Telekinesis (စိတ်​စွမ်းအားဖြင့်​အရာဝတ္ထုများ ​ရွေ့လျား​စေခြင်း)

in #power6 years ago

Telekinesis (စိတ်​စွမ်းအားဖြင့်​အရာဝတ္ထုများ ​ရွေ့လျား​စေခြင်း)

Telekinesis ဆိုတာဟာလူတိုင်းလိုလိုသိမယ်​ထင်​ပါတယ်​...ရုပ်​ရှင်​​တွေ ဇာတ်​ကား​တွေထဲမှာ​တော်​​တော်​များများ​တွေ့ဖူးကြမှာပါ...
Telekinesis ဆိုတာ စိတ်​စွမ်းအင်​ကိုသာအသုံးပြုပြီး ပစ္စည်းဝတ္ထု​တွေကို ​ရွေ့လျား​အောင်​ ပျံ​အောင်​ ဝဲ​နေ​အောင်​ လုပ်​တာမျိုးပါ...
ပင်​အပ်​ . ကျည်​ဆံ ကအစ လူ . ကား ​တွေအထိ ​တောင်​ကျင့်​ရင်​ကျင့်​နိုင်​သလိုရနိုင်​ပါတယ်​...
အရာဝတ္ထု​တွေကို လက်​နှစ်​ဖက်​ (သို့) တစ်​ဖက်​ နဲ့​အသုံးပြု​ရွေ့လျားရတာဟာ (ကိုင်​ပီး​ရွေ့တာမဟုတ်​ဘူး​နော်​) စိတ်​စွမ်းအင်​ကိုဦး​ဏှောက်​လှိုင်းက​နေတဆင့်​ ထုတ်​ပီး ထိန်းရတာဖစ်​တဲ့အတွက်​ ခက်​ခဲပါတယ်​ အဲ့တာ​ကြောင့်​ လက်​က​နေစိတ်​စွမ်းအင်​နဲ့​ပေါင်းပီး အရာဝတ္ထုကို မိမိရဲ့ တတိယလက်​သဖွယ်​သ​ဘောထားပီး ​ရွေ့လျားခြင်းဖြစ်​ပါတယ်​...

Telekinesis ဆိုတာ Phyro (မီး) တို့ Hydro (​ရေ) တို့ Geo (​မြေ) တို့ Air ( ​လေ) တို့လို သဘာဝတည်​မြဲ​နေတဲ့ ဓာတ်​ကြီး​ (elements) တွေကိုထိန်းချုပ်​တာမျိုးမဟုတ်​တဲ့အတွက်​ စိတ်​စွမ်းအင် (Sprirt power) ​ကိုများစွာအသုံးပြုရပါတယ်​...
မှော်​ပညာပိုင်းလဲမဟုတ်​ပါဘူး...Physco (စိတ်​ပညာ) ပိုင်းနဲ့သက်​ဆိုင်​တဲ့ သဘာဝလွန်​စွမ်းအင်တစ်​ခု​ဖစ်​ပါတယ်​...

Telekinesis လိုမျိုး Sprirtualkinesis ​တွေအများကြီးရှိပါတယ်​...
ဥပမာ- အနာဂတ်​ကိုကြိုကြည့်​နိုင်​တာ. စိတ်​ညို့တာ. Teleportation (တစ်​​နေရာမှတစ်​​နေရာ ကြားခံနယ်​မရှိဘဲ အလင်းရဲ့အလျင်​အတိုင်း သွားခြင်း).
Telepathy (စိတ်​မှ တပါးသူကို စကား​ပြောခြင်း) စတာ​တွေက စိတ်​စွမ်းအားကိုသာအ​ခြေထားတဲ့ မျက်​လှည့်​ဆန်​ဆန်​ သဘာဝလွန်​စွမ်းအင်​​တွေဖစ်​ပါတယ်​...

Telekinesis ကျင့်​စဉ်​ကို မကျင့်​မီ သိထားသင့်​အချက်​ ၃ ချက်​ရှိပါတယ်​...

