Third eye (တတိယမျက်လုံး)

in #power6 years ago

Third eye (တတိယမျက်လုံး)
Third eye နိုးထလာအောင် ဘယ်လိုလုပ်မလဲ ?

Third eye ကို နောက်တစ်မျိုး inner eye လို့လည်း ခေါ်ကြပါတယ်။ Third eye နဲ့ပတ်သက်ပြီး နေရာ ဒေသ ဘာသာတွေအလိုက် အယူအဆနဲ့ ယုံကြည်မှုတွေ ကွဲပြားကြပါတယ်။ Third eye ဟာ သာမန်မျက်လုံးနဲ့ မမြင်နိုင်တာတွေကိုလည်း မြင်နိုင်တယ်လို့ အယုံအကြည်ရှိကြပါတယ်။ တချို့ကလည်း Third eye ဟာ ဝိညာဉ်လောကရဲ့ တံခါးပေါက်ဆိုပြီး ယုံကြည်ကြပါတယ်။ Thirdeye နိုးထပြီးတဲ့ လူတွေဟာ လူတွေရဲ့ စိတ်တွေထဲကို ထိုးဖောက်ကြည့်နိုင်ပြီး အနာဂတ်ကိုလည်း ကြိုမြင်နိုင်ပါတယ်။ အခုခေတ်တွေမှာ တကယ်မှန်တဲ့ ရှေ့ဖြစ်ဟော ဗေဒင်ဆရာတွေဟာ Third eye နိုးထပြီးသားလူတွေ ဖြစ်နေနိုင်ပါတယ်။ Third eye ကို ဈာန်ဝင်စားခြင်းနဲ့ ဝိညာဉ်လွှင့်ခြင်း (နောက်တစ်ခေါက်ကြုံတဲ့အခါရှင်းပြပါ့မယ်) ရဲ့သော့ချက်အနေနဲ့ သုံးကြပါတယ်။

ဒါဆို Third eye ကို နိုးထအောင်လုပ်နိုင်ခဲ့ရင် ဘယ်လိုအကျိုးတွေရမလဲ ?
Third eye ကို နိုးထနိုင်ခဲ့ရင်တော့ အဓိက က mind power အရမ်းကြီးလာပါမယ်။ သာမန်မျက်စိနဲ့ မမြင်နိုင်တာတွေကို မြင်လာနိုင်ပါမယ်။ လူတွေရဲ့ အတွင်းစိတ်ကို ထိုးဖောက်မြင်နိုင်မယ်။ လူတိုင်းရဲ့ အနာဂတ်ကိုကြိုမြင်လာနိုင်မယ်။ Out of body experience ဆိုတဲ့ ဝိညာဉ်လွှင့်ခြင်းကို စေစားထိန်းချုပ်လာနိုင်မှာဖြစ်ပါတယ်။ Kinesislogy တွေမကျင့်ခင် Third eye နိုးထဖို့ အရင်ကျင့်စေချင်ပါတယ်။
အားလုံးစိတ်ဝင်စားကြမှာက Third eye နိုးထလာအောင် ဘယ်လိုလုပ်မလဲဆိုတာပါဘဲ။
နည်းတွေကတော့ အများကြီးရှိပါတယ်။
ကျနော် ဒီ Third eye အကြောင်းကိုရေးဖို့ ကျနော်ကိုယ်တိုင် sites တွေ စာအုပ်တွေမှာ သွားရောက်မွှေနှောက် လေ့လာကြည့်လိုက်တဲ့အခါမှာ ကျနော်တို့အတွက် အသင့်တော်ဆုံး Third eye နိုးထစေနည်းလေးကို ရလာပါတယ်။
ဘာနည်းလို့ထင်ကြလဲမသိ :3 ?

Meditation (တရားထိုင်ခြင်း) ပါဘဲ 😂😂😂😂

ကျနော်နောက်နေတယ်လို့မထင်ပါနဲ့။ တစ်ခါလာလည်း တရားထိုင်တာပါတယ် နှစ်ခါလာလည်း တရားထိုင်တာပါတယ်ဆိုပြီး စိတ်မညစ်ကြပါနဲ့ 😂
သဘာဝလွန်စွမ်းအင်တွေ နိုးထဖို့ဆိုတာတွေအားလုံးက အာရုံစူးစိုက်မှုကို တိုးစေတဲ့ တရားထိုင်ခြင်းဆိုတဲ့ အခြေခံကဘဲ စရတာမို့လို့ပါ 😂

ကဲ Third eye နိုးထချင်ပြီဆိုရင် နည်းလေးတွေ step by step ပြောပြပါမယ် 😂
Admin Sam ကော ပွင့်ပြီလား လာမမေးပါနဲ့ 😂 Admin Sam လည်း ဒီနေ့မှစထိုင်တာမို့လို့ပါ 😂

