♣က​ဝေပျိုမြူးတဲ့ ည နှင့်​ စည်းခြင်းထိုး မှားတဲ့ နက္ခတ်​♣ ⚠..pa~2..⚠

in #photography6 years ago (edited)

♣က​ဝေပျိုမြူးတဲ့ ည နှင့်​ စည်းခြင်းထိုး မှားတဲ့ နက္ခတ်​♣

                               ⚠..pa~2..⚠

image

🎵🎹🎵🎵
အောက်​ထပ်​ရဲ့ ဧည်​ခန်း​ဘေး​တောင့်​မှာတည်​ရှိ​နေသည်​ စမ်းတယား ကို ကြယ်​စင်
တိတ်​ဆိတ်​စွာ တီးခက်​​နေရင်း....။

ညမ​လေး...မအိပ်​​သေးဘူးလား...။

အ​ပေါ်က​နေ ညဝတ်​အင်္ကျီအ​ပေါ်ဖြူ​အောက်​ဖြူ​လေးကို ဝတ်​ထားတဲ့ လင်းလက်
အောက်​ဆင်းလာရင်း ကြယ်​စင်​ကို​မေးလိုချင်းပင်​...။

ဟင့်​အင်း...
🎵🎹🎵
ကြယ်​စင်​ သူ့ စမ်းတယားဘဲ တီးခက်​​နေ...။

ထို စမ်းတယား​ဘေးကို လင်းလက်​​ကျော​ပေးမှီရင်း...

ကြိုက်​လို့လား...။

ဟင်​? !

စမ်းတယား တီးရတာကို​လေ...။

အင်း..အရမ်းကြိုက်​တာ....။

ကြယ်​စင်​ လင်းလက်​ မင်းတို့မအိပ်​​သေးဘူး ဘာလုပ်​​နေကြတာလဲ...။

အောက်​ထပ်​ရဲ့ညာဘက်​အခန်းထဲမှာ့ ထွက်​လာတဲ့ ​မေသူ..လင်းလက်​ ကြယ်​စင်​တို့ရဲ့ အ​ဒေါ်..။

(ကြယ်​စင်​)
ဒေါ်​လေး...။ကြယ်​စင်​ စမ်းတယားတီး​နေလို့အ​နှောက်​ယှတ်​ဖြစ်​သွားလားဟင်​..။

မသိဘူးလား..အခုဘယ်​အချိန်​ရှိပြီလဲ သွားမအိပ်​ကြဘဲ...။

ဒေါ်​လေး...။ညမ​လေးကို အဲ့လို​လေသံမှာနဲ့​ပြောမို့လိုလို့လား...။နောက်​ ညမ​လေး
ကိုအဲ့လိုမ​ပြောပါနဲ့..။

ဘာ..​အောင်​မား..မင်းက...!

ညမ​လေး..လာ သွားအိပ်​ရ​အောင်​...။

"​ဒေါ်​မေသူ စိတ်​ဆိုး​နေသည်​ကိုဂရုမဆိုက်​ သူ့ညီမ​လေးဘက်​သာစကားလှည့်​​ပြောလိုက်​သည်​..''

ဟင့်​အင်း...ကြယ်​စင်​..​မေ​မေနဲ့​ဖေ​ဖေကို ​စောင့်​ချင်​​သေးတယ်​...။

ကြယ်​စင်​..​မေ​မေနဲ့​ဖေ​ဖေက ဘယ်​အချိန်​ပြန်​​ရောက်​မလဲ မသိ..မနတ်​ကြမှာ့ ​တွေ့လဲရတာဘဲ...။

ဟင့်​အင်း..မရဘူး...ကြယ်​စင်​​စောင့်​မှာ...။

ဟဲ့..မိကြယ်​စင်​..။

ဒေါ်​လေး ​နောက်​တစ်​ခါအဲ့လို​ခေါ်ရင်​ ​ဖေ​ဖေနဲ့တိုင်​​ပြောမှာ​နော်​...။

ဘာ..မင်းကများ..ငါလုပ်​လိုက်​ရ..။

အနားကိုတိုးလာပြီ ​မေသူ လက်​ရွယ်​လိုက်​တာ​ကြောင့်​ မျတ်​လုံးပြူး​လေးနဲ့ ကြယ်​စင်​ ကိုကိုရဲ့ခါးကို ဖတ်​ထားမိတယ်​...။

ရိုတ်​​လေ...ကျွန်​​နော်​မှာ ပါးစပ်​ပါတယ်​..​မေ​မေနဲ့​ဖေ​ဖေလာရင်​..ပြန်​​ပြောမှာ...။

ဟွန့်​..ငါမရိုက်​တာ နင့်​အ​မေနဲ့အ​ဖေကို​ကြောက်​လို့မဟုက်​ဘူး...အချိန်​မတန်​​သေးလို့
အိပ်​ချင်​အိပ်​ မအိပ်​ချင်​ တစ်​ညလုံး ဒီမှာ​နေကြ...။

"သူ​ပြောချင်​တာ​ပြောပြီ ​မေသူ..သူ့အခန်းကိုပြန်​ဝင်​သွားသည်​''

မ​ကြောက်​နဲ့ညီမ​လေး...။

image

ကိုကို..​ဒေါ်​လေးက ဘာလို့ ကြယ်​စင်​တို့ကိုမုန်းတာလဲ...။

သူမုန်းလဲ စိတ်​ထဲမထားနဲ့ သူနဲ့ကင်းကင်း​နော်​...။

ဂျိမ်း.......ဖလျပ်​....... ။
"ရုတ်​တရက်​ အပြင်​မှာ မိုးရွာမို့အတွက်​ ရှပ်​စီး​တွေ တဖျတ်​ဖျတ်​လပ်​​နေပါ​ရော''

ညမ​လေး..အိပ်​မ​ပျော်​ရင်​ ကိုကိုနဲ့အသူအိပ်​​လေ...။

ဟုက်​ကဲ့..။

ခလပ်​...။
ကြယ်​စင်​နဲ့လင်းလက်​အ​ပေါ်တတ်​မယ်​လုပ်​​တော့ ပိတ်​ထားတဲ့တံခါးမကြီးက ပွင့်​လာခဲ့တယ်​.."

