ်လုံးရဲ့  အမှန်တကယ် သုံးနိုင်မဲ့ load ကို တွက်ချက်တတ်ပြီလို့ ထင်ပါတယ်။ Beer Mug Analogy of Power Factor Explanation.jpg

                 ဟုတ်ပြီဗျာ X'mer တပ်ဆင်မှု အပိုင်းကို ပြန်သွားရအောင်။ X'mer တစ်လုံး ထိုင်တော့မယ် ဆိုရင် မရှိမဖြစ်လိုအပ်တာက X'mer ထိုင်မဲ့  X'mer ဝန်း။ ပြီးရင်တော့ HT line ပြေးဖို့  အနည်းဆုံးနှစ်တိုင်စင်။ ပြီးရင် DS (Disconnecting Switch)disconnecting-switch-isolator-250x250.jpg ပြီးတော့ DOF ( Drop Out Fuse) Meba-SJC-8-24KV-Cut-Out-Fuse1.jpgနဲ့  LA(lightening Arrester)။ကျွန်တော်တို့ မြန်မာနိုင်ငံမှာ 500kVA အထက် X'mer ဆိုရင်တော့ DOF နဲ့တင်မရတော့ပါဘူး။ Circuit Breaker ပါတပ်ဆင်ပေးရမှာဖြစ်ပါတယ်။Outdoor-Sf6-Gas-Circuit-Breaker-66kV-132kV-.jpgဒါကတော့ ဗဟုသုတပါ။ ပြီးရင်လိုအပ်တာက X'mer ရဲ့  LT side အတွက် Distributiob Panel လိုအပ်ပါသေးတယ်။ ဒါတွေရှိပြီဆိုရင်တော့ X'mer စတင်ထိုင်လို့ ရပြီပေါ့ဗျာ။ ကျွန်တော် တပ်ဆင်ခဲ့တာကတော့ အရင်က ထုတ်လုပ်မှု မရှိတော့တဲ့ စက်ရုံက X'mer ကိုပြန်လည်တပ်ဆင်တာဆိုတော့ အဲ့ဒီ့အတွေ့ အကြုံလေး ပြန်မျှဝေမယ်။

                သုံးပြီး ရပ်နားထားတာကြာပြီဖြစ်တဲ့ X'mer တစ်လုံးကိုပြန်သုံးတော့မယ် ဆိုရင် အရင်ဆုံး Megger test ပြန်စစ်ရပါတယ်။ Megger Result မကောင်းဘူးဆိုရင်တော့ X'mer Oil ကို ပြန်လည်သန့်စင်တာ အကောင်းဆုံးဖြစ်ပါတယ်။images (4).jpg X'mer oil စစ်ဆေးခြင်း
X'mer Oil သန့်စင်ရသလို silica gel လည်း လဲလှယ်ရပါမယ်။ ဆီယ်စိမ့်မှုမရှိအောင်လည်း bushing seal များကိုစစ်ဆေးရပါမယ်။ အဲ့တာတွေ အကုန်ပြီးပြီ ဆိုရင်တော့ X'mer ကို Megger ပြန်ရိုက်ရပါမယ်။ အကောင်းဆုံး အနေအထားကိုရောက်ပြီ ဆိုရင်တော့ X'mer ပြင်ဆင်ခြင်း လုပ်ငန်းပြီးပြီပေါ့ဗျာ။ ပြီးရင်တော့ X'mer တပ်ဆင်ခြင်းအပိုင်းပေါ့။

                  စတပ်တဲ့ အချိန်တုန်းက ကျွန်တော် တိုင်ပေါ်ကနေမဆင်းရဘူး။ နေပူပူထဲ တိုင်ပေါ်နေရတာ တော်တော်မလွယ်တဲ့ အလုပ်ဗျ။ ဒါတောင် လိုင်းဆွဲပြီးသားကို တက်ရတာနော်။ အရင်ဆုံး LA ကိုတပ်တယ်။ ပြီးတော့ DS ခုံဆင်တယ်။ ပြီးတော့ DOF တပ်တယ်။ တစ်ခုချင်းဆီအတွက် earthing ကို သေချာအောင်လည်း တပ်ဆင်ရပါတယ်။ earthing ကို မဖြစ်မနေတပ်ဆင်ရပါတယ်။ လျှပ်စစ်အတွက် earthing ဟာ အရမ်းအရေးကြီးပါတယ်။ နေရာတိုင်းမှာတပ်ဆင်ရပါတယ်။မဟုတ်ရင် fault တစ်ခုခုကြောင့် X'mer ထိခိုက်နိုင်ပါတယ်။X'mer မထိခိုက်ရလေအောင် earthing ကောင်းဖို့ လိုပါတယ်။ DOF ကနေ ထွက်လာတဲ့ line ကို Circuit Breaker နဲ့ ချိတ်ဆက်ပြီး Circuit Breaker မှတစ်ဆင့် X'mer ထဲကို ထည့်သွင်းပါတယ်။ ဒါကတော့ HT အပိုင်းပေါ့ဗျာ။