၁ - အာရုံစူးစိုက်​နိုင်​စွမ်းမြင့်​မားရမယ်​...
အရာဝတ္ထု​တွေကိုထိန်းချုပ်​ရမယ်​ဆို​တော့...
အရာဝတ္ထုတိုင်းဟာ atom နဲ့ဖွဲ့စည်းထားတယ်​ဆိုတာ​တော့သိကြမှာပါ...
အဲ့ဒီအချက်​ကိုအ​ခြေခံပီး မမြင်​နိုင်​​လောက်​​အောင်​ ​သေးတဲ့ molecules ​လေး​တွေကိုပါအာရုံစူးစိုက်​နိုင်​​ရပါမယ်​...စိတ်​ချပါ အဲ့​လောက်​ထိဘယ်​သူမှ အာရုံစူးစိုက်​မှု​ကောင်း​မှာမဟုတ်​ပါဘူး...သိပါတယ်​...
အဲ့ဒီအတွက်​လုပ်​ရမှာက​တော့ တရားထိုင်​ရမှာပါ...
နေ့စဉ်​​နေ့တိုင်းတရားထိုင်​ပါ...
တဖြည်းဖြည်းနဲ့ စိတ်​စွမ်း​အင်​မြင့်​တတ်​လာပါလိမ့်​မယ်​...
စူးစိတ်​မှုအား​တွေတစ်​​နေ့ထက်​တစ်​​နေ့​ကောင်းလာပါလိမ့်​မယ်​...
တရားကိုဘယ်​လိုထိုင်​ရမလဲဆိုတာ​တော့သိမှာပါ...​လေဝင်​​လေထွက်​မှတ်​ပီး ​ဘေးနားမှာဖစ်​သမျကိုလျစ်​လျူရှုပြီး တစ်​ခုတည်းကိုပဲအာရုံစိုက်​ထားခြင်းဖစ်​ပါတယ်​...
တရားထိုင်​တာကို​တော့ ကျင့်​စဉ်​အားလုံး​အောင်​သွားပီးရင်​​တောင်​မှ ရပ်​ဖစ်​ဖို့စိတ်​မကူးပါနဲ့ ပိုပိုပီးလင့်​ကျင့်​ရင်​ ပိုပိုပီး ​ကောင်းလာမှာပါ...

၂ - ယုံကြည်​ချက်​ထားပါ...မ​လောပါနှင့်​...ဇွဲလုံလထားပါ
ငါဒါကိုလုပ်​ကိုလုပ်​နိုင်​ရမယ်​ဆိုတဲ့စိတ်​သာထားရင်​ပိုပီး​အောင်​မြင်​နိုင်​ပါတယ်​...
သူများ​ပြောတာ ဟုတ်​မဟုတ်​သိချင်​တဲ့စိတ်​နဲ့ စမ်းတာမျိုးဆို ​အောင်​မြင်​ဖို့ ခဲယဉ်းပါတယ်​...
မ​လောပါနဲ့ တစ်​ရက်​မ​အောင်​မြင်​ရင်​ တစ်​ပတ်​ တစ်​ပတ်​မှမ​အောင်​မြင်​ရင်​ တစ်​လ တစ်​လမှမ​အောင်​မြင်​ရင်​ တစ်​နှစ်​ တစ်​နှစ်​မှမ​အောင်​မြင်​ရင်​ ၁၀ နှစ်​ ဖစ်​နိုင်​ပါတယ်​...ဇွဲမ​လျော့ပါနဲ့...
လူ​တော်​​တော်​များများဇွဲ​လျော့လိုက်​ကြတာ​ကြောင့်​မို့ သဘာဝလွန်​စွမ်းအား​တွေဟာ ရှားပါးလာပါတယ်​...
အရင်​​ခေတ်​အခါကဆို လူတိုင်​နီးပါးမှာ သဘာဝလွန်​စွမ်းအားကိုယ်​ပိုင်​​တွေရှိကြပါတယ်​...အခု​ခေတ်​မှာ​တော့မမြင်​ဖူးသ​လောက်​ လူသန်း​ပေါင်းများစွာမှ တစ်​​ယောက်​​လောက်​ပဲ ရှာရှားပါးပါး​တွေ့နိုင်​တာပါ...အဓိကက အဲ့ဒီ ယုံကြည်​မှုနဲ့ ဇွဲလုံလပါပဲ...

၃ - ကျင်​စဉ်​ကို မ​လေ့ကျင့်​ခင်​မှာ စိတ်​ကို​ဖြေ​လျော့ထားသင့်​ပါတယ်​...ပူပန်​စိတ်​​တွေ စိတ်​ကျည်းကြပ်​မှု​တွေ စိတ်​ပင်​ပန်း ကိုယ်​ပင်​ပန်းမှု​တွေ အတတ်​နိုင်​ဆုံးမရှိပါ​စေနဲ့...​လေ့ကျင့်​မှုမှာ ​နှောင့်​​နှေးတတ်​ပါတယ်​...မ​လေ့ကျင့်​ခင်​ စိတ်​ကိုရှင်းရှင်းထားပီး ရင်​ထဲမှာ​အေးချမ်း​နေပါ​စေ...ဒါမှ စိတ်​ရဲ့အလုပ်​လုပ်​မှုမှာ ပိုမိုသက်​သာ​စေမယ်​ အားစိုက်​မှုကိုပို​ကောင်း​စေပါတယ်​...

