သမ္မာအာဇီဝ

in #rightful3 years ago

Cryptocurrencies များကို တိုးပွား​အောင် ​လောဘဖြင့် trading လုပ်ခြင်း ယုံကြည်ရသလား မယုံကြည်ရလား မိမိ ​သေချာမသိ​သော

Yield farming ဆိုလား defi ဆိုလား စ​သော project များဖြင့် ​ငွေရှာရခြင်းသည် ပင်ပန်းလှသည်။ ​လောဘဖြင့် လုပ်​ဆောင်​သော

အရာမှန်သမျှသည် စိတ်ကို ပင်ပန်း​စေပါသည်။ မိမိ ပိုက်ဆံများ ဆုံးရှုံးရမည်ကို စိုးရိမ်ရသည် မဟုတ်ပါ​လော။ ဒါ​ပေမယ့် ​လူတိုင်းက

​လောဘနှင့် မကင်းနိုင်ဆိုသလို ၎င်း yield farming များ defi များတွင် မိမိ ဆုံးရှုံးခံနိုင်​လောက်​သော crypto ပမာဏကို ထည့်ထားသည်။

ဆုံးရှုံးခံနိုင်​လောက်​သော ဟူ၍သာ ​ပြောရသည်။ ဆုံးရှုံး​တော့ မခံနိုင်ပါ။ အတိုးအမြတ် လိုချင်၍သာ ဖြစ်သည်။ မိမိ ​ငွေထည့်ထား​သော

Defi yield farming များကို ​ပြောရမယ်ဆိုလျှင် binance smart chain တွင် pancakeswap, jetfuel, bakeryswap,

narwhalswap စသည်တို့တွင် ​ဒေါ်လာ ၂ ဆယ် ၃ ဆယ် ထက် မပို​သော ပမာဏကို ရင်းနှီးထားခြင်း ဖြစ်သည်။ ဘာ​တွေမှန်း​တော့

သိပ်နားမလည်ပါ။ ဆုံးရှုံးနိုင်​ခြေ ရှိသည်ဟု youtube ထဲက video များတွင် ​ပြောသူများရှိသည်။ အတိုးအမြတ်​တွေ ရ​နေသူများလည်း

ရှိသည်။ မိမိလည်း အပါအဝင် ဖြစ်သည်။ ဘာမှ လုပ်စရာ မလို​ပေ။ liquidity mining pair ဝယ်ထားပြီး သူတို့ dex auto exchange ထဲ

ထည့်ထား​ပေးရုံပင်။ သိပ်​တော့ နားမလည်ပါ။ လူ​တွေက အဲဒီ token pair ကို exchange လုပ်ရင် ကိုယ်က ထည့်ထား​သော ​ငွေ၏

percentage ဖြင့် သူတို့က ထုတ်​သော token ကို ရသည်။ pancakeswap ဆိုရင် cake token ​ပေးသည်။ jetfuel ဆိုရင် fuel token

​ပေးသည်။ bakeryswap ဆိုရင် bake token ​ပေးသည်။ narwhalswap က nar token ​ပေးသည်။ cake က လက်ရှိ 0.70 USD,

fuel က 37 USD, bake က 0.50 USD, nar က 0.02 USD ​လောက် ​စျေး​ပေါက်သည်။ အာလုံး binance smart chain ​ပေါ်က

token ​တွေချည်း ဖြစ်သည်။ ethereum chain ​ပေါ်မှာလည်း ထိုသို့​သော project များ ရှိသည်။ သို့​သော် မိမိ မသုံးနိုင်​ပေ။ ethereum

chain ​ပေါ်တွင် transaction တစ်ခု လုပ်မည်ဆိုရင် ယခုလို smart contract transaction ဆိုပါက 5 USD, 6 USD ​လောက်

အနည်းဆုံး ​ပေးရသည်။ တစ်ခါတစ်ရံ transaction ​တွေ များပြီး လိုင်းကျပ်​နေပါက 18 USD, 19 USD နီးနီး ​​ပေးရတတ်သည်။

Defi က ​ပေး​သော အမြတ်​ငွေ မိမိ ရင်းနှီးမည့် ​ငွေပမာဏဖြင့် နှိုင်းရင် မတတ်နိုင်​ပေ။ ဒါ​ကြောင့် bsc chain သို့ ​ပြောင်းရခြင်း ဖြစ်သည်။

​ပြောရင်း​ပြောရင်းဖြင့် ​လောဘ​တွေ တက်လာပြန်ပြီ ထင်သည်။ hive username က buddha.myanmar ဟု ​ပေးထားပြီး ​လောဘ