                  LT အပိုင်းကိုတော့ 440v နဲ့ပဲပြောပြတော့မယ်။ X'mer ကနေ ထွက်လာတဲ့ LT အပိုင်းမှာတော့ ငုတ် 4ခုဖြစ်ပါတယ်။ a b c n ဆိုပြီး ငုတ် 4 ခုရှိပါတယ်။ သတ်မှတ်ချက်အနေနဲ့ a b c n ဆိုပြီး ထားပေမဲ့ လျှပ်စစ်သမားတွေကတော့ R Y B N ဆိုပြီးတော့ပဲမှတ်ထားကြပါတယ်။ Red Yellow Blue နဲ့  Neutral ပေါ့ဗျာ။အဲ့ဒီမှာ Neutral ငုတ်ကို Neutral earth ချပေးရပါတယ်။ ပြီးရင်တော့ Distribution board ကို သွားမယ်ပေါ့ဗျာ။power-control-centre-2.jpg Distribution board ကိုသွားတဲ့အခါ X mer က ထွက်တဲ့  R Y B ကို အစဉ်လိုက် ထည့်ပေးရမှာဖြစ်ပါတယ်။  R Y B ပြောင်းပြန်ဖြစ်သွားရင် တပ်ဆင်ထားတဲ့ load မှာရှိတဲ့  3 phase motor များ ပြောင်းပြန်လည်ပတ်နိုင်ပါတယ်။ Distribution board မှာတပ်ဆင်ထားတဲ့ Main breaker ကို Power  3phase လုံးတပ်ဆင်ပြီးပြီဆိုရင်တော့ load များကို သုံးစွဲနိုင်ပါပြီ ဆိုတဲ့အကြောင်းရေးသားရင်း

အားလုံးကို လျှပ်စစ်အသိပညာတိုးပွားစေချင်တဲ့ 
မောင်ဇင်
MSC-237
@zinminnaing
Photo credit- Google

Sort:  

ဗဟုသုတရပါတယ်

ကျေးဇူးပါအစိကိုရေ

ခုလိုလျပ်စစ်အသိပညာပေးတဲ့အတွက် ကျေးဇူးပါ@zin

ဟုတ်ကဲ့ပါ ဖတ်ရှုတဲ့အတွက်ကျေးဇူးပါ

V 100% $0.100 V n C done.@sandipoe

နားတော့မလည်သေးဘူး
အကိုရေ
ကျနော်လည်လျှပ်စစ်လိုင်းကိုယူထားတာဆိတြော့စိတ်ဝင်စားတယ်ဗျာ
စာတွေ့သင်ပြီးမှအကို့ဟာကိုပြန်ဖတ်ကြည့်လို့ရအောင်shareသွားပီဗျာ

ဆွေးနွေးရအောင်ဗျာ လျှပ်စစ်နဲ့ ပတ်သက်ရင်

ဆွေးနွေးချင်ပါတယ်အကိုရာ
ဒါပေမယ်ပွုမှပညာသင်စဲဆိုတော့သိပ်မဆွေးနိုင်သေးဘူး
နောက်ပိုင်းလည်းလျှပ်စစ်နဲ့ပတ်သက်တဲ့ပို့စ်လေးတွေတင်အုံးမယ်လို့မျှော်လင့်နေပါတယ်
ဗဟုသုတတကယ်ရပါတယ်

ဝါသနာတူမို့သ​ဘောကျပါ၏

မှားတာလေးတွေပါလာရင် ထောက်ပြပေးပါ

V 100% $0.100V n C done.@thihakoko

ကျေးဇူးပါ

ဒီစာဖတ်သူတွေ သေချာတယ် beer ခွက်ပဲ မြကြမာရယ်😁😁

မမြင်မြင်အောင် လုပ်ထားတာလေ

စိတ်​ဝင်​စးတယ်​ဗျ။

စိတ်ဝင်စားရင်ထပ်တင်ပေးပါ့မယ်

ခုလိုပြောပြပေးလို့ကျေးဇူးပါ

ကျေးဇူးပါ

Good Post

ကျေးကျေး

Thanks for knowledge

ဆက်ကြိုးစားသွားပါ့မယ် ဘဒို

အခုလိုရှင်းပြတော့လည်း သိသွားတာပေါ့ဗျ

we have knowledge

ဗဟုသုတ ရတယ်ဗျာ

ဗဟုသုတရတဲ့အတွက် ကျေးဇူးပါ

အပေါင်း အနုတ်တောင်ကောင်းကောင်းနားမလည်တော့ ဒိလောက်အဆင့်တွေဆို ပိုဝေးပီပေါ့လေ ကျေးဇူးတင်ပါတယ်ဗျာ အတွေ့အကြုံလေးတွေကိုမျှဝေပေးလို့

ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ်

လေ့လာခွင့်ရလိုကျေးဇူးပါ

ကျွမ်းကျင်တဲ့အလုပ်မဟုတ်ပေမယ့်
စာဖတ်သူကျွန်နော်ကို သဘောပေါက်လွယ်ကူအောင်
ဘီယာလေးနဲ့ဥပမာပေးသွားခဲ့တယ်နော်…… သူရ

beer ကြိုက်တယ်ပေါ့

ကြိုက်တယ်ပြောရင်ကောင်းမလားဗျာ
သောက်ဖူးတယ်လို့တော့ပြောခဲ့မယ်ဗျာ……သူရ

ကို့မေဂျာနဲ့ဆိုင်တယ်ဒါပေမဲ့ခုကငယ်တော့မသိသေးဘူး

သိလာမှာပါ လုပ်ငန်းခွင်ထဲရောက်ရင်

အသိပညာ တိုးပွားပါတယ်ဗျာ့