မေ​မေ..​ဖေ​ဖေ ပြန်​လာပြီလား...။
ဖေ​ဖေနဲ့​မေ​မေကို​တွေ့​တော့ ဝမ်းသာအားရ ​ပြေးဖတ်​လိုက်​တဲ့ ကြယ်​စင်​...။
ဟင်​..အပြင်​မှာ မိုး​တွေရွာ​နေတာဘဲ...။
မေ​မေ ​ဖေ​ဖေ တို့ကို ၁ရက်​ထဲမ​တွေ့တာ ကြယ်​စင်​အရမ်းသတိရတာဘဲ...။

လင်းလက်​ ဒီအချိန်​ထိ ဘာလို့ မအိပ်​ကြ​သေးတာလဲ..ဘယ်​အချိန်​ရှိပြီလဲ...

၁၁နာရီပါ..​ဖေ​ဖေ..ညီမ​လေး မအိပ်​ချင်​​သေးဘူးဆိုလို့..သားအခုဘဲအ​ပေါ်သွားမို့
ဖေ​ဖေတို့ပြန်​လာတာအ​တော်​ဘဲ ဖြစ်​သွးတယ်​...။

ဖေ​ဖေနဲ့​မေ​မေ အိမ်​ထဲမဝင်​ဘဲ အ​ပေါက်​ဝကြီးမှာ ဘာလို့ရပ်​​နေတာလဲ..။

အော်​..ဟုက်​သားဘဲ...
သမီး​ရော..ဝင်​ခဲ့...။
"ဦးမိုးကို အပြင်​က ကားရပ်​ထားတဲ့​နေရာကိုလှမ်းကြည့်​ပြီး ​ခေါ်လိုက်​ချင်း''

ဝင်​လာတဲ့ ​ကောင်းမ​လေးက ကြယ်​စင်​နဲ့အသက်​သိပ်​မကွာ​လောက်​ဘူး..
မိုးမိထားကို ကြွက်​စုတ်​ဖြစ်​​နေ၏...အသား​တွေကလဲ တစ်​ဆက်​ဆက်​တုန်​​နေတာ အရမ်း​အေးပုံရသည်​. .။
image
(ကြယ်​စင်​)
သူက....။

(​ဖေ​ဖေ)
သူက ​နောက်​ဆို ဒီမှာ​နေလိပ့်​မယ်​...။

(လင်းလက်​)
ဘယ်​လို....။

(​ဖေ​ဖေ)
ဖေ​ဖေတို့ အပြန်​လမ်းမှာ မိုးသဲ​နေ​တော့ ကားစက်​စီးဒန့်​ ဖြစ်​သွားတယ်​..သူက
ဖေ​ဖေတို့ကားနဲ့တိုက်​မိတဲ့လူရဲ့သမီး.....။

(ကြယ်​စင်​)
ဒါဆို သူ့အ​ဖေ​ရော ​ဖေ​ဖေ...။

သူ့ကို​ဆေးရုံအမှီတင်​နိုင်​​ပေ့မဲ့ တစ်​နာရီမကြာဘူး ဆုံးသွားပြီး..ဒါ​ကြောင့်​မို့ သူ့ရဲ့
အရာရာအစစ ​ဖေ​ဖေတို့က တာဝန်​ယူရလိုက်​မယ်​..။

(​မေ​မေ)
ရှင်းသန့်​ လာသမီး ဒီနားကို...။
မေနှင်းဆီ ထိုမိန်းခ​လေးရဲ့ပုခုံးကိုဆွဲဖတ်​ရင်းအနား​ခေါ်လိုက်​ခြင်း​ကြောင့်​..
ကြယ်​စင်​ အနည်းငယ်​ မျတ်​နှာ​လေးငယ်​သွားတယ်​...။

(​မေနှင်းဆီ)
သမီး..သူတို့က အန်​တီသမီးနဲ့သား..သူက ခွမ်း​တောက်​လင်းလက်​..သူက
ခွမ်း​တောက်​ကြယ်​စင်​... ။
လင်းလက်​ ကြယ်​စင်​..သူက ရှင်းသန့်​ဖြူစင်​တဲ့....။

(လင်းလက်​က​တော့ ပြုံးပြလိုက်​၏...ကြယ်​စင်​​လေးက​တော့..သူမကိုမြင်​ထဲက ကြည့်​မရဘူး..)
image
(​ဖေ​ဖေ)
ကဲ ဒီ​နေ့​တော့...ကြယ်​စင်​ သမီးရဲ့အခန်းကို ရှင်းသန့်​ကို ခန​ပေးလိုက်​..
မနတ်​ဖြန်​ ရှင်းသန့်​အတွက်​ အခန်းသစ်​လုပ်​ပြီးရင်​ ပြန်​ယူ..သမီးက ကိုကိုအခန်းမှာအိပ်​ ဟုက်​ပြီလား..။

ဟင့်​အင်း..မရဘား..ကြယ်​စင်​ရဲ့အခန်းကို ဘာလို့သူ့​ပေးရမှာလဲ..ခနလဲ မရဘူး

(​မေနှင်းဆီ)
ကြယ်​စင်​..ဘယ်​လို​ပြောလိုက်​တာလဲ..သူ့ကို မင်းအမဘဲမှတ်​​လေ...။

ဟင့်​အင်း မရဘူး..မကြိုက်​ဘူး..ကြယ်​စက်​သူ့ကိုမကြိုက်​ဘူး..
ထွက်​သွား ငါ့​မေ​မေ​ဘေးက...။
ကြယ်​စင်​ ​ပြောဆိုရင်း ရှင်းသန့်​ကို တွန်းဖယ်​ထုပ်​လိုက်​တာ..ရှင်းသန့်​ ဖင်​ထိုင်​ရက်​​လေး လှဲကျသွားတယ်​...

