The book guide

in #steemit8 years ago

image

၉ဦးမြောက်သမ္မတကြီး ဦးထင်ကျော်ရေးသားတဲ့ အဘ ဘ၀၊ အဘအကြောင်း တစေ့တစောင်း
ဒီတစ်ပတ်ရဲ့ Book Review ကဏ္ဍမှာတော့ မြန်မာနိုင်ငံရဲ့ ၉ ဦးမြောက်သမ္မတကြီး ဦးထင်ကျော်ရေးသားခဲ့တဲ့ စာအုပ်တစ်အုပ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
သမ္မတကြီး ဦးထင်ကျော်အနေနဲ့ သူ့ရဲ့ ဖခင် စာရေးဆရာကြီး မင်းသုဝဏ်အကြောင်း ရေးသားခဲ့တာဖြစ်ပြီး စာအုပ်အမည်ကတော့ အဘ ဘ၀၊ အဘအကြောင်း တစေ့တစောင်းဖြစ်ပါတယ်။ ကလောင်အမည် ဒလဘန်းနဲ့ ရေးသားခဲ့တာဖြစ်ပါတယ်။ စာအုပ်ထဲမှာတော့ စာမျက်နှာပေါင်း ၃၀၀ နီးပါး ပါရှိပြီး အခန်းပေါင်း ၃၂ ခန်းပါဝင်ပါတယ်။ စာအုပ်ထဲမှာ ဆရာကြီး မင်းသုဝဏ်ရဲ့ ခေတ်စမ်းကြိုကဗျာတွေအကြောင်း၊ ကဗျာတွေကို ချစ်မြတ်နိုးတဲ့ ဆရာသိပ္ပံမောင်ဝ၊ ဆရာဇော်ဂျီနဲ့ ဆရာမင်းသုဝဏ်တို့ရဲ့ အကြောင်း၊ ဆရာကြီးမင်းသုဝဏ်ရဲ့ လူသိများထင်ရှားတဲ့ “သပြေသီးကောက်”ကဗျာနဲ့ “ဥပုသ်စောင့်” ကဗျာလေးတွေ ပေါ်ပေါက်လာပုံအကြောင်း၊ အဲဒီနောက် ဆရာကြီးမင်းသုဝဏ်ရေးသားခဲ့တဲ့ ဗီးလပ်ကျွန်းဖြစ်ကဗျာတွေနဲ့ အထီးကျန်ကဗျာအကြောင်း၊ ဆရာကြီးရဲ့ ဆရာဖြစ်တဲ့ မြန်မာပညာရှိ ဆရာကြီးဦးလင်းအကြောင်း၊ ဆရာဦးဘချိုက ချီးမွမ်းပုံစတဲ့အကြောင်းအရာတွေကို အသေးစိတ်ဖော်ပြထားတာဖြစ်ပါတယ်။ ဒါအပြင် နောက်ဆုံးမှာတော့ ဆရာကြီး မင်းသုဝဏ် ချန်ထားခဲ့တဲ့ ပညာအမွေတွေအကြောင်းကိုလည်း ဖော်ပြထားပါတယ်။ ဒီစာအုပ်ကို ပထမအကြိမ်အဖြစ် ၂၀၀၉ ခုနှစ်မှာ ပုံနှိပ်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ ဒုတိယအကြိမ်ထပ်မံပုံနှိပ်ခဲ့ပါတယ်။ န၀ဒေးစာပေက ဖြန့်ချိတာဖြစ်ပါတယ်။ တန်ဖိုးကတော့ ၃၅၀၀ ကျပ်ဖြစ်ပါတယ်။