Myanmar Engineers Profile Picture Campaign (Facebook post)

in #profile7 years ago

image

Myanmar Professional Engineers Group (The Institution of Professional Engineers Myanmar) and Engineers Union support the fair promotion campaign of Technological Teachers who are working in Government TU/GTC/THS and all relevant institutions.

Credit (Message from a Member of Group)
Su Su Aung
20 hrs ·
"Profile Picture Campaign သည် ကျမကိုရာထူးတိုး​ပေးပါရှင့်​ဟု ​အော်​​နေခြင်းမဟုတ်​"
====================================
အခု...သပနမှာ သရုပ်​ပြ/နည်းပြ မှ လက်​​ထောက်​ကထိကရာထူးတိုးမြင့်​ခန့်​ထား​ရေးကြန့်​ကြာ​နေမှုအတွက်​ profile များချိန်း၍ campaign လုပ်​​နေကြပါသည်​။
အဓိကရည်​ရွယ်​ချက်​မှာ လုပ်​သက်​ပြည့်​မှီရုံမက နှစ်​​ပေါင်းများစွာ​ကျော်​လွန်​​နေကြပြီဖြစ်​​သော ဆရာ/ဆရာမများ အတွက်​ထပ်​ပြီးအချိန်​မဆွဲဘဲ အလျှင်​အမြန်​​ဆောင်​ရွက်​​ပေးကြ​ရေးအတွက်​ဖြစ်​ပါတယ်​။
ဒီလိုနစ်​နာ​နေကြသူများထဲမှာ နည်းပြလုပ်​သက်​ ၁၂နှစ်​အထက်​ စီနီယာများ၊ မိမိတို့လို ၇ နှစ်​ ၈ နှစ်​ ရှိ​နေပြီးသူများ၊ ဂျူနီယာများပါဝင်​​နေကြပါတယ်​။
ဒီလိုလှုပ်​ရှားမှုမှာ တရားမျှတမှုကိုလိုလား​သော သူအားလုံးပူး​ပေါင်းပါဝင်​ပြီး အား​ပေး​နေကြတာကိုလဲ ပီတိဖြစ်​ဖွယ်​​တွေ့ရပါတယ်​။
အခုပါဝင်​လှုပ်​ရှား​နေကြသူအားလုံးသည်​ မိမိရာထူးတိုး​ရေး၊ မတိုး​ရေးထက်​ တရားမျှတ​သော ​​ကောင်းမွန်​​သော ရလဒ်​တစ်​ခု​ပေါ်ထွက်​လာဖို့ကိုသာ​မျှော်​လင့်​ပါတယ်​။ အ​ကြောင်းတစ်​စုံတစ်​ရာမရှိပဲရာထူးတိုးကျန့်​ကြာမှု​တွေဟာ အခုမှမဟုတ်​.....
ကိုယ့်​ဆရာ/ဆရာမ​တွေလက်​ထက်​၊ စီနီယာ​တွေလက်​ထက်​ထဲကရှိခဲ့ရာမှာ အခု ကိုယ်​​တွေအလှည့်​ထိ​အောင်​​ရောက်​လို့လာခဲ့ပါပြီ။
ဒီ​နေ့၊ဒီအချိန်​မှာ တရားမျှတမှုအတွက်​မ​တောင်းဆိုခဲ့ရင်​ ​နောက်​ဂျူနီယာ​ ညီမ​လေး​မောင်​​လေးများလဲ ဆက်​လက်​ခံစားကြရမှာ မလွဲပါ။
မိမိတို့အဖွဲ့အစည်းအတွင်းဖြစ်​​ပေါ်​နေ​သောမတရားမှုတစ်​ခုအ​ပေါ် သက်​ဆိုင်​သူများသာမက စီနီယာ ဂျူနီယာများကပါ ဝန်းရံနေမှုအ​ပေါ် ​ပေါ်ပင်​လုပ်​သည်​ဟု​ခေါင်းစဉ်​တပ်​လိုပါကလည်းထိုသူ၏ အမြင်​ကျဉ်း​မြောင်းမှုသာဖြစ်​သည်​ဟုယူဆပါသည်​။
မိမိတို့က​တော့ လုပ်​စရာရှိတာကို ဆက်​လက်​လုပ်​​ဆောင်​သွားပါမည်​။
မည်​သည့်​ရလဒ်​ပဲထွက်​​ပေါ်လာသည်​ဖြစ်​​စေ
အားလုံးအတူတကွမျှ​ဝေခံစားသွားပါမည်​။

Sort:  

I know you my friend, and you are awesome, i know that. !! @ronaldmcatee