(​ဖေ​ဖေ)
ဟယ်​..ကြယ်​စင်​..ဘယ်​ဘိုလုပ်​လိုက်​တာလဲ...။
ဖေ​ဖေရဲ့​လေသံမှာ​ကြောင့်​...

ဖေ​ဖေ...ညမ​လေးကို မဆူပါနဲ့...ညီမ​ကေ ငယ်​​သေးတဲ့ဟာကို..။
"လင်းလက်​သူ့ညီမ​လေးရဲ့ပုခုံက​နေ ဖတ်​ထားလိုက်​၏ "

တော်​ပြီ...
လင်းလက်​ ကြယ်​စင်​ကို မင်းအခန်းထဲ​ခေါ်သွား...။
မေနှင်း..ရှင်းသန့်​ကို အခန်းထဲလိုက်​ပို့လိုက်​... ။

ဟုက်​ကဲ့..အကို..။

©©©©©©©©©©©©©©©©©
မူတန်​​ရေ...​ဝေ့မူတန်​......

ထူးခန့်​..ငါဒီမှာ ဘာလို့အသဲသန်​ ​အော်​​ခေါ်​နေတာလဲ...။

ဟင်​? !...ငါနင့်​အသံဘဲကြားရတယ်​..နင်​ကဘယ်​မှာလဲ...။

ခီခီ...အ​ပေါ်မှာ နင့်​အ​ပေါ်မှာ...။

ထူးခန့်​ အ​ပေါ်​မေ့ကြည့်​​တော့...။
အမယ်​​ရေး..နင့်​အဲ့​ပေါ် ဘာတတ်​လုပ်​တာလဲ...။

သရက်​ပင်​​ပေါ်တတ်​မှာ့​တော့ သရက်​သီးခူးတာ​ပေါ့လို့...။

ပြန်​ဆင်းစမ်းပါဟာ..ပြုက်​ကျလို့ ကွဲပြဲ​နေအုံးမယ်​..။

ငါပြုက်​ကျရင်​ နင်​ဖမ်းထားလဲ.....။
ပြော..ငါ့ကို​အော်​​ခေါ်ပြီ ဘာလုပ်​မလို့လဲ....။

နင့်​အ​မေ ​ခေါ်​နေတယ်​...

ခန...ငါ သရက်​သီးထက်​ခူးပြီးရင်​ ပြန်​ဆင်းလာမယ်​..။

ခြင်းထဲမှာလဲ အများကြီး ဒီ​လောက်​အများကြီး နင်​ဘာလုပ်​မလို့တုန်း..။

နင့်​​ကျွေးသက်​မို့..​တော်​​တော်​လျှာရှယ်​တယ်​..ပိုင်​ရှင်​ပြန်​မလာခင်​ ခူးရတာကို..

နင်​အမြန်​ဆင်း..

အဲ့ အဲ့တာဘာလုပ်​​နေကြတာလဲ..ငါအပင်​​ပေါ်ကို...။

ဟယ်​..ဖိုးဖိုး..ပြန်​လာပြီ...

တိန်​...
အား..နာတာ...
ထူးခန့်​ ​ခေါင်းကိုလက်​ဖြင့်​ပွက်​ကာ အ​ပေါ်မှာပြာယာခက်​​နေတဲ့ မူတန်​ကို ​မော့ကြည့်​​တော့..။

ထူးခန့်​..တိုးတိုး​နေပါဆို ​အော်​ကျယ်​​အော်​ကျယ်​ ငါးစိမ်းသယ်​လာလုပ်​​နေတာ ငါခိုးခူးတာ လူများသိသွားပြီ...။

ဘုက်​...
မူတန်​ အပင်​တစ်​ဝတ်​​လောက်​​ရောက်​မှာ့ ခုန်းချလိုက်​သည်​..။
ခြင်းကိုင်​ အမြန်​မ​ပြေးဘဲ..နင်​ဘာရပ်​လုပ်​​နေတာလဲ....။

မ​ပြေးဘူး မိပါ​စေ..ငါ့​ခေါင်း​ပေါ် သရက်​သီးပစ်​ချတယ်​....

ပစ်​ချရမလား..ဖိုးဖိုးသံကြားလို့ လက်​​ချောပြီပြုက်​ကျတာကိုး..

နင်​တို့ ၂​ယောက်​မ​ပြေးနဲ့ ငါ့သရက်​ပင်​​ပေါ် တတ်​ပြီးခိုး​နေတာ..သူခိုး​လေး​တွေ..

မူတန်​​ပြေး​တော့...

အ့? !
"ထူးခန့်​ မူတန်​ရဲ့လက်​ကိုဆွဲကာ အသာကုန်​​ပြေး​တော့သည်​''

.................
ဟောဟဲ..​ဟောဟဲ......။
၂​ယောက်​သား ​မောကာ..စကားမ​ပြောနိုင်​ကြ​ပေ...။
နင်​​ပြေးတာ မြန်​လွန်းတယ်​ ပြီး​တော့ သရက်​ခြင်းကြီးမပြီ​တော့...။

ဒါ​ပေါ့..ငါက ​ယောကျာ်း​လေး..ပြီး​တော့ ​ကျောင်းကအ​ပြေးပြိုင်​ပွဲမှာ ပထမဆုရတာ..

