1 2 3 ဓာတ်ပုံရိုက်မယ်

in #photography4 years ago

မင်္ဂလာပါ
ဟိုတစ်နေ့က တောတွင်း တောင်တတ် ခရီးထွက်ရခြင်း
ရည်ရွယ်ချက်က တောတောင် သဘာဝ အလှတရားတွေကို
ဓာတ်ပုံ ရိုက်ယူဖို့ ပါပဲ။
သို့သော် အပေါင်းအသင်း နဲ့ဆို ကျုပ်တို့ ယောက်ျားသား
တွေက ပျော်စေပျက်စေ သောက်တတ်စားတတ်ကြလေ့
ရှိကြပါတယ်။
ဒါကြောင့်လည်း မနေ့က တင်တဲ့ ပို့စ်မှာ အပျော်အပျက်
သောက်စားခဲ့ကြတာကို ရေးတင်ခဲ့မိပါတယ်။
အတူ သွားခဲ့ကြတဲ့ မိတ်ဆွေသုံးဦး MSC တည်ထောင်မှ
စတင် သိကျွမ်းလာခဲ့ကြတဲ့ online မိတ်ဆွေတွေပါ။
ဒီလို ဆိုပြန်တော့ တစ်ချိန်က အဖွဲ့လိုက် လူဦးရေ ဆယ်ချီပြီး
တွေ့ဆုံ ပျော်ပါးခဲ့ဖူးကြတာကို ပြန်လည် သတိရမိပါရဲ့။
လူ ဆယ်ချီပြီး စုဝေး တွေ့ဆုံနိုင်ဖို့က ဘယ်တော့များမှ
ပြန်ဖြစ်နိုင်မလဲ မသိရပါ။ အရင် လူတွေကလည်း
ပျောက်ကွယ်နေကြတာကိုးဗျာ။

ကဲ ဒီးဒုတ် ရေတံခွန်တောင် တတ်ပြီး ရေစိမ်ခဲ့ကြတာ
ဆက်ပါဦးမယ်လေ။

ကျွန်တော့် ရည်ရွယ်ချက် ဓာတ်ပုံ ရိုက်ယူဖို့ပဲ ဆိုတော့
တောထဲ စတတ်ပြီ ဆိုတာနဲ့ ဖုန်းကို ထုတ်ကာ စတင်
ရိုက်ယူတော့ပါပဲ။
v73a2h.jpg
ဒါကတော့ @thatkozaw ကသက်ကြီး တောင်တတ်
လာရာမှ ဓာတ်ပုံ ရိုက်မယ် ဆိုတော့ ပဲပေးတဲ့ ပို့စ် လေးပါ။
နေပူထဲ ကတုံးကြီးနဲ့ ကသက်ဟာ တရုတ်ပေါက်ဖော်ကြီး
ကြလို့ ဂိုက်ပေးကြမ်းချက်ဗျာ။
37yvry.jpg
ဒီပုံကတော့ @caesarsupaimin ရဲ့ အမှတ်တရ
ပို့စ်ပေါ့။ နောက်က ကောင်မလေးက သူငယ်ချင်းလေးပါတဲ့။
'သူငယ်ချင်းလေးပါတဲ့ 🎶 သူငယ်ချင်းလေးပါတဲ့ 🎶 အကြိမ်ကြိမ်အခါခါ ပြောပါတယ် 🎶ချစ်ရသူရယ်' ဟု
စိုင်းစိုင်း ဆိုသလိုသာပေါ့။
ကဲ ထားပါတော့ သူငယ်ချင်း ဆိုတော့လည်း သူငယ်ချင်းပဲပေါ့။

ထိုနောက်တော့ 🗻တောင်ပေါ်ကို ဆက်တတ်ခဲ့ကြပါတယ်ဗျာ။

@golden.future

Sort:  

ဝိုး ရှူခင်းက မိုက်ချက်။ မလိုက်ရတာ ရင်နာတယ်😣

Natural စစ်စစ်တွေနော်