သတိ

in #steemit6 years ago

လူမှု အဖွဲအစည်း အသီးသီး၌ မိမိနှင့်သက်ဆိုင်ရာတာဝန်များကို ကျေပွန်စွာ ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းတွင်လိုအပ်သော အရာများကို မမေ့ရန်အရေးကြီးပါသည်။ ကျောင်းသူ ကျောင်းသားတို့ သည် ကျောင်းသို့ သွားရာတွင် မိမိနှင်သက်ဆိုင်သော စာအုပ် ပေတံခဲတံ ဘောလ်ပင် စသည့်စာရေးကိရိယာ လိုအပ်သောအရာများကို ယူဆောင်သွားရမည်ဖြစ်သည်။ သို့ မှသာ ဆရာသင်ကြားပို့ ချသော စာတို့ ကို ကောင်းစွာ မှတ်သားနိုင်မည် ဖြစ်သည်။ ထိုသို့  မဟုတ်ပဲ လိုအပ်သောပစ္စည်းများကို တစ်ပါးသူထံက ငှားရမ်းနေပါက တစ်ပါးသူကို အနှောက်အယှက်ပေးသကဲ့သို့  ဖြစ်စေပါသည်။ဆရာဆရာမတို့ သည်လည်း မိမိသင်ကြား
ပို့ ချရမည်သင်ခန်းစာနှင့် ပတ်သတ်၍ ကြို တင်ပြင်ဆင်မှု လက်တွေ့ ပြသရန် လိုအပ်သော သင်ထောက်ကူပစ္စည်းများ စသည်တို့ ကို မမေ့မလျော့ ယူဆောင် လာခြင်းဖြင့် စာသင်ကြားပို့ ချမှုကို ပိုမိုလွယ်ကူ အဆင်ပြေ စွာ သင်ကြားနိုင်မည်ဖြစ်ပါသည်။

IMG_20180502_021310.jpg

Sort:  

This post received a $0.315 (42.57%) upvote from @upvotewhale thanks to @calicabre! For more information, check out my profile!