"​ပြောသာ​ပြောကြတာ ၂​ယောက်​လုံးက​မေား​နေ​တော့ နားနားပြီး ​ပြော​နေကြ၏''

®®®®®®®®®®®®®®
ကေးဟာ..နင်​ဘာလုပ်​တာလဲ..ငါ့ကိုလွတ်​...။

"​ကေဟာ ဆွဲလာတဲ့လက်​ကို ကြယ်​စင်​ရုန်းရင်း...''

သွား..နင်​အ​မေနဲ့အ​ဖေကို သွား​ပြော..ငါ့နဲ့မ​စေ့စပ်​ချင်​ဘူးလို့...။

"ကြယ်​စင်​ ​ကေဟာကို ကြည့်​ပြီး''

ဘာလို့​ပြောရမှာလဲ မ​ပြောပါဘူး...မိဘစကားမပယ်​ရှား​ကောင်းဘူးတဲ့...။

တော်​​တော်​တတ်​​နေတယ်​​ပေါ့..နင့်​လိုရုပ်​ဆိုးကို ​နောက်​လာမဲ့ ငါ့မိန်းမအဖြစ်​မခံနိုင်​ပါဘူး..။

ကေဟာ))
ငါ ဘယ်​မှာရုပ်​ဆိုးလို့လဲ..။

မဆိုးလဲ..စနိုးလက်​​လောက်​ နင်​လှလို့လား...။

ကေဟာ..ငါ့ကိုသူနဲ့မနိုင်းနဲ့...။

နိုင်း​တော့ ဘာဖြစ်​လဲ..နင်​မကြိုက်​ကိုးနိုင်းတာ...။

ငါနဲ့စနိုး ဒီ​လောက်​​တောင်​ ကွာလာ..နင်​ငါ့ကိုမကြိုက်​ဘူးလား...။

ဟုက်​တယ်​...။

အဲ့ဆို စနိုးငါ့ကိုအနိုင်​ကျင့်​ရင်​ နင်​ဘာလို့ ကာကွယ်​​ပေး​သေးလဲ...။

ငါကာကွယ်​လို့လား..စနိုးအ​ကြောင်းငါသိလို့ သူလက်​လွန်​မှာ​ကြောက်​လို့ ငါသူ့ကိုတားတာ..နင့်​​ကြောင့်​မဟုက်​ပါဘူး...။

အဲ့တာ နင်​​ပြောတာ...ငါ​စေ့စပ်​ပွဲကိုမဖြတ်​နိုင်​ဘူး..ငါလိုရုပ်​ဆိုးကနင်​လိုလူကိုရတာ ကံ​ကောင်းတာဘဲ...ဖြတ်​ခိုင်းရ​အောက်​ ငါကအရူးလား...။

ခွမ်း​တောက်​ကြယ်​စင်​...
အဲ့​ကြောင့်​မို့ ငါနင့်​ကိုကြည့်​မရတာ...။

ငါက​တော့ ကြည့်​ရတယ်​..အမြဲနင့်​ကို နင့်​ကို​တွေ့ချင်​တာ...။

အရူးမ..ငါနင့်​နဲ့စကားမ​ပြောဘူး..နင်​မ​ပြောလဲ ငါဘာတာ ​ပြောမယ်​...။

စိတ်​ဆိုးဆိုးနဲ့ ​ကေးဟာ ကြယ်​စင်​တို့ခြံထဲက​နေ ပြန်​ထွက်​သွားတယ်​...။
ကေးဟာနဲ့ကြယ်​စင်​တို့က အိမ်​ချင်းကပ်​ရက်​မို့..အမြဲမြင်​​တွေ့​နေရပြီ ​ကျောင်းမှာလဲ
ကေးဟာက Aအခန်း ကြယ်​စင်​က B...
စနိုးလက်​နဲ့​ကေးဟာက အတန်းတူ​တွေ မမြဲတစ်​တွဲတွဲနဲ့...

ခြံထဲကျန်​ခဲ့တဲ့ ကြယ်​စင်​ကို အ​နောက်​​နေကြည့်​​နေတဲ့ ရှင်းသန့်​...
စော​စောက သူအကုန်​ကြားအကုန်​မြင်​...။

ကေးဟာဆိုတဲ့သူက တည်​ငြိမ်းလွန်းတယ်​..​စော​စောက ငါကြည့်​​နေတာ..
သူစကား​ပြောတာကအစ ဆွဲ​ဆောင်​မှု့ရှိတယ်​...သူဘာလို့ ခွမ်း​တောက်​ကြယ်​စင်
ကိုငြင်းတာလဲ သူတို့က ​စေ့စပ်​ထားသူ​တွေလား...။
(ရှင်းသန့်​ဖြူစင်​ရဲ့​ခေါင်းထဲအ​တွေး​ဘောင်းဆုံ)

...........
လင်းလက်​..ကြယ်​စင်​..ရှင်းသန့်​..မင်းတို့၃​ယောက်​ ​ကျောင်းကို ​သေချာသွား​နော်​..။

ဟုက်​ကဲ့...။

ရှင်းသန့်​ ဒီ​နေ့​တော့ ဒီအိတ်​နဲ့ဘဲ ​ကျောင်းသွားလိုက်​အုံး..ဖြုန်းစားကြီးဆို​တော့..
ဘာမှာ့မပြင်​ဆင်​ထားဘူး..​နောက်​မှာ့လွယ်​အိတ်​လှလှဝယ်​​ပေးမယ်​​နော်​ သမီး..။

ဟုက်​ကဲ့..အန်​တီ..။

အန်​တီမဟုက်​ဘူး..​နောက်​ဆို ​မေ​မေဘဲ​နော်​...။

ဟုက်​ကဲ့​မေ​မေ...။

ဟွန့်​....
"ကြယ်​စင်​ ရှင်းသန့်​ကို မျတ်​​စောင်း​လေးထိုကာ''

