မတိ

in #new6 years ago

ချစ်သော မတင်ညွှန့် ( ၂ )
®®®®®®®®®®®®®®®®®®®

ဘဝ ဆိုတာ အချစ်တစ်ခုတည်းနဲ့ ရပ်တည်လို့ မရဘူးဆိုတာ မတင်ညွှန့် မသိသေးလို့ပါ။ဖြူစင်စွာ ခင်မင်ခြင်းကို အချစ်လို့ တံဆိပ်မကပ်လိုက်ပါနဲ့ မတင်ညွှန့်။ကျွန်တော့်ရဲ့ လိုက်လျောညီထွေ ဆက်ဆံမှုဟာ မတင်ညွှန့် မျှော်လင့်ချက်ကို ရှင်သန်စေခဲ့တယ်ဆိုရင် ကျွန်တော် တောင်းပန်ပါတယ်။ကိုယ် က ပျော်ရွှင်စေချင်ယုံ ပွင့်ဝေခဲ့တဲ့ မတင်ညွှန့် ရဲ့ အခိုက်အတန့် ဂျိုကာ ပါ။
image
မချစ်ဘူးလို့ဆိုလိုက်တာနဲ့ အမုန်းလို့တော့ ခပ်လွယ်လွယ် တံဆိပ် မကပ်လိုက်ပါနဲ့။ချင်ခြင်းရဲ့ တစ်ခြားမှာ အမုန်းဆိုတာ ရှိပေမယ့် ကျွန်တော်ဟာ မတင်ညွှန့် အတွက်တော့ အချစ်နဲ့ အမုန်းကြားက သံယောဇဉ် နယ်နိမိတ်မှာနေထိုင်ရင်း ရိုးသားစွာ ခင်မင်နေပါသေးတယ်။ခပ်လွယ်လွယ် မချစ်တက်လို့ ခပ်လွယ်လွယ် မမုန်းနိုင်ပါဘူး မတင်ညွှန့်။

ကိုယ်ပုံတွေကို အတျဲပုံတွေ အရင်လို ပေးပါ။ဝမ်းနည်းစရာတွေမှာ ပုံမှန်တိုင်း sad ပါ။ဟာသတွေကို အရင်လို haha တွေပေးပြီး ပေါ့ပါးစွာရီပါ။ဒါပေမယ့် Cb ကိုတော့ မလာပါနဲ့တော့။ချစ်ရသူကို ပိုင်ဆိုင်ဖို့ဆိုတာ လွယ်ပါတယ်။စွန့်လွှတ်ပစ်ဖို့က အတော်ခက်ခဲပါတယ် မတင်ညွှန့်။

အဖြူရောင် မေတ္တာတရားတွေကို မတင်ညွှန့် အတွေးနဲ့ ပန်းရောင်ခြယ်ပြီး ချစ်ခြင်းတရားလို့ တံဆိပ် မကပ်လိုက်ပါနဲ့။နောင်တစ်ချိန်မှာ မတင်ညွှန့်ဘဝရဲ့ ခွန်အားဖြစ်စေမယ့် ချစ်ခြင်းတရားကို ကျွန်တော် ကြည်ကြည်ဖြူဖြူ ပေးအပ်မှာပါ။

မတင်ညွှန့်ရယ် ဘဝဆိုတာ သိပ်တိုပါတယ်။ကျွန်တော်ဟာ မတင်ညွှန့် အတွက် တစ်ကိုယ်ရေ အိုအေစစ်လေး ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် မမြဲခြင်းတရားတွေကြောင့် ကျွန်တော်ပျောက်ကွယ်သွားတဲ့ အခါ မတင်ညွှန့် နေနိုင်ပါ့မလား။ရေနစ်သူ တစ်ယောက်က မျှော်လင့်ချက်အတွက် ကောက်ရိုးကို ဆွဲကိုင်ထားသလို မတင်ညွှန့်က ကျွန်တော့်ကို မျှော်လင့်ချက်နဲ့ မျှားပြီး ဆုပ်ကိုင်ထားဖို့ ကြိုးစားနေတယ်ဆိုတာ သိပါတယ်။
image
အချစ်ဆိုတာ အချိန်အခါမရွေးပေါက်ဖွားနိုင်ပါတယ်။တစ်ကယ်ဆို ချစ်ခြင်းတရားရဲ့ ပူလောင်မှုတွေအစား အေးမြတဲ့ မေတ္တာတရားကိုသာ မတင်ညွှန့် အတွက်ပေးချင်ခဲ့တာပါ။ကျွန်တော့်ရဲ့ ပေါ့ပါးပျော်ရွှင်ခြင်းတွေက မတင်ညွှန့် အတွက် အိပ်ပျော်ခြင်းတွေ ဖြစ်စေခဲ့တယ်။ကျွန်တော့် အပြုံးတွေက မတင်ညွှန့် ရဲ့ အိမ်မက်တွေ ဖြစ်သွားပြီး ကျွန်တော့် အသံက မတင်ညွှန့်ကို ပျော်ရွှင်စွာ နိုးထ စေခဲ့ပါတယ်။ဒါပေမယ့် ကျွန်တော့်ခင်မင်မှုဟာ အဖြူရောင် သံယောဇဉ်ထက်မပိုပေမယ့် မတင်ညွှန့် ဘာသာပြန်လိုက်တော့ အချစ် ဖြစ်သွားတယ်။ကျွန်တော့် နှလုံးသားကို လိုသလို ဘာသာပြန်ခွင့် မရှိဘူး မတင်ညွှန့်။

ကျွန်တော်က မတင်ညွှန့်ဆီက မေတ္တာတရားကိုပဲ လိုချင်ပြီး မတင်ညွှန့်ကတော့ ကျွန်တော့ဆီက ချစ်ခြင်းတရားကို လိုချင်နေတယ်။ကျွန်တော်လို အသက်၃၀ အရွယ် ကလေးလေး တစ်ယောက်ဆီက မတင်ညွှန့်ရလိုက်တာ အလွမ်းတွေဆိုရင် ကျွန်တော့်ကို နားလည်ပေးပါ။လွတ်လပ်တဲ့ ကလေး ဘဝကို အချစ်မပါပဲ ဖြတ်သန်းချင်လို့ပါ။
image
တစ်ချိန်က မတင်ညွှန့် ရဲ့
အသက်၃၀ အရွယ် ကလေးလေး
အူးညို

#Oo_Nyo