  • တရားထိုင်ဖို့ နေရာမှန်ကိုရွေးချယ်ပါ။

တရားထိုင်တယ်ဆိုတာ Third eye ကိုနိုးထစေဖို့အတွက် သော့ချက်တစ်ခုပါ။ အနှောင့်အယှက်တွေ ဆူညံသံတွေ ကင်းဝေးတဲ့ တိတ်ဆိတ်ငြိမ်းချမ်းတဲ့ နေရာလေးတစ်ခုကိုရှာပါ။ (တိတိဆိတ်အေးချမ်းတဲ့နေရာ ရှာဆိုလို့ တရားစခန်းသွား ဘုန်းကြီးကိုမျက်နှာပြောင်တိုက်ပြီး Third eye တော့သွားမကျင့်ပါနဲ့ 😂 လိုင်းတွေပူးကုန်မှ ကွိုင်ကုန်မယ်)
တချို့လူတွေက သဘာဝတရားထဲမှာ တရားထိုင်ရတာကြိုက်နှစ်သက်ကြပါတယ်။ အဲဒီလူတွေကတော့ တောရကျောင်းတစ်ခုခုမှာ သွားကျင့်ကြပေါ့။
တချို့ကတော့ ကိုယ့်အခန်းထဲမှာထိုင်ရတာကိုဘဲ နှစ်သက်ကြပါတယ်။
ဘယ်လိုဘဲဖြစ်ဖြစ် အနှောင့်အယှက်ကင်းတဲ့ နေရာလေးဖြစ်ရင် ရပါပြီ။

  • Third eye နေရာမှာ စိတ်အာရုံကို စုစည်းပြီးတရားထိုင်ပါ

Third eye ဆိုတာ မျက်ခုံး နှစ်ဖက်ရဲ့ အလယ်တည့်တည့်မှာရှိပါတယ်။ တခြားဘယ်ဆီမှ စိတ်တွေမပြန့်လွင့်စေဘဲ အဲဒီနေရာကိုဘဲ အာရုံစိုက်ထားပါ။ Third eye နေရာမှာ စိတ်အာရုံစူးစိုက်ထားနိုင်လို့ရှိရင် အဲဒီနေရာမှာ ကျိန်းသလိုလိုခံစားလာရပါမယ်။ Admin Sam ကိုယ်တိုင် ထိုင်ကြည့်တုန်းက အတွေ့အကြုံကို ပြောပြတာပါ။ Third eye နိုးထတဲ့အထိ လုပ်စရာက ဒါဘဲရှိတာပါ။ နေ့တိုင်း စိတ်ကိုဘယ်မှ မပျံ့လွင့်စေဘဲ Third eye မှာစိတ်အာရုံစူးစိုက်ပြီး တရားထိုင်သွားရင် ထူးခြားမှုလေးတွေ ခံစားလာရမှာပါ။ ထူးခြားမှုလေးတွေ ကြုံလာရရင် Admin Sam နဲ့ အတွေ့အကြုံချင်း ဖလှယ်ကြတာပေါ့ ^_^

  • သင့်တော်မှန်ကန်တဲ့ position မှာထိုင်ပြီးကျင့်ပါ

ကျနော်တို့ ခန္ဓာကိုယ်အနေအထားကလည်း အာရုံစူးစိုက်နိုင်မှုအပေါ်မှာ အကျိုးသက်ရောက်ပါတယ်။ တချို့က လမ်းလျှောက်ရင်း တရားရှုမှတ်ရတာ သဘောကျကြပါတယ်။ နောက်တစ်နည်းပြောရင် စင်္ကြန်လျှောက်တာပေါ့။ ဘယ်လိုဘဲဖြစ်ဖြစ် ကိုယ်နဲ့ သက်တောင့်သက်သာဖြစ်အောင်နေပါ။ ပြီးမှ စိတ်ရှင်းရှင်း လန်းလန်းဆန်းဆန်းနဲ့ Third eye နေရာကို အာရုံစိုက်ပါ။

  • Meditation object/ meditation phrase တစ်ခုခုကို အသုံးပြုပါ

တချို့တွေရှိတယ်။ တရားထိုင်မယ်ဆိုတာနဲ့ အိပ်ငိုက်တတ်တဲ့လူမျိုးတွေရှိကြပါတယ်။ ကိုယ်တရားထိုင်ရင် အိပ်ပျော်တတ်မယ်ဆိုရင် ကိုယ့်ကိုကိုယ်သိပါ။ အဲလိုလူတွေအတွက်ကတော့ မျက်လုံးဖွင့်ပြီး တရားထိုင်ပါ။ Meditation object တစ်ခုခုကိုယ်နဲ့သင့်တော်ရာရှာပါ။ ဖယောင်းတိုင်ကတော့ အသင့်တော်ဆုံးပါ။ ဖယောင်းတိုင်ရဲ့ မီးညွန့်ကိုကြည့်ပြီး တခြားဘယ်နေရာကိုမှစိတ်မပျံ့လွင့်စေဘဲနဲ့ Third eye နေရာကို အာရုံစိုက်ပြီး ရှုမှတ်ပေးပါ။
တရားထိုင်ရင် အိပ်မငိုက်တတ်တဲ့ လူတွေကတော့ မျက်လုံးမှတ်ပြီး လေဝင်လေထွက်ကိုမှတ်ပြီး စိတ်ငြိမ်အောင်မှတ်မလား ? စကားစုတစ်ခုခုရွတ်ပြီး စိတ်ငြိမ်အောင်မှတ်မလား ? ကိုယ်သန်ရာသန်ရာကိုရွေးပါ။ စကားစုဆိုတာက "အရဟံ" ဆို "အရဟံ" တစ်ခုခု ကိုစိတ်ထဲကဖြစ်စေ ပါးစပ်ကဖြစ်စေရွတ်ရင်း စိတ်ငြိမ်အောင်လုပ်ပြီး Third eye နေရာကို အာရုံထားပြီး ရှုမှတ်ပါ။

  • ဇွဲနဲ့ နေ့စဉ်မှန်မှန် အလေ့အကျင့်လုပ်ပါ
Sort:  

@susutun, congratulations on making your first post! I gave you a $.05 vote!
Please take a moment to read this post regarding commenting and spam. (tl;dr - if you spam, you will be flagged!)