သူတို့ ​ကျောင်းဝ​ရောက်​​တော့..ကိုကိုက အထတ်​တန်းမို့ ကြယ်​စင်​တို့နဲ့မတူ...။

ကဲ..ကြယ်​စင်​ ရှင်းသန့်​ ကိုကိုအထဲအရင်​ဝင်​​တော့မယ်​...။

ည​နေ​ကျောင်းဆင်းရင်​ ကိုကို ကို​စောင့်​​နေကြ​နော်​...။

ဟုက်​ကဲ့..။
ဟုက်​...။

လိမ်​မာတဲ့...
ကိုကိုကြယ်​စင်​ရဲ့​ခေါင်း​လေးကိုပုက်​ပြီ အထဲဝင်​သွား​တော့...
ရှန်းသန့်​နဲ့ကြယ်​စင်​ ၂​ယောက်​သာ...
ကြယ်​စင်​အထဲဝင်​မယ်​ လုပ်​​တော့...။

ကြယ်​စင်​....။
"ရှင်းသန့်​​ခေါ်လိုက်​တာ​ကြောင့်​ ကြယ်​စင်​လှည့်​ကြည့်​လိုက်​သည်​''

ငါ..ဒီအိတ်​ကြီးနဲ့အထဲမဝင်​ချင်​ဘူး...။

မျတ်​နှာငယ်​​လေးနဲ့ ​ပြောလာတဲ့ ရှင်းသန့်​...။

ငါနဲ့အိတ်​ချင်းလဲ​ပေးလို့ရမလားဟင်​...။

ဟမ်း? !

တဂယ်​​တော့..ငါ​ကြောက်​တယ်​ ​ကျောင်းသားအသစ်​ဆိုပြီအနိုင်​ကျင့်​မှာ..ပြီး​တော့..ဒီ
ဟောင်းနွမ်းတဲ့ အိတ်​ကြီးနဲ့...ငါအရမ်း​ကြောက်​တယ်​....။

ရှင်းသန့်​ရဲ့မျတ်​နှာကြည့်​ပြီး ကြယ်​စင်​တ​ဖြေး​ဖြေးသနားလာမိတယ်​...။

ပြီး​ရော​လေ...အဲ့ဆိုငါ့အိတ်​ယူ..ငိါတို့က အတန်းအတူတူဘဲ...။
ငါကစ္စမရှိဘူး...။

တဂယ်​ရလားဟင်​...။

အင်း...။

(ကြယ်​စင်​ရဲ့လွယ်​အိတ်​ကိုရှင်းသန့်​ကို​ပေးပြီ ရှင်းသန့်​ရဲ့အိတ်​ကို ကြယ်​စင်​ယူလိုက်​တယ်​)
image
.................
ကျောင်းထဲ ​ရောက်​​တော့..သူတို့၂​ယောက်​ကိုအတန်း​ဖော်​​တွေက ဝိုင်းကြည့်​..။
ရှင်းသန့်​က​တော့ ပြုံးပြုံးဘဲ...။

ဟဲ့ နင်​က ​ကျောင်းသားသစ်​လား...။

အင်း..ငါနာမည်​က ရှင်းသန့်​ဖြူစင်​...။

ရှင်းသန့်​ဖြူစင်​...ဝါး ဒီနာမည်​က အရမ်းလှတာဘဲ နင်​နဲ့လဲ လိုက်​ဖတ်​တယ်
ဖြူစင်​ပြီလှတယ်​..ပြီး​တော့ နင်​က သန့်​သန့်​က​လေး...
ဝါး..နင့်​အိတ်​ကအရမ်းလှတာဘဲ...။

ဟို​နေ့က ငါ ပလာဇာမှာ​တွေ့တယ်​ အဲ့လိုအိတ်​မျိုး အရမ်း​ဈေးကြီးတာ...။

ဟာ..ဒါဆို..ရှင်းသန့်​ရဲ့မိဘ​တွေက ချမ်းသာတာ​ပေါ့...။

အင်း..ငါ့​မေ​မေနဲ့​ဖေ​ဖေက ကုန်​မ္မဏီ ပိုင်​ရှင်​ ငါနဲ့ငါ့အကို ၂​ယောက်​ထဲ ငါ့​မေ​မေ​မွေးထားတာ...။

ကြယ်​စင်​ရဲ့အကြည့်​က ရှင်းသန့်​ဆီ...သူဘာလို့ ကြယ့စင်​​နေရာယူတာလဲ...
သူက ​မေ​မေသမီးအရင်းမှာ့မဟုက်​တာ..ကြယ်​စင်​က ​မေ​မေ့သမီးဟာကို...။

ရှင်းသန့်​...!
"ကြယ်​စင်​ခုံမှာထရပ်​ပြီ ရှင်းသန့်​ကို စကားစလိုက်​၏''

နင်​ဘာလို့ မဟုက်​တာ​တွေ...!

ကြယ်​စင်​...
သူက ငါ့ညီမ..ငါ့​မေ​မေ​မွေးစားသမီး..ခွမ်း​တောက်​ကြယ်​စင်​..
ဟုက်​တယ်​မလား ကြယ်​စင်​..။

တစ်​ခြားလူ​တွေက နှခမ်း​လေးကကိုက်​ထားတဲ့ကြယ်​စင်​ကိုကြည့်​ပြီး..အိတ်​ကို တစ်​ချတ်​ကြည့်​​တော့...။

အော်​..လက်​စတတ်​​တော့ နင်​က လင်းလက်​ရဲ့​မွေးစားညီမကို..အဲ့​ကြောင့်​မို့ နင်​နဲ့ရှင်းသန့်​မတူတာ..နင့်​အိက်​ကအစ...။

ဘာ...!
ရှင်းသန့်​..နင်​ ငါ့အိတ်​ပြန်း​ပေး..။
"ရှင့်​သန့်​ရဲ့စာပွဲခုံ​ပေါ်ကအိတ်​ကိုစက်​ခနဲယူလိုက်​၏''
ကြယ်​စင်​..နင်​ဘာလို့ မမကို စိတ်​ဆိုးတာလဲ...နင်​လိုချင်​ယူသွားပါ....။

ရှင်းသန့်​ကနာမည်​လိုက်​​အောင်​ ဖြူစင်​လိုက်​တာ...
ကြယ်​စင်​ နင်​နဲ့တစ်​ခြား..? !

