စဥ်းစားပါ

in #nature3 years ago

သူကသူ့ဦးတည်ချက်နဲ့ သူ့ဘာသာထင်ရာစိုင်းမယ် ၊ ကိုယ္က ကိုယ့်ဦးတည်ချက်နဲ့ ကိုယ်ဘာသာထင်ရာစိုင်းမယ်ဆိုရင် ကိုယ်တွေနှစ်ဦးဟာ ဘဝအဖော်မွန်တွေ မဟုတ်ကြပါဘူး။ မဖြစ်လို့သာ ပေါင်းနေရတဲ့ အိမ်ထောင်ရေးထဲက လူစိမ်းနှစ်ယောက် တမိုးအောက် အတူနေ (တခါတလေခွဲနေ)တာမျိုး ဖြစ်လာနိုင်ပါတယ်။ သူ့ကိုမမြင်ရလေ ၊ သူ့အနားမရှိလေ ပိုလွတ်လပ်လေလို့ ထင်လာပြီဆိုကတည်းက ဒီအိမ်ထောင်ရေးဟာ ပျော်စရာမကောင်းလို့ပဲ။ တနည်းအားဖြင့် ဒီအိမ်ထောင်ရေးမှာ ကိုယ်မပျော်ရွှင်နိုင်လို့ပဲဖြစ်ပါတယ်။