ချစ်လို့ ပေါင်းသင်းပြီးကာမှ မအိုခင် ၊ မနာခင်မှာတင် စိတ်သဘောချင်းမတိုက်ဆိုင်လို့ ၊ ရှေ့ဆက်ဖို့ မဖြစ်နိုင်လို့စတဲ့ ခေါင်းစဉ်တွေအောက်မှာ ကိုယ့်လမ်းကိုယ် ဆက်လျှောက်သွားတဲ့သူတွေလည်းရှိတယ်။ မူလပကတိအတိုင်း အပျို ၊ လူပျိုပြန်မဖြစ်သော်ငြား သားသမီးတွေမရှိရင် လူလွတ်တစ်ယောက်လို ဘာမွမျဖစ္သလို ပြန်နေကောင်း နေလို့ရပေမယ့် စိတ်ဒဏ်ရာရသွားသူတွေလည်းရှိတယ်။ သားသမီးတွေရှိရင် သားသမီးတွေပါ စိတ်ဒဏ်ရာတွေ ရကုန်ကြတယ်။