တက်​​နေရင်​တော့ မတန်ရာ​ပေ။ ​နောက် post များတွင် ထို project များတွင် ဘယ်လို ရင်းနှီးရမည်ကို ​ပြောပြချင်ပါ​သေးသည်။

post ​ခေါင်းစဥ်ကို သမ္မာအာဇီဝဟု တပ်ထားရခြင်းမှာ ဘယ်သူ့ကိုမှ လိမ်၍ ​ငွေရှာခြင်း မဟုတ်၍ ဖြစ်သည်။ မိမိ​ကြောင့် ဘယ်သူမှလည်း

မထိခိုက်​ပေ။ ကံမ​ကောင်းလျှင် မိမိသာ ထိခိုက်နိုင်သည်။ အခုထိ​တော့ defi များတွင် ရင်းနှီးမြုပ်နှံ၍ မိမိ နည်းနည်းမှ မထိခိုက်​သေးပါ။

2 ရက် 3 ရက် တစ်ခါ​လောက် တိုးပွားလာတဲ့ token ​တွေကို harvest ရိတ်သိမ်းလိုက် ကိုယ်က သူတို့​ပေးတဲ့ token ကို မလိုချင်ရင်

​ဥပမာ ​စျေးတက်လာမည်ဟု မထင်ရင် သို့မဟုတ် ​စျေးကျနိုင်သည်ဟုထင်ရင် မိမိက​တော့ dai, usdt စ​သော stable coin များဖြင့်

လဲထားလိုက်သည်။ အဲ​တော့ ​စျေးကျမှာ မပူရ​တော့​ပေ။ ​စျေးကျမှာ မပူရသလို ​စျေးလည်း မတက်နိုင်ဘူး​ပေါ့ဗျာ။ ဆုံးရှုံးနိုင်တယ်

​ပြောတိုင်လည်း ဆုံးရှုံးချင်မှ ဆုံးရှုံးတာဗျ။ ဥပမာ ethereum chain က uniswap ဆိုရင် mega scam, big scam စသည်

သမုတ်ကြ​သော်လည်း ​စျေးက တက်ပြီးရင်း တက်​​နေတာပဲ။ အကြံ​ပေးတာ မဟုတ်ပါဘူး။ မ​သိသေးတဲ့ လူရှိရင် ဗဟုသုတအဖြစ် ​

ပြောပြတာပါ။ ကျွန်​တော်လည်း သိပ်နားလည်တာ မဟုတ်ပါဘူး။ ခုထိ​တော့ ဝင်​ငွေ ရ​နေတုန်းပဲ။ ​ငွေ မရင်းချင်ဘူး ဆိုရင်​တော့

Pi network ဆို​သော cryptocurrency ရှိပါသည်။ သူက အခုမှ early stage တွင် ရှိ​သေးသည်။ exchange စာရင်း

မဝင်​သေး​ပေ။ အခု သူတို့ app ကို install လုပ်ထားရင် Pi များ distribution လုပ်​နေသည်။ အလကားရ​နေတာပါ။ တစ်ရက် တစ်ခါ

app ထဲဝင်ပြီး mine ခလုတ်ကို နှိပ်​ပေးရုံပဲ။ exchange စာရင်း ဝင်သွားပြီ ဆိုရင်​တော့ အခုလို အလကား မရ​တော့ပါဘူး။

ပိုက်ဆံ​ပေး ဝယ်ရမှာပါ။ အလားအလာက​တော့ ​ကောင်းမယ့်ပုံပဲ။ အသုံးပြုသူ​တွေ တဖြည်းဖြည်း များလာတယ်။ pi network app ကို

Download လုပ်ချင်ရင်​တော့

I am sending you 1π! Pi is a new digital currency developed by Stanford PhDs, with over 10 million members worldwide.

To claim your Pi, follow this link https://minepi.com/phyowinkoko and use my username (phyowinkoko) as your invitation code.

Invite code ​နေရာမှာ phyowinkoko လို့ ရိုက်ထည့်​ပေးရင် ကျွန်​တော့်ကို သမ္မာအာဇီဝနဲ့ ​ငွေရှာနိုင်​စေရန် ကူညီရာ​ရောက်ပါတယ်။

အားလုံပဲ ​ကျေးဇူးပါဗျာ။ ​နောက် post ​တွေမှာလည်း သမ္မာအာဇီဝနဲ့ ​ငွေရှာနည်း​တွေ တင်​ပေးသွားပါမယ်။

Sort:  

Congratulations @buddha.myanmar! You received a personal badge!

Happy Hive Birthday! You are on the Hive blockchain for 1 year!

You can view your badges on your board and compare yourself to others in the Ranking

Yay! 🤗
Your post has been boosted with Ecency Points.
Continue earning Points just by using https://ecency.com, every action is rewarded (being online, posting, commenting, reblog, vote and more).

Support Ecency, check our proposal:
Ecency: https://ecency.com/proposals/141
Hivesigner: Vote for Proposal