အာာ....

ဟမ်​....? !

"ကြယ်​စင်​ သူ့ကိုအပြစ်​​ပြော​နေတဲ့ ​ကောင်​မ​လေးကို သွန်းတာ ထို​ကောင်​မ​လေး
အောက်​ကိုဖင်​ထိုင်​ရက်​ လှဲသွားသည်​''

..........................
ဘာဖြစ်​လို့လဲ..ဆရာမ...။

လင်းလက်​..မင်းညီမက အတန်း​ဖော်​ကို အနိုင်​ကျင့်​လို့ မင်းကို​ခေါ်ရတာ...

ဘယ်​လို ညီမ​လေးကလား...မဖြစ်​နိုင်​တာ...။

မယုံရင်​ နင်​ကြည့်​​လေ...

ဆရာမပြတဲ့​နေရာကြည့်​​တော့..လက်​မှာ အနည်းငယ်​ထိထားတဲ့ဒဏ်​ရာနဲ့ က​လေးမ​လေးရယ်​..ညီမ​လေးရယ်​...။

ကြယ်​စင်​..တဂယ်​နင်​လုပ်​တာလား....။

သူကြယ်​စင်​ကို မဟုက်​တာ​ပြောတယ်​...

သူက ဘာ​ပြောလို့..။

ကြယ်​စင်​ကို ကိုကိုနဲ့​မွေးစားညီမ ​မေ​မေ ​ဖေ​ဖေရဲ့​မွေးစားသမီးတဲ့...။

ဘာ....။
ဒီကညီမ​လေးက ဘာလို့အဲ့လို​ပြောတာလဲ...။ကြယ်​စင်​ကအကို့ရဲ့ညီမအရင်း တစ်​ဗိုက်​ထဲက ထွက်​လာတာ..။

ဟို..ညီမ​ပြောတာမဟုက်​ဘူး..ရှင်းသန့်​ဖြူစင်​​ပြောလို့ လို့လိုက်​​ပြောတာပါ..။

ရှင်းသန့်​ဖြူစင်​.. !

ဟုက်​...သူ​ပြောတာ...။

တောင်​ပန်​ပါတယ်​ ဆရာမ..ညီမ​လေးအစား လင်း​တောင်းပန်​ပါတယ်​...။
နောက်​မဖြစ်​​စေကပါဘူး ..။

အွန်း..ပြီတာဘဲ..​ခေါ်သွားလို့ရပြီ ​နောက်​ထပ်​ဖြစ်​ရင်​ ​ကျောင်းအုပ်​ကြီးဆီအပ်​မှာ..

ဟုက်​ကဲ့..။

လင်းလက်​ ကြယ်​စင်​ကို​ခေါ်ကာ...ရုံးခန်းထဲက ထွက်​လာခဲ့တယ်​....''
"ည​နေ​ကျောင်းဆင်း​တော့...လင်းလက်​ကိုယ်​တိုင်​ ညီမ​လေးနဲ့အတူရှိ​နေ..."

...........................
ရှင်းသန့်​ဖြူစင်​...
"အိမ်​​ရောက်​​တော့ လင်းလက်​ ရှင်းသနမ့ရဲ့နာမည်​အပြည့်​ဆုံကို​ခေါ်လိုက်​သည်​''

ကျောင်းမှာ နင်​ဘာလို့ မဟုက်​တာ​ပြောတာလဲ...။

ရှင်းသန့်​ ဘာ​ပြောလို့...။

နင်​ဘာ​ပြောလဲ နင်​သိမှာ​ပေါ့..​နောက်​တစ်​ခါ ​ကျောင်းမှာအဲ့လို​ပြောကြည့်​..
နင့်​ကို​မောင်းထုက်​မယ်​..ငါ့ညီမ​နေရာ ဘယ်​သူမှာ့မရဘူး....။

ဟဲ့ လင်းလက်​ ညီမ​လေးကို ဘယ်​လို​ပြောလိုက်​တာလဲ...။

မေ​မေကမြင်​​တော့ လက်းလက်​ကို အပြစ်​တင်​​တော့တာ​ပေါ့....။

သူဘာလုပ်​လဲ ​မေ​မေ မသိလို့...။

"​ပြောပြီး လင်းလက်​ အ​ပေါ်တတ်​သွား၏ ''

ရှင်းသန့်​ မင်းအကို ကိုစိတ်​မဆိုးနဲ့..သူကအဲ့တိုင်းဘဲ...။

ဟုက်​ကဲ့..​မေ​မေ...။

©©©©©©©©©©©©©©©©©©©
တင်း​တောင်း~~~~တင်း​တောင်​~~~~တင်း​တောင်​~~~

အသဲသန်​ ဘဲတီး​နေတာမို့...​ကေးဟာ ​ပြေးလာသည်​...

ခွမ်း​တောက်​ကြယ်​စင်​...

"​ကေးဟာတံခါးဖွင့်​လိုက်​​တော့ ဝင်​လာသူက ကြယ်​စင်​..."

