The Smooth Cliff ကျောက်နံရံစောက်

in #photography4 years ago

မင်္ဂလာပါ မိတ်ဆွေတို့ရေ

ဒီနေ့ လွန်ခဲ့သော သုံးနှစ်လောက် ကတည်းက ခဏခဏ
မြင်ဖူးပြီး စိတ်ထဲမှာ အတွေးတစ်စ ကျန်ရှိနေခဲ့သော အရာ
တစ်ခုကို ပြချင်ပါတယ်။
၎င်းမှာ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ကျောက်ချောရွာ
မှ ရဲရွာ ရေအားလျပ်စစ် သို့ သွားရာလမ်း ဘေးနားမှာ
တည်ရှိပါတယ်။

၎င်းညီညာသောကျောက်နံရံစောက်ကမ်းပါးကြီးသည်
လမ်းတစ်ခု သဖွယ် ဖောက်လုပ်ထားခဲ့သည် ထင်ပါတယ်။
အဘယ်ကြောင့်ဆိုသော် တောင်ကုန်းပေါ်၌ လျပ်စစ်မီး
သွယ်တန်းသော တာဝါတိုင်များ ရှိနေသည် ဖြစ်၍
ထိုအရာများ တည်ဆောက်စဉ်က ပစ္စည်းများ သယ်ဆောင်
ရ လွယ်ကူရန် ညီညာစွာ တူးဖော်ထားခြင်း ဖြစ်မည်လောဟု
တွေးမြင်ကြည့်ရပါတယ်။

သို့ပေသော်ငြား ၎င်း ကျောက်နံရံစောက် သည်ကား
မတ်စောက်လွန်းလှသည် ဖြစ်၍ လူတို့ ယာဉ်တို့
တတ်နိုင်မည် မထင်ရပါ။ ပစ္စည်းများကို စက်သီး ကြိုးများ
တပ်ဆင်၍သာ ဆွဲမတင်ကြခြင်း ဖြစ်နိုင်ပေမည်။

ဤသည်ကား ၎င်း ကျောက်နံရံစောက်ကြီး နှင့် ပတ်သက်၍
ကွိန်တော်၏ အတွေးအမြင်သာ ဖြစ်ပေသည်။
မည်သူကိုမျှ မေးမြန်းဆွေးနွေး အဖြေရှာထားခြင်း
မဟုတ်မူ၍ မှားယွင်းနိုင်ပေသည်။
zembm1.jpg
၎င်းကျောက်နံရံစောက်ကြီးကို မြင်ဖူးခဲ့သည် ကြာခဲ့သော်လည်း
ဟိုတစ်နေ့က ဒီးဒုတ်ရေတံခွန်တောင် တတ်ခဲ့ရာမှ ပြန်လာ
ခဲ့ချိန်တွင် အမှတ်တရ ဓာတ်ပုံ ရိုက်ယူဖြစ်ခဲ့ပေတော့သည်တကား။

မိတ်ဆွေတို့ရော ဘယ်လို မြင်ကြပါလဲ။

@golden.future

Sort:  

ကျွန်တော့်အထင် တော့ အသုံးပြုဖို့ရှိလို့ တမင်လုပ်ထားတာပဲ။
ဘာတွက်လဲတော့ သိဘူး😁

ဟုတ်ပါပေ့ကွာ

Yay!
Your post has been boosted with ESTM. Keep up the good work!
Dear reader, Install Android: https://android.esteem.app, iOS: https://ios.esteem.app mobile app or desktop app for Windows, Mac, Linux: https://desktop.esteem.app
Learn more: https://esteem.app
Join our discord: https://discord.me/esteem