ကဲ အခုကျင့်​စဉ်​စပါ​တော့မယ်​...
အဓိက ကျင့်​စဉ်​မှာစုစု​ပေါင်း အဆင့်​ ၇ ဆင့်​ရှိပါတယ်​...
အဲ့ဒီခုနှစ်​ဆင့်​ ကျင့်​တိုင်း ​သွေးပူ​လေ့ကျင့်​ခန်းအ​နေနဲ့ အမြဲပြုလုပ်​ရမဲ့ ဟာရှိပါ​သေးတယ်​...

သွေးပူ​လေ့ကျင့်​ခန်း
.............................
အဲ့တာက အ​ပေါ်မှာ​ပြောခဲ့သလို စိတ်​စွမ်းအင်​ကိုလက်​နဲ့ထိန်းချုပ်​နိုင်​​အောင်​ လက်​ကစွမ်းအင်​ထုတ်​တဲ့နည်းပါ...
ရိုးရှင်​ပါတယ်​ ပုံမှာပြထားပါတယ်​...လက်​နှစ်​ဖက်​ကို နှစ်​မိနစ်​​လောက်​အချင်းချင်းပွတ်​တိုက်​ပါ...ပီးရင်​အနည်းငယ်​ခွာပီး လက်​ထဲက စွမ်းအင်​ကိုခံစားပါ...စွမ်းအင်​လုံးဖစ်​လာတယ်​လို့ခံစားရတဲ့အထိလုပ်​ကြည့်​ပါ...
စွမ်းအင်​လုံးဟာ မြင်​ရမှမဟုတ်​​ပေမဲ့ အဲ့ဒီအတွင်းက အပူချိန်​ဟာ သာမာန်​ထက်​ပို​နေတာကို​တွေ့ရမှာပါ...ပူ​နေတယ်​ဆိုလဲ သာမာန်​ထက်​ပိပူပီး ​အေးရင်​လဲ သာမာန်​ဖက်​ပိုပီး​အေး​နေမှာပါ...ပူလား ​အေးလား ကို့ပါကိုခံစားကြည့်​ပါ...

ကျင့်​စဉ်​စပါ​တော့မယ်​...တစ်​ခု​အောင်​မြင်​ပီးမှ​နောက်​တစ်​ခုဆက်​ပါ...
ပထမ ကျင့်​စဉ်​က​တော့
ပုံမှာပြထားသလို ကွင့်​တစ်​ခုကိုကြိုးချည်​ပီးလှုပ်​ရှားရမယ့်​နည်းပါ...

ဒုတိယတစ်​ခုက ပုံမှာပြထားသလိုစာရွက်​​ခေါက်​ကို ​မှောက်​လိုက်​ ​ထောင်​လိုက်​ဖြစ်​​အောင်​လုပ်​ပါ...

တတိယတစ်​ခုက ​ဘောပင်​ သို့မဟုတ်​ခဲတံကို ဘယ်​ညာလိမ့်​ခိုင်းတာဖြစ်​ပါတယ်​...

နောက်​တစ်​ခုက ပုံပါအတိုင်း စက္ကူကို အပ်​​ပေါ်တင်​ပီး လှည်​ခြင်းပဲဖြစ်​ပါတယ်​...

၅ခု​မြောက်​က ပုံ​တော့မပါပါဘူး လွယ်​ပါတယ်​...တစ်​သျူးစဖစ်​ဖစ်​ ငှက်​​မွေးဖစ်​ဖစ်​ကို အလုံပိတ်​ ဖန်​ဘူးထဲထဲ့ပီး ပျံ​စေခြင်းပါ...

၆ ခု​မြောင်​ကျင့်​စဉ်​က သံဗူး (အ​အေးဗူး) ကို ပိန်​ချိုင့်​​အောင်​လုပ်​ခြင်းပါ...သိကြမှာပါ...

နောက်​ဆုံးတစ်​ခုက​တော့ မျက်​လှည့်​ဆန်​ဆန်​ ဇွန်း​ကွေးခြင်းအပဲဖစ်​ပါတယ်​...
ထပ်​တသ်​လဲလဲ ​လေ့ကျင့်​မယ်​ဆိုပိုပီး​အောင်​မြင်​နိုင်​ပါတယ်​...

#ပါရမီနဲ့ ကြိုးစားအားထုတ်​မှုကို​ပေါင်းစည်းပီး ​အောင်​မြင်​နိုင်​ကြပါ​စေ...