မွေးရပ်မြေက လွမ်းစေတီ

in #photography4 years ago

မင်္ဂလာပါ မိတ်ဆွေတို့ရေ

ဒီနေ့တော့ ဒီးဒုတ်ရေတံခွန်တောင် သွားခဲ့တုန်းက သဘာဝ
တောတောင် ပုံလေးတွေကို ခဏထားပြီး ဟိုတစ်နေ့က
မွေးရပ်မြေ ပြန်ခဲ့ရာမှ အမှတ်တရ ရိုက်ယူခဲ့သော ပုံလေး
တစ်ပုံကို တင်ပါရစေဦးဗျာ။
k127e3.jpg
ဒီပုံလေးကတော့ လွမ်းစေတီ ပုံလေးပါ။
ဒီလွမ်းစေတီလေးက တည်ထားတာ မကြာသေးပါဘူး။
လွန်ခဲ့သော တစ်နှစ်ကျော်က ရွာဝင် တိုက်သစ်ကျောင်း
ဆရာတော်ကြီး ဦးဩဘာသ သက်တော် ၉၆ နှစ်မှာ
ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပါတယ်။ သက်တော်ရှည်
ဆရာတော်ဘုရားကြီး၏ အဂ္ဂိမဈာပနကို တစ်နှစ်ပြည့်မှာ
ကျင်းပခဲ့ကြပြီး အရိုးပြာအိုးကို ယခု လွမ်းစေတီ
တည်ထားကာ မြှုပ်နှံခဲ့ကြတာပါ။

ဒီလွမ်းစေတီလေးက ကျွန်တော်၏ မိဘများ နေထိုင်ရာ
အိမ်ခြံဝင်းရဲ့ အနောက်ဘက်မှာ တည်ရှိတာပါ။ ဒါကြောင့်
သာပဲ ကျွန်တော်လည်း ခြံပြင်ထွက်ပြီး ခုပုံလေးကို
အမှတ်တရ ရိုက်ကူးခဲ့တာပေါ့။

@golden.future