မိမြေချစ်သူ

in #poem6 years ago

မိမြေချစ်သူ

image
♥ ချစ်တဲ့သူငယ်လေ
သူငယ်ချင်းကောင်းယောက်မတို့လေ..။

♥ အေးကောင်းပျိုတွေနိုင်ငံခြားမှာ
သပြာငမ်းငမ်းရှာကြတယ် ။

♥ တို့တွေမှာ ရွာကိုမပစ်နိုင်လို့
မိရိုးဖလာ ၊ လယ်ယာအလုပ်
အားကုန်ထုတ်လို့ကြိုးစားပါမည်
ဝမ်းစာခဲခက် ၊ ဆန်တွင်းနက်နှင့်
(ဒီ)တစ်သက်ချမ်းသာပါလိမ့်မလားတော် ။

♥ ထွေးမြတို့ရေ နိုင်ငံခြားမှာ
သက်သက်သာသာငွေရှာစို့အေ ။

 ဝတ်စားသုံးဆောင်ပြောင်ပြောင်လက်နဲ့
 ကလပ်တက်ပျော်ပါးကစို့လေ ။

 ဒေါ်လာ ဘတ်ငွေ ရင်းဂစ်တွေနဲ့
 သစ်ဆနိးစားသောက်မော်စို့ဟေ ။

♥ ထွေးမြတို့မှာရွာကိုခွဲလို့
နိုင်ငံခြားတော့သွားဘူးဟေ ။

 ဖျင်ကြမ်းအင်္ကျီ သစ်ခေါက်ဆိုးပဲ
 မြတ်မြတ်နိုးနိုးဝတ်မယ်လေ ။

 ငစိန်ဆန်ကြမ်း ငါးပိရည် ဆမ်းလို့
 ဝမိးဝရုံပဲစားမယ်အေ ။

♥ ပျူ ငှါဖော်ရွေ ၊ ဇာတိမြေထက်
ငွေမမက်ပေ ၊ သူ့လက်အောက်သား
မခစားပြီ ။

♥ ဆီကိုရေချိုး ၊ ဆေးရိုးမီးလှုံ
စပါးတောင်လိုပုံစေ့မယ်
လယ်ယာကျွန်းကိုင်း ၊ မြန်ပြည်တိုင်းပေါတာမို့
မောလှတယ်မအောက်မေ့ပါဘု
ကောက်စိုက်ကာပြည်သာရေးကို
ကြိုးကုန်းမယ်လေး....။

Writer by::phyophyolay