နေ ကြိုက်တဲ့ ကြာ နေကြာ

in #photohraphy3 years ago

🌻နေကြာ
☀️နေ သာရာ မျက်နှာပေး
☀️နေ ဝေးရင် ငိုက်
☀️နေ ကြိုက်တဲ့ ကြာ
🌻နေကြာ

img_0.3801569021756135.jpg

လရောင်ဆမ်းမှ လမ်းရတဲ့ ကုမုဒြာကြာပန်းလေးတွေလို
အလှအပ အတွက် အသုံးမချကြပေမယ့် နေရောင်သန်းမှ
လန်းရတဲ့ နေကြာပန်းလေးတွေက လှလည်းလှ သလို၊
နေကြာစေ့ က အစေ့အတိုင်း လှော်စားကြတာ
မြန်မာ့ယဉ်ကျေးမှုတစ်ခု လေလား ထင်ရှား လူကြိုက်များ
ကြသလို၊ အစေ့ကို ဆီကြိတ် နေကြာဆီ ဖြစ်ပြန်တော့လည်း
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကြော်ဆီ ချက်ဆီ ဆမ်းဆီ
အမျိုးမျိုး အသုံးကျလို့ နေပြန်ရောလား နေကြာရေ။

ကျွန်တော်ဟာ နေ‌ကြာစေ့လှော် ကြိုက်သူ ပီပီ နေကြာပန်းခင်း
ကြီး မြင်ရပြန်တော့လည်း အလှတရားကို မခံစားဘဲ
မနေနိုင်လို့ အခုလို အမှတ်တရ ပုံရိုက်ယူထားလိုက်ရပါတယ်။

နေ သာရာ မျက်နှာပေး နေ မက်တဲ့ ကြာကလေးကို
အတ္တကြီးသူလို့တော့ ပုံမဖော်ကြပါနဲ့။ သူ့ဘဝ သူ့သဘာဝ
အရပေမို့ နေမင်းကို မျှော်ကြတာပါဗျာ။
နေမင်းရဲ့ အလင်းနဲ့ ရဲရဲ ပွင့်၊ ရဲရဲ သီး၊ ရဲရဲ ရင့်မှည့်တော့
လူသားတွေ အတွက် အကျိုးပြုတာပဲ မဟုတ်လား။

img_0.9904811957547413.jpg

မိတ်ဆွေတို့လည်း နေကြာလို ကိုယ့်ယုံကြည်ချက်နဲ့ကိုယ်
ရဲရဲ လျှောက်လှမ်းလို့ လောက ကောင်းကျိုး ပြုနိုင်ကြပါစေ။

@golden.future

Sort:  

လှလည်း လှပ
စားလည်း စားရ
အသုံးကျလှ နေကြာ ရွှေနေကြာ

ဟုတ်တယ် ကိုယ်လည်း ကြိုက်လို့ တင်လိုက်တာ

Beautiful Sunflowers I like !