နင်​ဘာလုပ်​လုပ်​တာလဲ...။

ငါ​ပြောသံကြားတာ..နင့်​အ​ဖေနဲ့ USလိုက်​သွားမို့ဆို...။

ဟုက်​တယ်​...။

ဘာလို့လဲ..ငါနဲ့မ​စေ့စပ်​ချင်​လို့လား...အဲ့လိုဆို နင်​သွားစရာမလိုဘူး..
ငါ​စေ့စပ်​ပွဲဖျတ်​ခိုင်းပါ့မယ်​..မသွားပါ့နဲ့လားဟင်​...။

နောက်​ကျသွားပြီ...ငါဖြတ်​ခိုင်းတုန်းက နင်​မဖြတ်​ဘူး..အခု..ငါ့အ​ဖေနဲ့ USကို
၂နှစ်​သွားပြီ..​ပျော်​​ပျော်​​နေမို့...။

နင်​အဲ့​လောက်​​တောင်​ ငါ့ကို မုန်းလားဟင်​....
ငါ​စေ့စပ်​ပွဲဖြတ်​လို့ နင်​မသွား​တော့ဘူးဆို ငါဖြတ်​​ပေးပါ့မယ်​..။

သိပ်​အမုန်းကြီးလဲ မဟုက်​ဘူး...မျတ်​ရည်​ကျမ​နေနဲ့ ခ​လေဟုက်​ဘဲ..
စေ့စပ်​လဲအတူတူ မ​စေ့စပ်​လဲအတူတူဘဲ...ငါသွားရမှာ...။

အဟင့်​ဟင့်​....မသွားပါနဲ့လား..​ကေဟာ....။

ငိုငိုယိုယိုနဲ့ အဲ့​ကြောင့်​ ငါနင့်​ကိုကြည့်​လို့မရတာ...။
ငါသွားမှာ ၂နှစ်​ထဲ စိတ်​ချ..အချိန်​ကုန်​တာမြန်​တယ်​ ပြန်​လာပြီ နင်းရုပ်​ဆိုးဆိုးကိုကြည့်​ရအုံးမှာ...။

သွား..ပြန်​​တော့.....။

ကေးဟာ....

ဘာလဲ....

နင်​တဂယ်​ ငါ့ကိုမကြိုက်​ဘူးလား..နည်းနည်း​လေး​တောင်​ မကြိုက်​ခဲ့ဘူးလား

အိမ်​မတ်​ မတ်​မ​နေနဲ့ အခုလဲမကြိုက်​ဘူး ​နောက်​လဲမကြိုက်​ဘူး..ဘယ်​​တော့မှာ့လဲ
ကြိုက်​လာမှာ မဟုက်​ဘူး...။
ဟိုမှာ ခြံတံခါးဖွင့်​ထားတယ်​....။

(​ကေဟာက​ပြောပြီ သူ့အိမ်​သူ ပြန်​ဝင်​သွားတယ်​..)

ဖေ​ဖေ..​ကေဟာကိုမသွားမို့ ​ဖေ​ဖေတားနိုင်​မှာ....
(ကြယ်​စင်​ ထို​နေရာက​နေခွာကာ..သူ့အိမ်​ပြန်​လာခဲ့တယ်​..)

...................
လာပါ...မြန်​မြန်​လာ.....။

မူတန်​..ငါ့ကို ဒီ​ခေါ်ပြီ ဘာလုပ်​မလို့လဲ....။

ဟိုမှာ နင်​ကြည့်​...။

"ထူးခန့်​ မူတန်​လက်​ညိုးညွန်​ရာကြည့်​ပြီ''

ကြာပန်းလား...။

အင်း..င့ါတို သွားခူးရ​အောင်​...။

ဘာလုပ်​မှာလဲ..မ​နေ့ကလဲ..သရက်​သီးခိုးခူးပြီး​ရောင်း..အခုလဲ ကြာပန်း​ရောင်းမလို့လား...။

ရောင်းလို့ရလား..ငါကအလှကြည့်​ချင်​လို့ခူးမလို့..​ရောင်းလို့ရ​တော့ ပို​ကောင်းတာ​ပေါ့

ပြောမိတာ ငါ့အမှား...။

လုပ်​ပါ..နင်​​လှေ​လှော်​..ငါကခူးမယ်​...။

ခူးတာက ဟုက်​ပါ့ပြီ မနတ်​ဖြန်​မယ်​ခူးပါလား..နင်​ကြည့်​မိုး​တွေမဲးလာပြီ
မကြာခင်​ မိုးရွာ​တော့မယ်​...

ခန​နေမှာ့ရွာမှာကို..နင်​ကလဲ...
နင်​မခူးချင်​​နေ..ငါဘာတာသွားခူးမယ်​...။

အယ့်​..အယ်​...ခန​စောင့်​...
ငါ​လှေ​လှော်​မယ်​....

အဟင်း..အဲ့လို့မှာ​ပေါ့...။

"ဟူး...မနိုင်​ဘူး..လုပ်​မယ်​ဆိုရင်​ ဘယ်​သူမှာ့တားမရဘူး...''

(ထူးခန့်​နဲ့မူတန်​..ထိုကြာကန်​ထဲ ​လှေဆီ ကြာပန်းကိုတစ်​ဝကြီးခူး အနီးကပ်​နမ်း​တော့တာ​ပေါ့..)

..................
ဖေ​ဖေ....။

အိမ်​မထဲကထွက်​ပြီ...ညာဘက်​အိမ်​​သေး​သေး..စာရူ့ခန်း​လေးကိုကူးတဲ့ ​ဖေ​ဖေကို
ကြယ်​စင်​​ခေါ်​ပေမဲ့ ​ဖေ​ဖေမကြား...။
"ခပ်​သွက်​သွက်​...စာရူခန်း​လေးထဲ ဝင်​သွား၏''

ဖေ​ဖေသွားတဲ့ဘက်​ကို..ကြယ်​စင်​လဲအ​ပြေးလိုက်​သွားသည်​...
ကေဟာကို မသွားမို့အတွက်​​ဖေ​ဖေအကူညီလို​နေသည်

ကြယ်​စင်​..တံခါး​လေး တွန်းဖွင့်​ပြီး..ဝင်​သွား​တော့...။

ဟင်​....
စာအုပ်​စဉ်​က စာအုပ်​​ထောင်​ထားတဲ့​နေရာက​နေ အတွင်းက ​ဒေါ်​လေးနဲ့​ဖေ​ဖေကို မြင်​​တော့...ကြယ်​စင်​ အသံမထွက်​နိုင်​​အောင်​..ကိုယ့်​ပါးစပ်​ကိုယ့်​ပိတ်​မိတယ်​..။
မျတ်​လုံးကမျတ်​ရည်​များကျကာ...။

ဟင့်​အင်း.....
အဟင့်​ဟင့်​...
ကြယ်​စင်​လှည့်​ထွက်​​တော့...တစ်​ခုခုကိုထိမိသားတယ်​ထင်​ပါရဲ့...။

ဟင်​..အဲ့တာ..ဘယ်​သူလဲ...။

ဘယ်​..ဘယ်​သူလဲ..​မေသူ..တစ်​​ယောက်​​ယောက်​ ငါတို့ကို မြင်​သွားလို့လား...။

ဟင်​..မဟုက်​ပါဘူး..ကိုမိုး..ဒီမှာခန​နေ​နော်​..​မေသူ အခုဘဲ ပြန်​လာမယ်.​..။

ဟီး..အဟင့်​ဟင့်​.....
ဘုက်​..အာာ.....။
ခလုပ်​တိုက်​ပြီ တစ်​ရှိန်းထိုးအ​ရှေ့ကိုပြစ်​လဲတာ...ကြယ်​စင်​ရဲ့ဒူး​တောင်​ပဲ့သွားတယ်

ကြယ်​စင်​...!

ဟင်​...​ဒေါ်....​ဒေါ်​လေး....။

ပြော..​စော​စောက နင်​မဟုက်​လား...။

မ...မဟုက်​...ကြယ်​စင်​မဟုက်​ဘူး...
အလန့်​တကြားကုန်းထပြီ ထစ်​​ငေ့စွာ​ဖြေသည့်​ကြယ်​စင်​....။

ဒေါ်​လေးက ​ကြောစရာမျတ်​လုံးနဲ့ အ​ရှေ့ထပ်​ထပ်​ပြီး တိုးလာ​တော့..
ကြယ်​စင်​ အ​နောက်​ဆုက်​ရင်း ဆုက်​ရင်း...! ?

....................
တော်​​လောက်​ပြီ...မူတန်​...ပြန်​တတ်​ရ​အောင်​....။

တစ်​ပွင့်​ဘဲ ​နောက်​တစ်​ပွင့်​ ​နော်​ ထူးခန့်​....

အေးပါ..ဘယ်​ဟာလဲ...

အ​ရှေ့က အပွန့်​ကြီးကြီး....အရမ်းလှတာ...။

အဲ့တစ်​ပွင့်​ဘဲ ​တော်​ပြီး​နော်​....။

အင်း......။

...................................
ကြယ်​စင်​ ​နောက်​ဆုက်​ရင်းဆုက်​ရင်း....

အ​နောက်​ကို သတိမထားမိ....!

ကြောက်​စရာ​ကောင်းတဲ့ ​ဒေါ်​လေးရဲ့ ​ရှေ့တိုးလာတဲ့လက်​နှဖတ်​​ကြောင့်​....။

ဝုန်း.....!

ဟင်​...!

"အ​နောက်​ ကိုထပ်​ဆုက်​လိုက်​တဲ့ ကြယ်​စင်​...အ​နောက်​ဖတ်​ရဲ့ အလှ​ရေကန်​ထဲပြုက်​ချသွား၏...."

ကြယ်​....ကြယ်​စင်​.....။

ကယ်​..ကယ်​ကြပါ......ဝုန်း.....​ရေထဲယက်​ကန်​ယက်​ကန်​ဖြစ်​ကာ..​ပေါ်လိုက်
မြုက်​လိုက်​နဲ့...။

ငါ...ငါမဟုက်​ဘူး.....ငါလုပ်​တာမဟုက်​ဘူး...။

ဒေါ်...​ဒေါ်​လေး..ကယ်​ပါ....
အဟွက်​ဟွက်​...​ဒေါ်​လေး...ကိုကို.....​ကေဟာ.......

.................
ဝုန်း.....

ဟင်​..မူ..မူတန်​....
မမှီမကမ်းနဲ့ကြာပွင့်​ကိုလှမ်းခူး​နေတဲ့မူတန်​...
အရှိန်​နဲ့..ပြုက်​ကြသွားသည်​....!

မူ..မူတန်​....မူတန်​...ကယ်​ပါ....လာကြပါအုံး...မူတန်​...
လာကြပါအုံး မုတန်​​ရေထဲပြုက်​ကျသွားလို့...မူတန်​.....။

ဝုန်း.....ထူးခန့်​.သူပါဒိုင်​ပင်​ထိုးချကာ..မူတန်​ကို ကယ်​မို့ကြိုးစား​လေသည်​....။

.......................
(ကြယ်​စင်​)
ကေဟာ...ငါနင့်​ကိုအရမ်းခင်​လို့..နင့်​နဲ့စကား​ပြောချင်​လို့...​စေ့စပ်​ပွဲကို ငါတမင်​မဖြတ်​တာ...။နင်​မသွားပါနဲ့လား....။
ကိုကို...ကိုကို​ရော​မေ​မေ​ရော..ကြယ်​စင်​အစား ရှင်းသန့်​ကိုမချစ်​ပါနဲ့လား...။
image